လူများ အသက်ပိုရှည်လာကြသော်လည်း ကျန်းမာရေး ပိုမိုကောင်းမွန်လာခြင်း မရှိဟုဆို

လူများ အသက်ပိုရှည်လာကြသော်လည်း ကျန်းမာရေး ပိုမိုကောင်းမွန်လာခြင်း မရှိဟုဆို

ပါရီ- လူများသည် ၁၉၇၀ ပြည့်နှစ် ကာလကထက် ယခုအချိန်တွင် ဆယ်နှစ်ကျော်ပို၍
အသက်ရှင်နေထိုင် လျက်ရှိကြသော်ငြားလည်း ၎င်းတို့သည် ယင်းအပိုရရှိသည့် နှစ်ကာလများ
ကို ကင်ဆာကဲ့သို့သော ရောဂါများကို ခုခံ တိုက်ခိုက်ရင်း အသက်ရှင်နေကြရခြင်း ဖြစ်ကြောင်း
ဒီဇင်ဘာလ ၁၃ ရက် နေ့တွင်ထုတ်ဝေသည့် ကျန်းမာရေး လေ့လာဆွေးနွေးမှု စာစောင်တစ်ခု
က ထုတ်ဖော်ရေးသားလိုက်သည်။

၂၀၁၀ ပြည့်နှစ်သို့ရောက်သော အခါ ယောကျ်ားတစ်ဦး၏ မွေးဖွားစ ကာလမှ သေဆုံးသည့်
ကာလတိုင် အသက်ရှင်နေထိုင်ရန် မျှော်လင့်ချက် သက်တမ်းသည် နှစ်ပေါင်း ၁၁ ဒသမ ၁
တိုးတက်လာပြီး မိန်းမသားတစ်ဦး၏ အသက်ရှင်နေထိုင်ရန် မျှော်လင့်ချက် သက်တမ်းသည်
နှစ်ပေါင်း ၁၂ ဒသမ ၁ တိုးတက်လာသည်ဟု Lancet ဆေးပညာဂျာနယ် ထုတ်ဝေသည့်
လေ့လာချက်စာစောင်ခုနစ်စောင်တွဲက ရေးသားဖော်ပြလိုက်သည်။

သို့သော် ကျွန်ုပ်တို့ အသက်ပိုမို ရှည်ကြာစွာ နေထိုင်လာရသည်နှင့်အမျှ ကျွန်ုပ်တို့ အသက်၏
ကြီးမားသော အစိတ်အပိုင်းမှာ ကူးစက်ရောဂါမဟုတ် သော ကင်ဆာနှင့် နှလုံးရောဂါကဲ့သို့
သော ရောဂါဆိုးများ ဖိစီးမှုဖြင့် ဒုက္ခခံစားခဲ့ကြရသည့်အပြင် အဆိုပါ ရောဂါ ဘေးသင့်သေဆုံး
သူများ နေ့စဉ်နှင့်အမျှ တိုးတက်များပြားလာကြောင်း တွေ့ရှိ ရသည်။

"ပြီးခဲ့သည့်နှစ် ၂၀ အတွင်း ကျွန်ုပ် တို့သည် ကမ္ဘာ့လူသားများ၏ အသက် ရှင်နေထိုင်ရန်
မျှော်လင့်ချက်သက်တမ်း ကို ငါးနှစ်တာတိုးမြှင့်ပေးနိုင်ခဲ့သော် ငြားလည်း ကျန်းမာစွာ
အသက်ရှင် နေထိုင်နိုင်ရေး မျှော်လင့်ချက်သက်တမ်း ကို လေးနှစ်တာထိသာ တိုးမြှင့်ပေးနိုင်
ခဲ့သည်"ဟု ယခုလေ့လာရေးတွင် ပါ၀င်လုပ်ဆောင်ခဲ့သည့် အဖွဲ့ဝင်ဖြစ်သူ ဟားဗတ်တက္ကသိုလ်
ပြည်သူ့ကျန်းမာရေးကောလိပ်မှ Josh Salomon က အေအက်ဖ်ပီသို့ အီးမေးလ်ဖြင့် ပြောကြား
ခဲ့သည်။

