အဖျော်ယမကာတွင် ပါ၀င်သော ဘရိုမိုက်ဒြပ်ပေါင်းကို သုတေသနပြု သုံးသပ်နေဟုဆို

အဖျော်ယမကာတွင် ပါ၀င်သော ဘရိုမိုက်ဒြပ်ပေါင်းကို သုတေသနပြု သုံးသပ်နေဟုဆို

မစ္စစ္စပီပြည်နယ်၊ ဟက်တီးစ်ဘာ့ဂ်တွင် လွန်ခဲ့သောလက ပူပြီးစိုထိုင်းသော မွန်းလွဲချိန်တစ်ချိန်
၌ ဆာရာကာဗာ နက်ဂ်နှင့် ၎င်း၏မောင်လေးသည် အိမ်အပြင်၌ ဆော့ကစားပြီးနောက် ရေခဲ
သေတ္တာတွင် ၎င်းတို့ထည့်ထား သော အဖျော်ယမကာဘူးများကို သောက်ရန် မျှော်လင့်နေကြ
သည်။

သို့သော် နည်းနည်းစုပ်မသောက်မီ သူ လုပ်လေ့ရှိသည့်အတိုင်း သက်သတ်လွတ် စားသော
ဆာရာသည် ထိုအရည်ထဲတွင် တိရစ္ဆာန်မှပစ္စည်း ပါမပါကို သေချာ စေရန် အမှတ်တံဆိပ်ကို
စစ်ဆေးကြည့် လိုက်ရာ ဘရိုမိုက်ဒြပ်ပေါင်းပါ ဟင်းသီး ဟင်းရွက်ဆီကို ဆာရာတွေ့လိုက်
သည်။

"အဲဒီအမည်မှာ ဟင်းသီးဟင်းရွက် ပါနေတာကြောင့် ဒီဟာ တိရစ္ဆာန်ကရတဲ့ ပစ္စည်းမဟုတ်
တာ သေချာပါတယ်။ ဒါပေမယ့် ဒါဟာ ဘာလဲဆိုတာ သိချင် နေသေးတယ်။ ဒါနဲ့ ဂူးဂဲလ်ကို
နှိပ်ကြည့် လိုက်တော့ ဘေးထွက်ဆိုးကျိုးစာရင်း ရှည်ကြီး ထွက်လာတယ်။ အဲဒီ ဘေးထွက်
ဆိုးကျိုးထဲမှာ အာရုံကြောဆိုင်ရာ ဖရိုဖရဲ ဖြစ်ခြင်းနဲ့ သိုင်းရွိုက် ဟော်မုန်းပြောင်းလဲ ခြင်းတို့
ပါ၀င်နေတယ်။ ဒါကို ကျွန်မ မမျှော်လင့်ခဲ့ပါဘူး"ဟု ဆာရာက ပြောသည်။

ထိုကုန်ပစ္စည်းကို ထောက်ခံလက်မှတ် ထိုးသည့် အွန်လိုင်း "Change.org" တွင် ထောက်ခံ
သည့်လက်မှတ်တိုပေါင်း ၂၀၀,၀၀၀ နီးပါးရရှိနေသည်။

၁၅ နှစ် အရွယ် မစ္စ ကာဗာနက်ဂ်က အဖျော် ယမကာ ပက်စီကိုလာကုမ္ပဏီကြီးကို ဖျော်ရည်
၏ ဖော်စပ်ပုံပြောင်းလဲဖို့ စဉ်းစားရန် သူစည်းရုံးနိုင်မည်ဟု မျှော်လင့်နေသည်။

ဘရိုမိုက်ဒြပ်ပေါင်းပါ ဟင်းသီးဟင်း ရွက်ဆီ (ဘီဗီအို) သည် စားသုံးရန် အတွက် ဘေးကင်း
ကြောင်း ဗဟိုတရား ၀င်အဖွဲ့အစည်းက သတ်မှတ်ထားပါ သည်ဟု ပက်စီကိုလာ ပြာဆိုခွင့်ရှိ
သူ ဂျက်ဖ်ဒါနီကီက ပြောသည်။

