၀ါရှင်တန် - အမေရိကန်ပြည်ထောင်စု တွင် သေနတ်ကိုင်ဆောင်ခွင့်ဥပဒေကို ထောက်ခံသော
အားအကောင်းဆုံး မဲဆွယ်အုပ်စုဖြစ်သည့် National Rifle Association သည် လက်နက်ကိုင်
ဆောင်ခွင့်ဥပဒေကို တားမြစ်ရမည့်အစား ကျောင်းများ၌ လက်နက်ကိုင် လုံခြံုရေး ရဲများထား
ရှိသင့်ကြောင်း သောကြာနေ့ က ပြောကြားခဲ့သည်။
၎င်းမှာ ပြီးခဲ့သော သီတင်းပတ် အတွင်းက ကော်နက်တီကပ်ပြည်နယ် နယူးတောင်းမြို့ရှိ
ဆန်ဒီဟွခ် အလယ် တန်းကျောင်းတွင် အသက်ခြောက်နှစ်မှ ခုနစ်နှစ်ကြား ကလေးအယောက်
၂၀ နှင့် ကျောင်းဝန်ထမ်းခြောက်ဦးကို လန်ဇာ အမည်ရှိ အသက် ၂၀ အရွယ် အမျိုးသားတစ်ဦး
က သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွား အပြီးတွင် NRA အဖွဲ့ကပထမဆုံး အကြိမ်အဖြစ်အများပြည်
သူရှေ့မှောက် တွင် တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်း NRA အဖွဲ့အစည်းမှ လာပီယာ နှင့်၎င်းကိုထောက်ခံသူများက ၀ါရှင်တန် တွင် ထိုသို့
ပြောကြားနေစဉ်၌ပင် ပင်ဆယ်ဗေးနီးယားပြည်နယ်၌ ပစ်သတ်သူ တရားခံအပါအဝင် လူ
လေးဦး ထပ်မံသေဆုံးခဲ့ရသည်။
ထိုအဖြစ် အပျက်မှာလည်း လက်နက်ကိုင် အမျိုးသားတစ်ဦးက လူသုံးဦးကို အသေပစ်
ခတ်ခဲ့ပြီး လုံခြံုရေးတပ်သား အတော် များများကိုလည်း ဒဏ်ရာရရှိစေခဲ့ခြင်း ဖြစ်၍ (၎င်းကို
အသေသတ် ဖမ်းဆီး ခဲ့ရခြင်းဖြစ်သည်။)
၎င်းအဖြစ်အပျက်မှာ ယခုနှစ်အတွင်း အမေရိကန်တွင်ဖြစ်ပွား သော အစုလိုက်အပြုံလိုက်
သတ်ဖြတ်မှု အများအပြားမှ နောက်ဆုံး အဖြစ်အပျက် တစ်ခုဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသည် ဆယ်စုနှစ်သုံးခုကြာအောင် သေနတ်ကိုင် အကြမ်းဖက်မှုများ
အများအပြား ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။
ထိုသို့ သတ်ဖြတ်မှု အများအပြားတွင် အများစုမှာ တရားခံများက တရားဝင်ရရှိခဲ့ခြင်းဖြစ်သည့်
Semi-Automatic Rifle များမှာ အများစုဖြစ်ကြသည်ဟု ဆိုသည်။
၂၀၀၉ ခုနှစ်တွင် အမေရိကန်ပြည် ထောင်စု၌ စစ်ရေးအတွက်မဟုတ် သော လက်နက်ခန့်မှန်း
ခြေ သန်း ၃၂၀ ခန့် ရှိခဲ့ပြီး ၎င်းမှာ နိုင်ငံသားတစ်ဦးလျှင် လက်နက်တစ်ခုနှုန်းဖြစ်သည်။
တခြား သောဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် အမေရိကန်ပြည်ထောင်စုသည် သေနတ်ဖြင့်
အသတ်ခံရနိုင်နှုန်း အဆ ၂၀ မြင့်မားနေသည်ဟုဆိုသည်။
National Rifle Association အဖွဲ့အစည်းသည် အမေရိကန်ပြည် ထောင်စုနှင့် နိုင်ငံသားများ
လက်နက် ကိုင်ဆောင်ခွင့် ဖွဲ့စည်းပုံဥပဒေကို အဓိကထောက်ခံသော အဖွဲ့အစည်း ဖြစ်သည်ဟု
သိရသည်။
NRA ဒုဥက္ကဋ္ဌ လာပီယာက သောကြာ နေ့တွင် ၀ါရှင်တန်၌ ထိုသို့ပြောကြားရာ၌ ၎င်းတို့အနေ
ဖြင့် ကွန်ဂရက်အား နိုင်ငံရှိ ကျောင်းများအားလုံး၌ လက်နက်ကိုင် ရဲများထားရှိစေလိုကြောင်း၊
၎င်းရဲများကို လေ့ကျင့်သင်တန်းပေးရန် သူတို့အနေ ဖြင့် ကူညီပေးသွားမည်ဖြစ်ကြောင်း
ပြောကြားခဲ့သည်။
၎င်းပြည်နယ် ကိုယ်စားလှယ် လွှတ်တော်အမတ် ခရစ်မာဖီကမူ ၎င်း၏တုံ့ပြန်ပြောကြားချက်ကို
"ကျွန်တော် ကြားဖူးသမျှ ဖော်ပြပြောကြားချက် တွေထဲမှာ တာဝန်အမဲ့ဆုံး ပြောကြားချက်
ဖြစ်တယ်"ဟု တွစ်တာ လူမှုကွန်ရက် ပေါ်တွင် ပြန်လည်ပြောကြားသွားခဲ့ သည်ဟု သိရသည်။
(အေအက်ဖ်ပီ)

















