နယူးယော့ခ် - ၂၀၁၂ ခုနှစ်အတွင်း သတင်းရယူရင်း အသတ်ခံရသော သတင်းထောက်
အရေအတွက်မှာ ယခု အချိန်ထိ ၆၇ ဦးထက်မနည်း သေဆုံး ခဲ့ပြီး ကမ္ဘာတစ်ဝန်း၌
သတင်းထောက် အသတ်ခံရမှု အများဆုံးနှစ်များထဲမှ နှစ်တစ်နှစ်ဖြစ်ကြောင်း အမေရိကန်
အခြေစိုက် သတင်းမီဒီယာ အခွင့်အရေး အုပ်စုက ဒီဇင်ဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့
သည်။
သေဆုံးသည့် သတင်းထောက်အရေ အတွက်မှာ ပြီးခဲ့သည့်နှစ်ကစပြီး ၄၂ ရာခိုင်နှုန်း
တိုးလာကာ အများစုမှာ ဆီးရီးယားပဋိပက္ခ၊ ဆိုမာလီယာ၊ ပါကစ္စ တန်နိုင်ငံနှင့် ဘရာဇီးလ်
နိုင်ငံတို့တွင် အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု နယူးယော့ခ်အခြေစိုက် သတင်းထောက်များ
ကာကွယ်ရေးကော်မတီ (CPJ) က ပြောကြားခဲ့သည်။
သတင်းထောက်အများဆုံး အသတ် ခံခဲ့ရသည့်နှစ်မှာ ၂၀၀၉ ခုနှစ်ဖြစ်ပြီး စုစုပေါင်း ရ၄
ဦးသေဆုံးခဲ့သည်။ ၎င်းတို့ထဲမှ ထက်ဝက်ခန့်မှာ ဖိလစ်ပိုင် နိုင်ငံ မာဂွင်ဒါနာအိုပြည်နယ်၌
ဖြစ်ပွားသော အစုလိုက်အပြံုလိုက် သတ်ဖြတ်မှုတွင် အသတ်ခံခဲ့ရခြင်းဖြစ်ကြောင်း
ကော်မတီက ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ်တွင် ဆီးရီးယားနိုင်ငံ၌ သတင်းထောက်အများဆုံး သေဆုံး ခဲ့သည်။ အစိုးရနှင့်
အတိုက်အခံတပ်ဖွဲ့ များ၏ ပစ်မှတ်ထား သတ်ဖြတ်မှုများ၊ သို့မဟုတ် တိုက်ပွဲများအတွင်း
သတင်း ထောက် ၂၈ ဦး သေဆုံးခဲ့ကြောင်း ကော်မတီက ပြောကြားခဲ့သည်။
၂၀၁၂ ခုနှစ်အတွင်း သေဆုံးသော နောက်ထပ်သတင်းထောက် ၃၀ သည် လည်း သတင်း
လိုက်ရင်း သေဆုံးခြင်း ဟုတ်-မဟုတ် CPJ က စုံစမ်းစစ်ဆေး လျက်ရှိသည်။
ကမ္ဘာတစ်ဝန်း အသတ်ခံရသည့် သတင်းထောက်များ၏ ၉၄ ရာခိုင်နှုန်းမှာ ၎င်းတို့နိုင်ငံ၏
သတင်းများကို ရေးသား နေသော ပြည်တွင်းသတင်းထောက်များဖြစ်သည်။
ယင်းပမာဏမှာ ယခင် ကိန်းဂဏန်းများနှင့် အကြမ်းအားဖြင့် တူညီနေသည်။
အခြားအဖွဲ့အစည်း တစ်ခုဖြစ်သော ပြင်သစ်အခြေစိုက် သတင်းမီဒီယာ အခွင့်အရေး အုပ်စု
တစ်စုဖြစ်သည့် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က ၂၀၁၂ ခုနှစ်တွင်
သတင်းထောက် ၈၈ ဦး အသတ်ခံခဲ့ရသည်ဟု ဒီဇင်ဘာလ ၁၈ ရက်နေ့ကပြောကြား ခဲ့
သည်။
ထိုအဖွဲ့က လည်း CPJ နည်းတူ ဆီးရီးယား၊ ဆိုမာလီယာနှင့် ပါကစ္စတန် နိုင်ငံတို့သည်
သတင်းမီဒီယာသမားများ အတွက် အန္တရာယ်အများဆုံး နေရာ များဖြစ်သည်ဟုဆိုသည်။
၁၉၉၅ ခုနှစ်ကတည်းက နှစ်စဉ် ကောက်ခံရယူခဲ့သော သေဆုံးသည့် အရေအတွက် စာရင်း
များတွင် ယခုနှစ် သည် အများဆုံးဖြစ်ကြောင်း RSF က ပြောကြားခဲ့သည်။
(အေအက်ဖ်ပီ)

















