'ဂျပန်၏ ပွန်ပီတွင် သံချပ်ကာဝတ်ဆင်ထားသည့် အမျိုးသား ရုပ်ကြွင်းတစ်ခုကို တူးဖော်တွေ့ရှိခဲ့

'ဂျပန်၏ ပွန်ပီတွင် သံချပ်ကာဝတ်ဆင်ထားသည့် အမျိုးသား ရုပ်ကြွင်းတစ်ခုကို တူးဖော်တွေ့ရှိခဲ့

တိုကျို- မြတ်သော အမျိုးနွယ်မှဟု ယူဆရသည့် ပြာပူများဖြင့်ဖုံးအုပ်နေ သည့် သံချပ်ကာ
အကျႌဝတ်ဆင်ထား သည့် ရုပ်ကြွင်းတစ်ခုအား 'ဂျပန်၏ ပွန်ပီ'ဟု အမည်ပေးထားသည့်
ဒေသ၌ တွေ့ရှိခဲ့သည်။

ပုံပန်းမပျက်သည့် ခြောက်ရာစု ခေတ်မှ အမျိုးသားရုပ်ကြွင်းသည် သူ၏စခန်းတွင်းသို့
ချော်ရည်ပူကျောက်တုံး များ စီးလာသည်ကို ရင်ဆိုင်ခဲ့သည့် အနေအထားဖြင့် တွေ့ရကြောင်း
ရှေးဟောင်း သုတေသနပညာရှင်တို့က ရှင်းလင်းပြောကြားခဲ့သည်။

ပုံမှန်အားဖြင့်ဆိုလျှင် ချော်ရည်ပူများ စီးဆင်းလာခြင်းလွတ်ရာသို့ ထွက်ပြေးမှာဖြစ်သော်လည်း
ထိုအမျိုးသားသည် ရင်ဆိုင်လျက် သေဆုံးသွားခဲ့ကြောင်း ဂန်းမ ရှေးဟောင်းသုတေသန
ဖောင်ဒေးရှင်းမှ ရှင်နီချီရိုအိုကီကဆိုသည်။

ထိပ်တန်း အရာရှိပိုင်းကဖြစ်ခဲ့လျှင် ထိုအမျိုးသားသည် ရှိခိုးနေသလား၊ သို့မဟုတ် မီးတောင်
ဘက်သို့ရပ်ပြီး တစ်ခုခုလုပ်မည့် ပုံသဏ္ဌာန်ပေါ်နေ ကြောင်း အိုကီက ဒီဇင်ဘာလ ၁၇ ရက်
တွင် ပြောကြားခဲ့သည်။

ဤရုပ်ကြွင်းနှင့်အတူ ကလေးငယ် တစ်ဦး၏ ဦးခေါင်းခွံအစိတ်အပိုင်း တစ်ခုကို ဂန်းမ စီရင်စုရှိ
ကာနိုင်း ဟီဂါရှီရူယာတူးဖော်သည့် နေရာ၌ တွေ့ရှိခဲ့သည်။

ထိုနေရာသည် တိုကျို မြို့အနောက်မြောက်ဘက် မိုင် ၂၀ အကွာ ဟာရူနာမီးတောင်ရှိရာဒေသ
၌ ဖြစ်သည်။

ဤရုပ်ကြွင်းတွေ့ရှိသည့်နေရာကို စိတ်ပါ၀င်စားသူများက ဂျပန်၏ ပွန်ပီ ဟုခေါ်ဆိုကြသည်။
အေဒီ ရ၉ ခုနှစ်က ဗီဆူးဗီးယပ်စ် မီးတောင်ပေါက်ကွဲခဲ့ သဖြင့် ပျောက်ကွယ်ခဲ့သည့် ရိုမန်မြို့ကို
ညွှန်းခြင်းဖြစ်သည်။

ယခု အီတလီနိုင်ငံ နေပယ်လ်မြို့အနီး၌ ရှိသည်။ ထိုရုပ်ကြွင်းသည် သံပြားအသေးများ ကို
သေးသွယ်သည့် သားရေစလေးများဖြင့် ချုပ်လုပ်ထားပြီး ကိုရီးယားကျွန်းဆွယ်မှရရှိလာသည့်
နည်းပညာ တစ်ခုဟု ထင်မှတ်ရသည်။

ငါးရာစု ကုန်ခါနီး မြင်းစီးသည့်အလေ့အထ ဖြစ်လာပြီးနောက် ဂျပန်သို့ ရောက်လာ ခြင်း
ဖြစ်ဖွယ်ရှိသည်။ သံချပ်ကာအကျႌ မှာ ထိုခေတ်အချိန်က သုံးလေ့ရှိသည့် သံပြားတစ်ချပ်
တည်းသုံးသည့် ပုံစံထက် ခေတ်မီကြောင်း အိုကီကဆိုသည်။

ဤသံချပ်ကာအကျႌဝတ်ထားသူမှာ ဒေသခေါင်းဆောင်ကဲ့သို့ အဆင့်မြင့် ရာထူးရှိသူဖြစ်နိုင်
ကြောင်း၊ ဤဒေသ တွင်းရှိ ရှေးဟောင်းသချႋုင်းများထဲမှ ရုပ်ကလာပ်များနှင့် ဆက်နွှယ်မှု ရှိ
မရှိ ကို စစ်ဆေးသုံးသပ်မှုများ လုပ်ဦးမည် ဖြစ်ကြောင်း အိုကီကပြောသည်။

ရှေးဟောင်းသုတေသန ပညာရှင် များသည် အရိုးစုများကို စစ်ဆေးပြီး အမျိုးသားနှင့် ကလေး
ဆွေမျိုးဆက်စပ် ခြင်းရှိမရှိ စစ်ဆေးဦးမည်ဖြစ်ကြောင်း၊ ဖြစ်နိုင်ပါက သူတို့၏ ဒီအင်န်အေကို
လေ့လာလိုကြောင်း၊ သူတို့နှစ်ဦး ဆွေမျိုး တော်စပ်ကြသလား၊ မည်သည့် အကြောင်းနှင့်
မည်ကဲ့သို့ ထိုနေရာမှာ သေဆုံးကြသလဲဆိုသည့် မေးခွန်းများကို အဖြေရှာလိုကြောင်း
အိုကီကပြောသည်။

(အေအက်ဖ်ပီ)