"စံအလေ့ အထအနေနဲ့ ဖော်စပ်ပုံသေနည်းတွေနဲ့ ပါ၀င်တဲ့အရာတွေကို ဗဟိုစည်းမျဉ်းတွေနဲ့
လိုက်လျောညီထွေရှိဖို့နဲ့ ကျွန်ုပ် တို့ရဲ့ စားသုံးသူတွေနဲ့ အားကစား သမားတွေ မျှော်လင့်တဲ့
အရည်အသွေး မြင့် စံချိန်တွေနဲ့ကိုက်ညီဖို့ ၎င်းတို့ကို အစဉ်တစိုက် ချင့်တွက်ပါတယ်"ဟု ၎င်း
က အီးမေးလ်တစ်ခုတွင် ဖော်ပြခဲ့သည်။

ပက်စီကုမ္ပဏီက ထုတ်လုပ်သည့် Mountain Dew၊ ကိုကာကိုလာမှ Powerade၊ Fanta
Orange နှင့် Fresca၊ Dr. Pepper Snapple Group မှထုတ်လုပ်သည့် Squirt နှင့် Sunkist
Peach Soda အပါအဝင် အမေရိကန် ပြည်ထောင်စုတွင် ရောင်းချသော အဖျော်ရည်များ၏
၁၀ ရာခိုင်နှုန်းခန့်တွင် ဘရို မိုက်ဒြပ်ပေါင်းပါ ဟင်းသီးဟင်းရွက်ဆီ များပါ၀င်သည်ဟု သိရ
သည်။

ထိုပါ၀င်သောအရာကို ထိုဖျော်ရည် များတွင် မကြာခဏထည့်ရခြင်းမှာ သစ်သီးရနံ့မျှတစွာ
ပျံ့နှံ့ရန်အတွက် ဖြစ်ပြီး ၎င်းမပါပါက ရနံ့သည် သီးခြား စွာရှိနေမည်ဖြစ်သည်။

ထိုပစ္စည်းသုံးစွဲမှုကို အမေရိကန် ပြည်ထောင်စုတွင် ဆယ်စုနှစ်သုံးစု ကျော် ငြင်းခုံဆွေးနွေး
လာခဲ့ကြသည်။

သို့သော် ဥရောပသမဂ္ဂက ထိုပစ္စည်းများကို အစား အစာများမှ ပိတ်ပင်ထားသည်မှာ ကြာပြီ
ဖြစ်ပြီး အခြားပစ္စည်းများသုံးစွဲမှုကို သတ်မှတ်ထားသည်။

ဂျပန်နိုင်ငံကလည်း ထိုနည်းအတိုင်း မကြာမီက ဆောင်ရွက် ခဲ့သည်။ သို့ဖြစ်ရာ မစ္စ
ကာဗာနက်ဂ်၏ လှုံ့ဆော်မှုသည် တစ်ကိုယ်ကောင်းဆန် လုပ်ဆောင်မှုတစ်ရပ်ဟု မဆိုနိုင်
ချေ။

ဘီဗီအိုကို ကမ္ဘာပေါ်တွင် အခြား နေရာများ၌ ပိတ်ပင်ထားကြောင်း၊ ကုမ္ပဏီများစွာတို့သည်
ဘရိုမိုက်ဒြပ် ပေါင်းအတွက် အစားထိုးပစ္စည်းများ ရှိနေပြီဖြစ်ကြောင်းနှင့် ၎င်းတို့မည်သည့်
အတွက်ကြောင့် အပြောင်းအလဲမလုပ် ကြသည်ကို နားမလည်ကြောင်း မစ္စ ကာဗာနက်ဂ်က
ပြောသည်။

(နယူးယော့ခ်တိုင်းမ်)