အဆိုပါ လေ့လာရေးလုပ်ဆောင်မှု သို့ ပူးပေါင်းကူညီခဲ့သူများက ကျန်းမာ ရေးမူဝါဒပစ်မှတ်ကို
လူတို့အား အသက် ရှည်စွာ နေထိုင်နိုင်ရန် ကူညီအားပေး ရာမှ ၎င်းတို့အားကျန်းမာစွာ
အသက်ရှင် နေထိုင်နိုင်ရေးအတွက်ပါ ကူညီစောင့် ရှောက်ရေးသို့ အာရုံပြောင်းလုပ်ဆောင်
ရန် မေတ္တာရပ်ခံလိုက်သည်။

"ကျန်းမာစွာ နေထိုင်နိုင်ရေးဟာ သေဘေးက လွတ်ကင်းရေးထက် ပိုမို အရေးပါသော
အရာဖြစ်သည်"ဟု ကွင်းစလန်းတက္ကသိုလ်၏ နိုင်ငံတွင်း နေထိုင်သူများ ကျန်းမာရေး
ကောလိပ်မှ သုတေသီများဖြစ်သော အလန်လို ပက်စ်နှင့် သီယိုဗို့စ်တို့က ပူးတွဲကြေညာ
ချက်တစ်ရပ် ထုတ်ပြန်၍ ပြောကြား လိုက်သည်။

ဤ Magnum Opus ခေါ် အဆင့် မြင့် အသက်ရှင်ကျန်းမာရေးလေ့လာ ချက်တွင် နိုင်ငံပေါင်း
၁၈၇ နိုင်ငံမှ သေဆုံးပြီးသူများအား ခွဲစိတ်လေ့လာ ချက်အစီရင်ခံစာများ၊ ဆေးရုံတွင်း
မှတ်တမ်းများ၊ သန်းခေါင်စာရင်း မှတ်တမ်းများ၊ မတော်တဆ ထိခိုက်ရှနာမှု မှတ်တမ်းများနှင့်
တက္ကသိုလ်သုတေသန စာတမ်းများကို ပေါင်းရုံးစုစည်း၍ နိုင်ငံပေါင်း ၅၀ မှ စာတမ်းပြုစု
လေ့လာသူ ပညာရှင် ၅၀၀ က သုတေသနပြု ရေးသား ထားမှုများ ပါ၀င်ပေသည်။

အာဖရိကတိုက် ဆာဟာရဒေသ အောက်ပိုင်းမှအပဖြစ်သော ယခု လေ့လာမှုသည် အစဉ်
အလာအရ လူသားတို့အား ဖိစီးနှိပ်စက်ခဲ့သည်။

အာဟာရချို့တဲ့မှု၊ ကူးစက်ရောဂါဖိစီးမှု နှင့် သားဖွားမှုနှင့်ဆက်စပ်သည့် ငယ်ရွယ်သူ လူငယ်
ပိုင်းအား ထာဝစဉ် လိုလို ငယ်ငယ်ရွယ်ရွယ်နှင့် ဘဝဆုံးရှုံး စေခဲ့သော ရောဂါများဘက်မှ
ကင်ဆာ၊ နှလုံးရောဂါနှင့် ဆီးချိုရောဂါကဲ့သို့သော လူတို့ကို နှစ်ရှည်လများ ဖိစီးနှိပ်စက်
တတ်သည့် ရောဂါများဘက်သို့ ပြောင်း ရွှေ့ အာရုံစိုက်ခဲ့ကြခြင်းဖြစ်သည်။

အဆိုပါ လေ့လာမှုက ၂၀၁၀ ပြည့်နှစ် တွင် သေဆုံးသူသုံးဦးအနက် ကင်ဆာ၊ ဆီးချိုနှင့်
နှလုံးရောဂါကဲ့သို့သော ကူးစက်ရောဂါမဟုတ်သည့် ရောဂါများ ကြောင့် နှစ်ဦးသေဆုံးခဲ့
ကြရကြောင်း ဖော်ပြခဲ့ပြီး ၎င်းမှာ ၁၉၉၀ ပြည့်နှစ်က အဆိုပါသေဆုံးမှုမျိုးများ၏ နှစ်ဆထိ
တိုးတက်များပြားလာခြင်း ဖြစ်သည်။

(အေအက်ဖ်ပီ)