ကိုပင်ဟေဂင်- ဒိန်းမတ်လူမျိုး သုတေသီ တစ်ဦးသည် ဒိန်းမတ်နိုင်ငံ၏ အမျိုးသား ပြတိုက်
အတွင်း၌ ဟန်းစ်ခရစ္စတီယန် အန်ဒါဆင် ပထမဆုံးနတ်သမီးပုံပြင် တစ်ပုဒ်ကို မတော်တဆ
တွေ့ရှိခဲ့သည်။
'၀ါဆိုဖယောင်းတိုင်'ဟု အမည်တွင် သော အဆိုပါပုံပြင်တွင်း၌ ကမ္ဘာပေါ် တွင် နေရာ
မရရှိနေသော ဖယောင်းတိုင် ကြီးတစ်တိုင်အကြောင်းနှင့် အဆိုပါ ဖယောင်းတိုင်ကြီးသည်
မီးခြစ်ဘူး တစ်ဘူးက ၎င်း၏အသုံးတည့်မှုကို သိမြင်ပြီး ၎င်း၏မီးစာကြိုးအား မီးငြိှလိုက်
သောအခါမှ မိမိ၏ တန်ဖိုးအမှန်ကို သိရှိသွားသည့်အကြောင်း ရေးသားထား ခြင်းဖြစ်သည်။
အဆိုပါ အမျိုးသားပြတိုက်ဒါရိုက်တာ လူကြီးဖြစ်သူ မက်ဒ် ပီတာ ခရစ္စတန်ဆင်း က ပြတိုက်
၀န်ထမ်းများအား ယင်း သုတေသီက ၎င်း၏တွေ့ရှိမှုအကြောင်း ကို ဗုဒ္ဓဟူးနေ့တွင် ဖွင့်ဟ
ပြောကြားခဲ့ ခြင်းဖြစ်ကြောင်း The Politiken နေ့စဉ် သတင်းစာအား ပြောကြားခဲ့သည်။
အန်ဒါဆင် နောင်တွင်ရေးသားခဲ့ သော နတ်သမီးပုံပြင်များကဲ့သို့ ချောမော ပြေပြစ်ခြင်း
မရှိသော အဆိုပါပုံပြင်အား စာရေးသူသည် ကျောင်းသားငယ်ဘဝ က ရေးသားခဲ့ခြင်း
ဖြစ်ဟန်တူသည်ဟု ယူဆခဲ့ကြသည်။
ယခုတွေ့ရှိမှုသည် ဟိုးလေးတကျော် အဖြစ်အပျက်တစ်စုံတစ်ခု ဖြစ်ကြောင်း အိုဒင့်စ်စီးတီး
ပြတိုက်မှ Ejnar Stig Askgaard နှင့် ဟန်းစ်ခရစ္စတီယန် အန်ဒါဆင်၏ စာပေများတွင်
ကျွမ်းကျင် သူများတွင်းမှ ပုဂ္ဂိုလ်တစ်ဦးက Politiken သတင်းစာအား ပြောကြားသည်။
ယင်းသို့ ဟိုးလေးတကျော်ဖြစ်ရခြင်းမှာ ၎င်းသည် ဟန်းစ်ခရစ္စတီယန် အန်ဒါဆင်၏ ပထမဆုံး
နတ်သမီးပုံပြင် ဖြစ်ခြင်းကြောင့် တစ်ကြောင်းနှင့် အန်ဒါဆင်သည် ကလေးငယ်ဘဝ စာရေး
ဆရာမဖြစ်သေးမီကပင် နတ်သမီးပုံပြင် များတွင် စိတ်ပါ၀င်စားကြောင်း ပေါ်လွင် ထင်ရှား
စေသောကြောင့်တစ်ကြောင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ဖြေကြားသည်။
ယခုတွေ့ရှိခဲ့သောစာမူအား အဝါရောင်သန်းနေပြီဖြစ်သော စက္ကူ ပေါ်တွင် မင်ဖြင့်ရေးသား
ခဲ့ကြောင်း တွေ့ရသည်။ စာမူကို မူရင်းမှကူးယူထားခြင်းဖြစ်ပြီး စာမူကူးခြင်းကို
'မဒမ်ဘန့်ခ်ဖလော့ဒ်'၏ မိသားစုဝင်တစ်ဦးက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါပုံပြင်ကို
မဒမ်ဖလော့ဒ်အား ရည်ညွှန်းရေးသားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
(အေအက်ဖ်ပီ)
















