ဇန်နဝါရီ ၁၃ - ခရီးသည် ၄,၀၀၀ ကျော် တင်ဆောင်လာသော အီတလီ အပျော်စီး
သင်္ဘောကြီးတစ်စင်း အီတလီ အနောက်ဘက် ကမ်းရိုးတန်းတွင် ကျောက်ဆောင်နှင့်
တိုက်မိပြီး တိမ်း မှောက်သွားရာ စုစုပေါင်း ခရီးသည် ၃၂ ဦး သေဆုံးခဲ့သည်။
ဖေဖော်ဝါရီ ၂ - အီဂျစ်နိုင်ငံ၊ ပို့ဆက်မြို့ ဘောလုံးပွဲတွင် အဓိကရုဏ်းဖြစ်ပွားရာ ဘောလုံး
ပွဲကြည့် ပရိသတ် ရ၄ ဦး သေဆုံးခဲ့သည်။
ဖေဖော်ဝါရီ ၆ - ဗြိတိသျှဘုရင်မကြီး အဲလိဇဘက်၏ နန်းသက်နှစ် ၆၀ ပြည့် ပွဲတော်
ကျင်းပခဲ့သည်။
ဖေဖော်ဝါရီ ၂၁ - အကြွေးနစ်နေသော ဂရိနိုင်ငံအား ကယ်တင်ရန် အီးယူ နိုင်ငံများက
ယူရို ၂၃၇ ဘီလျံကူညီရန် သဘောတူခဲ့သည်။
မတ် ၃ - အမေရိကန် အနောက် အလယ်ပိုင်း ပြည်နယ်များတွင် လေဆင် နှာမောင်းတိုက်
ခတ်၍ လူ ၃၈ ဦး သေဆုံးခဲ့သည်။
မတ် ၄ - ရုရှားရွေးကောက်ပွဲတွင် ဗလာဒီမာပူတင် သမ္မတပြန်ဖြစ်လာရာ မကျေနပ်သူများ
မော်စကိုတွင် ဆန္ဒပြ ကြသည်။
မတ် ၅ - ကွန်ဂိုသမ္မတနိုင်ငံ မြို့တော် ဘရာဇာဗီးလ်တွင် ခဲယမ်းသိုလှောင်ရုံ ပေါက်ကွဲရာ
လူ ၂၀၀ ကျော်သေဆုံး ခဲ့သည်။
ဧပြီ ၁ - မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၂၂ နှစ်ကြာ အကျဉ်းကျ
နေရာမှ လွှတ်တော် ကိုယ်စားလှယ် အရွေးခံရသည်။
ဧပြီ ၁၃ - မြောက်ကိုရီးယားမှ စမ်းသပ် လွှတ်တင်သော တာဝေးပစ်ဒုံးပျံ လေထုတွင်း
ပေါက်ကွဲ ပျက်စီးသွားခဲ့သည်။
ဧပြီ ၁၄ - ကုလသမဂ္ဂ လုံခြံုရေး ကောင်စီက ဆီးရီးယားသို့ လေ့လာရေး အဖွဲ့စေလွှတ်
ရန် သဘောတူခဲ့သည်။
ဧပြီ ၁၅ - တိုင်တန်းနစ်သင်္ဘောကြီး နစ်မြုပ်မှု နှစ် ၁၀၀ ပြည့် အမှတ်တရ ပြည့်အခမ်း
အနားများကို ဥရောပ၊ မြောက်အမေရိကတို့တွင် ကျင်းပခဲ့သည်။

မေ ၂ - Edvard Munch ၏ "The Scream" ပန်းချီကားကို နယူးယော့ခ် မြို့ Sotheby's
လေလံတွင် စံချိန်တင် ဒေါ်လာ ၁၁၉ ဒသမ ၉ ဖြင့် ရောင်းရခဲ့သည်။
မေ ၆ - ပြင်သစ်သမ္မတရွေးကောက်ပွဲ တွင် ဆိုရှယ်လစ်ခေါင်းဆောင် ဖရန် ဆွာအိုလန်း
ရွေးကောက်ခံရသည်။
မေ ၂၁ - ယီမင်နိုင်ငံမြို့တော် ဆာနား၌ စစ်သားများအတွင်း အသေခံဗုံးခွဲရာ ၉၆ ဦးသေဆုံး
ခဲ့သည်။
ဇွန် ၂ - ဖြုတ်ချခံ အီဂျစ်သမ္မတဟောင်း ဟော့စနီဘူဘာရက်ကို ကိုင်ရိုမြို့တရား ရုံးက ထောင်
ဒဏ်တစ်သက် ချမှတ် ခဲ့သည်။
ဇွန် ၃ - နိုက်ဂျီးရီးယား လေကြောင်း လိုင်းမှ ခရီးသည်တင် လေယာဉ် တစ်စင်း လေးဂို့စ်မြို့
လူနေထူထပ် သောနေရာတွင် ပျက်ကျရာ လေယာဉ် ပေါ်ပါ ခရီးသည် ၁၅၃ ဦးနှင့် မြေပြင်
ပေါ်မှ လူအချို့ သေဆုံးခဲ့သည်။
ဇွန် ၆ - ကမ္ဘာတစ်လွှား နက္ခတ်ပညာ ရှင်များသည် သောကြာဂြိုဟ်က ခုနစ် နာရီကြာအောင်
နေကို ဖြတ်သွားပုံကို တစ်သက်မှာတစ်ခါသာ မြင်တွေ့ကြ ရသည်။
ဇွန် ၁၂ - လူ ၁၄,၀၀၀ ကျော် သေဆုံး ခဲ့ရပြီးဖြစ်သော ဆီးရီးယားပဋိပက္ခသည် ပြည်တွင်း
စစ်ကြီးအဖြစ် လုံးဝပြောင်းလဲ သွားပြီဟု ကုလသမဂ္ဂမှ ထုတ်ဖော် ပြောကြားခဲ့သည်။
ဇွန် ၁၉ - ၀ီကီလိခ် ၀က်ဘ်ဆိုက် တည်ထောင်သူ ဂျူလီယန်အဆန့်ချ်သည် လန်ဒန်မြို့ရှိ
အီကွေဒေါ သံရုံးအတွင်း ၀င်ရောက်ခိုလှုံနေရာ သံတမန်ဆိုင်ရာ အကျပ်အတည်းကိစ္စ ဖြစ်နေ
သည်။
ဇွန် ၂၄ - အီဂျစ် မွတ်စလင်ညီအစ်ကို များပါတီခေါင်းဆောင် မိုဟာမက် မော်စီသည် သမ္မတ
ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည်။
ဇွန် ၂၈ - သမ္မတ ဘာရက်အိုဘားမား ၏ လူထုကျန်းမာရေးစောင့်ရှောက်မှု အဆိုကို
အမေရိကန် တရားလွှတ်တော် ချုပ်က တရားဝင်ကြောင်း ဆုံးