ဆပ်ကပ်ဆင် နှစ်ကောင်မီးဘေး မှ ကယ်ဆယ်ရ

ဆပ်ကပ်ဆင် နှစ်ကောင်မီးဘေး မှ ကယ်ဆယ်ရ

မော်စကို- ဆိုက်ဘေးရီးယားရှိ အဝေးပြေးလမ်းမတစ်ခုပေါ်တွင် နယ် လှည့်ဖျော်ဖြေရန် ခရီး
ထွက်လာသော ဆပ်ကပ်အဖွဲ့တစ်ဖွဲ့၏ ထရပ်ကား မီးလောင်မှုဖြစ်ပွား၍ ထိုကားပေါ်ရှိ ဆင်
နှစ်ကောင်ကို ကယ်ဆယ်ရေးအဖွဲ့ များက ကယ်ဆယ်ခဲ့ရသည်ဟု သိရသည်။

ဆိုက်ဘေးရီးယား နိုဗိုစီဗစ်ဒေသရှိ နိုဗိုကူဇ်နပ်မြို့နှင့် အုမ်းမြို့တို့ကို ဆက်သွယ်ထားသော မိုင်
၆၂၀ ခန့် ဝေးသည့် အဝေးပြေးလမ်းမပေါ်တွင် ပိုလန် နယ်လှည့်ဆပ်ကပ်အဖွဲ့၏ ထရပ်ကား
မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

ကားပေါ်ရှိ ဓာတ်ဆီသုံး အပူပေး စက်မှ စတင်မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်ဟု ရဲများကဆို
သည်။

ယင်း ဆင်နှစ်ကောင်ကို ရဲစခန်းရှိ ဂိုဒေါင် တွင် ခေတ္တထိန်းသိမ်းထားပြီး ဒေသရှိ အပူချိန်မှာ
အနုတ် ၃၅ ဒီဂရီ စင်တီဂရိတ် ရှိ၍ ရဲများနှင့် ဆပ်ကပ်အဖွဲ့မှ ဆင်ထိန်း များက ဆင်များကို
လိမ်းဆေးများပေးထားပြီး ဗော်လ်ကာအရက်ကို ရေရော ပြီး ဆင်များကိုတိုက်ကျွေးထား
ကြောင်း သိရသည်။

(အေအက်ဖ်ပီ)