ကရာချိ- ပါကစ္စတန်နိုင်ငံ တစ်နိုင်ငံလုံး အနှံ့ ပိုလီယိုကာကွယ်ဆေးထိုးရန် လှုံ့ဆော်လှုပ်ရှားမှု
စတင်ရာတွင် သေနတ်သမားများသည် ကျန်းမာရေး ၀န်ထမ်းခြောက်ဦးကို ပစ်သတ် လိုက်
ကြောင်း တာဝန်ရှိသူများက ပြောသည်။
ဤဖြစ်ရပ်သည် ယင်း လှုပ်ရှားမှုကို တာလီဘန်တို့က ဆန့်ကျင် ကြောင်း မီးမောင်းထိုးပြ
လိုက်ခြင်း ဖြစ်သည်။
ဒေသခံအစိုးရနှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် စီမံကိန်းတွင် အလုပ်
လုပ်နေသော လူ တစ်ယောက်သည် ကရာချိမြို့တွင် အသတ်ခံရပြီး နောက်တစ်နေ့ ဒီဇင်ဘာ
လ ၁၈ ရက်နေ့က အမျိုးသမီးလေးဦး ထိုမြို့တွင် အသတ်ခံရခြင်းဖြစ်သည်ဟု ရဲကပြောသည်။
ဇွန်လက ပိုလီယိုကာကွယ်ဆေးထိုး ခြင်းကို ပိတ်ပင်တားမြစ်ရန် အမိန့်ပေးသည့် တာလီဘန်
နှင့် အခြားစစ်သွေးကြွများ ကွန်းခိုရာ လူမျိုးနွယ်စုနေရာများနှင့် ကပ်လျက်ရှိသော အနောက်
မြောက်ပိုင်းမြို့ ပက်ရှ်ဝါတွင်အင်္ဂါနေ့က ခြောက်ယောက်မြောက်ဝန်ထမ်းဖြစ်သော အမျိုးသမီး
အသတ်ခံရသည်။
ကရာချိမြို့တော်ရှိ ဆင်းပြည်နယ် အတွက် ကျန်းမာရေးဝန်ကြီး ဆက် ဟီရာ အာမက်က
ကမ္ဘာ့ကျန်းမာရေး အဖွဲ့နှင့် ယူနီဆက်ဖ်က ရှုတ်ချသည့် တိုက်ခိုက် မှုများဖြစ်ပြီးနောက်
ကရာချိ တွင် ပိုလီယိုတိုက်ဖျက်ရေး လှုံ့ဆော်လှုပ်ရှားမှုကို ရပ်ရန် အမိန့်ပေးခဲ့ကြောင်း
ပြောကြားခဲ့သည်။
(အေအက်ဖ်ပီ)
















