သေနတ်သမားမိခင် ပဟေဠိဆန်သည့် နန်စီလန်ဇာ

သေနတ်သမားမိခင် ပဟေဠိဆန်သည့် နန်စီလန်ဇာ

နယူးယော့ခ် - စိတ်ရှုပ်ထွေးဖွယ် အငြင်းပွားစရာများနှင့် ပြည့်နှက်နေသည့် စန္ဒီဟွတ်
မူလတန်းကျောင်း ပစ်ခတ်မှု၌ သေနတ်သမားအဒမ်လန်ဇာ၏ မိခင်ဖြစ်သူသည် နားမလည်နိုင်
စရာ အမျိုးသမီးတစ်ဦးဖြစ်သည်။

သို့ရာတွင် သားဖြစ်သူနှင့်ပတ်သက်၍ သူ၏ လျှို့ဝှက်ချက်များသည်လည်း သားဖြစ်သူ၏
လက်ချက်ဖြင့်ပင် ဦးခေါင်း သေနတ်ထိမှန် သေဆုံးခဲ့ရစဉ်၌ ထာဝရ ပျောက်ကွယ်သွားပြီဖြစ်
သည်။

ကွန်နက်တီကတ်ပြည်နယ်၊ နယူး တောင်းမြို့ ပစ်ခတ်မှုနှင့် စပ်လျဉ်းသော သတင်းဖော်ပြချက်
များတွင် နန်စီလန် ဇာ၏အခန်းကဏ္ဍသည် အရေးမပါသည့် အလားရှိခဲ့သည်။

သမ္မတအိုဘားမား၊ သို့မဟုတ် အခြားသော သာမန်လူတစ်ဦး ဦး၏ ၀မ်းနည်းစကားပြောကြား
သည့် အခါများတွင် မူလတန်းကျောင်းလေး အတွင်း ပစ်သတ်ခံခဲ့ရသော ကလေးငယ် ၂၀ နှင့်
၀န်ထမ်းခြောက်ဦးတို့ အကြောင်း ကိုသာ အထူးတလည် ပြောဆိုသွား ကြသည်။

နန်စီလန်ဇာဆိုသည်မှာ မရှိ လေသယောင်ဖြစ်ခဲ့ရသည်။ စင်စစ်တွင်မူ ဒီဇင်ဘာလ ၁၄ ရက်နေ
့ဖြစ်ရပ်၌ ပထမဆုံး ပစ်သတ်ခံရသူမှာ နန်စီလန်ဇာပင်ဖြစ်သည်။

၎င်းသည် ၎င်းပိုင်ခြံဝင်းအတွင်း ၎င်းပိုင်သေနတ်များထဲမှတစ်လက်ဖြင့် ၎င်း၏အသက် ၂၀
အရွယ် သားအရင်း၏ သတ်ဖြတ်မှုကို ခံခဲ့ရခြင်းဖြစ်သည်။

ဖြစ်ရပ်ဆိုးကြီးနှင့်စပ်လျဉ်း၍ ကောလာဟလများစွာနှင့် မခိုင်လုံ သည့် သတင်းဖော်ပြချက်
များစွာအနက် နန်စီ၏ ထူးဆန်းသည့် ဘဝပုံလွှာကို နှစ်မျိုးနှစ်စား ဖော်ပြထားချက်တစ်ခု ကို
တွေ့ရသည်။

နန်စီ၏ ဘဝပုံလွှာတစ်ခုသည် ဆင်ခြေဖုံးဒေသနေ သာမန်မိခင်တစ်ဦး ဖြစ်ကာ အခြား
တစ်ဖက်တွင်လည်း ၎င်း သည် ၎င်း၏အိမ်ကြီးရခိုင်တွင် လူသတ် လက်နက်များကို သိမ်း
ဆည်းထားသူ တစ်ဦးဖြစ်နေသည်။

သို့ရာတွင် ၎င်းသည် အခြားအမေရိ ကန်များစွာတို့ကဲ့သို့ပင် သေနတ်များကို ခုံမင်သည့်
သားချစ်မိခင်တစ်ဦးဖြစ်ပြီး တစ်ဘဝလုံးပေး၍ ချစ်ခင်ရသည့် ငယ်ရွယ်သောသားဖြစ်သူ၏
သတ်ဖြတ် ခြင်းကို ခံခဲ့ရသည်။

ပစ်ခတ်မှုပြီးပြီးချင်း သတင်းများတွင် နန်စီသည် အဆိုပါကျောင်းမှ ဆရာမ တစ်ဦးဟု မှားယွင်း
ဖော်ပြခဲ့ကြသည်။

အမှန်တကယ်၌ သူနှင့်သားဖြစ်သူ နှစ်ဦးစလုံးတို့သည် အဆိုပါကျောင်းနှင့် လားလားမျှ
သက်ဆိုင်သူများမဟုတ်ဟု အာဏာပိုင်များက ဆိုကြသည်။

၎င်းသည် ဂျီအီးကက်ပီတယ်မှ အမှု ဆောင်တစ်ဦးနှင့် ကွာရှင်းထားသူ တစ်ဦးဖြစ်ကာ
နယူးတောင်းမြို့ လူကုံထံ ရပ်ကွက်ရှိ လုံးချင်းအိမ်တစ်လုံးတွင် နေထိုင်ခဲ့သည်။

ယင်းနောက် ၎င်းတွင် ရိုင်ဖယ်သေနတ်တစ်လက်နှင့် ဆီမီး အော်တိုမက်တစ် ပစ္စတိုနှစ်လက်ကို
ပိုင်ဆိုင်ခဲ့သည်။

နန်စီသည် နိုင်ငံစီးပွားပျက်၍လူမှုရေး မတည်ငြိမ်မှုဖြစ်လာလျှင် ကိုယ့်ကိုယ် ကိုယ်ကာကွယ်ရန်
ပြင်ဆင်နေသူတစ်ဦး ဖြစ်ခဲ့ကြောင်း နန်စီ၏ယောက်မဖြစ်သူ မာရှာလန်ဇာက ရုပ်သံတွေ့ဆုံ
မေးမြန်း ခန်းတစ်ခုတွင် ပြောကြားခဲ့သည်။

သို့ရာတွင် ၎င်း၏ အခြားသူငယ်ချင်း များကမူ နန်စီသည် မျက်ကန်းသေနတ် ရူးတစ်ဦးမဟုတ်
ဘဲ သေနတ်ပစ်ဝါသနာ ပါသော နူးည့ံသိမ်မွေ့သူ တစ်ဦးသာလျှင် ဖြစ်ကာ ရှက်တတ်သော
သားဖြစ်သူ အဒမ်ကို သေနတ်ပစ်သင်ယူစေသည့် မိခင်တစ်ဦးသာဖြစ်ကြောင်း ဆိုခဲ့ကြသည်။

အဒမ်သည် အသက် ၂၄ နှစ် အရွယ် အခွန်ကျွမ်းကျင်သူတစ်ဦးဖြစ် သော အစ်ကိုဖြစ်သူနှင့်
မတူဘဲ မိခင်နှင့် အတူပင်နေထိုင်ခဲ့သည်။

"နန်စီဟာ သူ့သားငယ်ကို ကျောင်း ထားရင်းနဲ့ပဲ အိမ်မှာ ခြေချုပ်မိနေခဲ့ရ တာပါ" ဟု မာရှာ
လန်ဇာကပြောကာ အဒမ်ကိုလည်း အလွန်ဉာဏ်ကောင်း သူတစ်ဦးဖြစ်ကြောင်း ဆိုခဲ့သည်။

(အေအက်ဖ်ပီ)