တောင်ကိုရီးယား ရွေးကောက်ပွဲ ပတ်ဂျွန်ဟေး မဲအသာရရှိ

တောင်ကိုရီးယား ရွေးကောက်ပွဲ ပတ်ဂျွန်ဟေး မဲအသာရရှိ

ဆိုးလ် - တောင်ကိုရီးယားနိုင်ငံ၏ သမ္မတရွေးကောက်ပွဲ မဲထည့်ဝင်မှုသည် နိုင်ငံ၏ ပထမဆုံး
အမျိုးသမီး ခေါင်းဆောင်တစ်ဦး ဖြစ်လာရေး အတွက် ကြိုးပမ်းနေသည့် ပတ်ဂျွန်ဟေး ၏
အနည်းငယ် အသာစီးရရှိမှုနှင့်အတူ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ပြီးဆုံး သွားပြီဖြစ်သည်။

ဒေသစံတော်ချိန် ညနေ ၆ နာရီ (ဂရင်းနစ်စံတော်ချိန် နံနက် ၉ နာရီ) မဲရုံ များသိမ်းချိန်၌
တရားဝင်မဟုတ်သေး သောကနဦး အကြမ်းဖျင်း မဲရေတွက်မှု အရ လုပ်ကြံခံခဲ့ရသူ ယခင်
အာဏာရှင် ဟောင်း ပတ်ချွန်ဟီး၏သမီးဖြစ်သူ ပတ်ဂျွန်ဟေးသည် ၅၀ ဒသမ ၁ ရာခိုင်နှုန်း
နှင့် ၎င်း၏ပြိုင်ဘက် လစ်ဘရယ်သမ္မတ လောင်း မွန်းဂျေအင်းက ၄၈ ဒသမ ၉ ရာခိုင်နှုန်း
ရရှိခဲ့ကြသည်။

၁ ဒသမ ၂ ရာခိုင်နှုန်းသော မဲအသာ ရမှုသည် မှားနိုင်ခြေ၊ သို့မဟုတ် ကွာဟမှု သုည
ဒသမ ၈ ရာခိုင်နှုန်းအတွင်းသာ လျှင်ရှိသည်။ ရုပ်သံမှ ကနဦးမဲရလဒ်ကို သိရှိရသော
ပတ်၏ နယူးဖရန်တီးယားပါတီဌာနချုပ် မှ ပါတီဝင်များသည် လက်ခုပ်လက်ဝါး တီးလျက်
ကခုန်ခဲ့ကြသော်လည်း ရွေးကောက်ခံ သမ္မတလောင်းနှစ်ဦး နှစ်ဖက်စလုံးကမူ လက်လျှော့
၀န်ခံခြင်း၊ သို့မဟုတ် အနိုင်ရရှိပြီးဖြစ်ခြင်း စသည် တို့ကို ပြောဆိုကြခြင်းမရှိသေးချေ။

အရိုးကွဲမတတ်ပင် အနုတ် ၁၀ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရာသီဥတုအေးခဲ နေသည့်တိုင်
မဲဆန္ဒလာရောက်ထည့်ဝင် သူသည် ရ၀ ရာခိုင်နှုန်းရှိခဲ့သဖြင့် ၂၀၀၇ ခုနှစ်သမ္မရွေးကောက်ပွဲ
ကာလက ၆၀ ရာခိုင်နှုန်းထက် ကျော်လွန်ခဲ့သည်။

အဆုံး၌ သမ္မတအိမ်ပြာတော်ကို ဆက်ခံနေထိုင်ခွင့်ရရှိသူသည် ရန်စောင် နေသည့်
မြောက်ကိုရီးယားနိုင်ငံနှင့် ဆက်ဆံ ရင်ဆိုင်သွားရမည်လည်း ဖြစ်သည်။ တစ်ကြိမ်တစ်ခါမျှ
လက်ထပ်ဖူးခြင်း မရှိခဲ့သူ အသက် ၆၀ အရွယ် ပတ်ဂျွန် ဟေးသည် မဲအနိုင်ရရှိခဲ့ပါက နိုင်ငံ၏
ပထမဦးဆုံးသော အမျိုးသမီးသမ္မတ တစ်ဦးဖြစ်လာရုံမျှမက ယခင် ခေါင်းဆောင်ဟောင်း
တစ်ဦးနှင့် ပတ်သက် ဆက်နွှယ်သော ပထမဆုံး သမ္မတတစ်ဦးလည်း ဖြစ်လာပေမည်။

ပတ်၏ဖခင်သည် ခေတ်သစ် ကိုရီးယားနိုင်ငံကို နှစ်ခြမ်းကွဲစေသည့် ပုဂ္ဂိုလ်များအနက်
တစ်ဦးအပါအဝင် ဖြစ်ကာ နိုင်ငံကိုဆင်းရဲတွင်းမှ ဆွဲတင်ခဲ့ ခြင်းအတွက် လေးစားခြင်းခံရ
သလိုပင် ၁၈ နှစ်ကြာ စစ်အုပ်ချုပ်မှုအတွင်း အညှာ တာကင်းမဲ့စွာ ဖိနှိပ်ခဲ့သည့်အတွက်
လည်း ဝေဖန်ပုတ်ခတ်ခံရဆဲဖြစ်သည်။

ပတ်ချွန်ဟီးသည် ၁၉၇၉ ခုနှစ်က ၎င်း၏ ထောက်လှမ်းရေးအကြီးအကဲ၏ ပစ်သတ်ခြင်း
ခံခဲ့ရသလိုပင် ပတ်၏မိခင် ဖြစ်သူသည်လည်း ခင်ပွန်းဖြစ်သူအား လုပ်ကြံသတ်ဖြတ်ရန်
ရည်ရွယ်သော မြောက်ကိုရီးယားလိုလားသူ သေနတ်သမားတစ်ဦး၏ လက်ချက်ဖြင့်
ခင်ပွန်း ထက်ငါးနှစ်စော၍ သေဆုံးခဲ့ရသည်။

မြောက်ကိုရီးယားဒုက္ခသည် မိဘ နှစ်ပါး၏သားဖြစ်သူ အသက် ၅၉ နှစ် အရွယ် သမ္မတလောင်း
မွန်းဂျေအင်း သည် လက်ဝဲစွန်းသမ္မတဟောင်း ရိုမူ ဟွန်း၏ အရာရှိချုပ်ဟောင်းတစ်ဦး ဖြစ်ခဲ့ပြီး၊
အာဏာရှင် ပတ်ချွန်ဟီး လက်ထက်က ကန့်ကွက်ဆန္ဒပြခဲ့သဖြင့် တစ်ကြိမ် အကျဉ်းကျ
ခံခဲ့ရဖူးသော လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတစ်ဦး လည်းဖြစ်သည်။

မြောက်ကိုရီးယားနိုင်ငံနှင့် ပြန်လည် စေ့စပ်သင့်မြတ်ရန် သမ္မတလောင်း နှစ်ဦးစလုံးက
ဆန္ဒရှိကြောင်း ပြသခဲ့ကြ သော်လည်း မည်သည့်အခြေအနေမျှ ကြိုတင်ကန့်သတ်ခြင်း
မရှိဘဲ အကူအညီ များပေးလိုသည့် မွန်း၏ပြုမှုထက် ပတ်၏ချဉ်းကပ်မှုသည် ပိုမိုသတိကြီးမား
မှုရှိသည်။

(အေအက်ဖ်ပီ)