ကန့်ကွက်မှုများကြားမှ အီဂျစ်အခြေခံဥပဒေသစ်ကို အတည်ပြုခဲ့

ကန့်ကွက်မှုများကြားမှ အီဂျစ်အခြေခံဥပဒေသစ်ကို အတည်ပြုခဲ့

ကိုင်ရို - မဲမသမာမှုများရှိသည် ဟူသော အတိုက်အခံများဘက်မှ စွပ်စွဲချက်များကို ပယ်ချ
လျက် အစ္စလမ္မစ် ကျောထောက်နောက်ခံရှိသည့် အငြင်း ပွားဖွယ် အခြေခံဖွဲ့စည်းပုံဥပဒေသစ်
တစ်ခုကို ၆၄ ရာခိုင်နှုန်းသောမဲဆန္ဒဖြင့် အီဂျစ် ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာလ ၂၅
ရက်နေ့တွင် အတည် ပြုလိုက်ပြီဖြစ်သည်။

ပြည်လုံးကျွတ်ဆန္ဒခံယူမှု နှစ်ဆင့်ဖြင့် လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း ဆန္ဒခံယူမှု
နောက်ဆုံးကောက်ယူမှု အပြီး မဆိုင်းမတွပင် သမ္မတ မိုဟာမက် မော်စီ၏ မွတ်စလင်
ညီနောင်များက အဆိုပါတရားဝင်ရလဒ်များကို ကိန်း ဂဏန်းများဖြင့် ထုတ်ပြန်ခဲ့သည်။

"ဒီလူထုဆန္ဒကောက်ယူမှု ရလဒ်မှာ ဘယ်သူမှ ရှုံးနိမ့်သူရယ်လို့ မရှိပါဘူး။ ဒီဖွဲ့စည်းပုံ
အခြေခံဥပဒေဟာ ကျွန်တော် တို့အားလုံးအတွက်ပါ" ဟု ၀န်ကြီးချုပ် ဟစ်ရှမ်ကန်ဒီလ်
က ထုတ်ပြန်ချက် တစ်ခုတွင် ပြောကြားကာ နိုင်ငံ၏စီးပွားရေး ပြန်လည် ကောင်းမွန်ရန်
အတွက် အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံရေးအင်အားစုများ အားလုံး ကို
လည်း တိုက်တွန်းခဲ့သည်။

သို့ရာတွင် အတိုက်အခံများကမူ ယင်းရလဒ်ကို ငြင်းဆန်မြဲ ငြင်းဆန်ခဲ့သည်။

"မသမာမှုနဲ့ ချိုးဖောက်မှုတွေအတွက် ကျွန်တော်တို့ တရားဝင်တိုင်ကြားထား တာတွေကို
ဥပဒေကဆုံးဖြတ်ပေးသွား ပါလိမ့်မယ်" ဟု အတိုက်အခံ အမျိုးသားကယ်တင် ရေးတပ်ဦး
ပြောခွင့်ရပုဂ္ဂိုလ် ခါလိဒ်ဒါအုဒ် က အေအက်ဖ်ပီကို ပြောသည်။

သို့ရာတွင် အထက်ပါအဓိက အတိုက် အခံပါတီသည် လူထုဆန္ဒခံယူပွဲကို တစ်ခုတည်းသော
တိုက်ပွဲအဖြစ် ပယ်ချ ခဲ့ပြီးဖြစ်ကာ အီဂျစ်ပြည်သူများအတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်
ဖြစ် ကြောင်း ကတိပြုထားသည်။

ယင်းဖြစ်ရပ်များသည်ပင်လျှင် ဒီဇင် ဘာလ ၅ ရက်နေ့က လူရှစ်ဦးသေဆုံး ခဲ့ရပြီး ရာပေါင်း
များစွာ ဒဏ်ရာအနာ တရဖြစ်စေခဲ့သည့်နောက်ပိုင်း မတည် ငြိမ်မှုများကို ဆက်လက်ဖြစ်ပေါ်
စေရ သည့် အကြောင်းများဖြစ်သည်။

အမေရိကန်ပြည်ထောင်စုကလည်း သမ္မတမော်စီအား သဘောထားကွဲပြား နေမှုများကို
တစ်သားတည်းဖြစ်ရေး အတွက် ပေါင်းကူးဖော်ဆောင်ပေးရန် တိုက်တွန်းခဲ့သည်။

"နိုင်ငံရေးလုပ်ငန်းစဉ်အတွက် အကူ အညီတွေ အများကြီးလုပ်ဖို့၊ ယုံကြည် မှုတွေတည်
ဆောက်ဖို့နဲ့ သဘောထား ကွဲလွဲတာတွေကို ပေါင်းစပ်ပေးဖို့ အတွက် အရေးတကြီး လိုအပ်
ချက်တွေကို အသိအမှတ်ပြုပြီး ရှေ့တိုး ဆောင်ရွက်ဖို့ရာ သမ္မတမော်စီမှာ အထူးတလည်
တာဝန်ရှိနေပါတယ်" ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ယာယီပြောရေးဆိုခွင့်ရှိသူ
ပက်ထရစ် ဗင်ထရယ်က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

ဥရောပသမဂ္ဂ (အီးယူ) နိုင်ငံခြားရေး မူဝါဒအကြီးအကဲ ကက်သရင်းအက်ရှ် တန်ကလည်း
အများစုထောက်ခံသည့် အခြေခံဥပဒေသစ်နှင့် မထောက်ခံဘဲ လာရောက်မဲဆန္ဒမပေးသူ
နှစ်ရပ်စလုံး ကို အလေးထားစောင့်ကြည့်ခဲ့သည်။

အပြန်အလှန် ဆွေးနွေးညှိနှိုင်းသွား ရန် ဆက်လက်တိုက်တွန်းလျက် "ဒီကိစ္စ မှာ ပါ၀င်ပတ်
သက်သူတွေ၊ အထူးသဖြင့် သမ္မတကို ပိုပြီး ကြိုးကြိုးစားစား ဆောင်ရွက်သွားဖို့ ကျွန်မ
တိုက်တွန်း ပါတယ်" ဟု အက်ရှ်တန်ကဆိုခဲ့သည်။

အခြေခံဥပဒေသစ်ပြင်ဆင်နေသည့် ကာလအတွင်း အီဂျစ်ဒုတိယသမ္မတ မာမွတ်မက်ခီ
နုတ်ထွက်သွားခဲ့ပြီး နောက် ဆက်သွယ်ရေးဝန်ကြီး ဟန်နီ မာမွတ်သည်လည်း ယင်း၏
နုတ်ထွက်မှု ကို ဒီဇင်ဘာလ ၂၅ ရက်နေ့က ထုတ်ဖော် ကြေညာခဲ့သည်။

(အေအက်ဖ်ပီ)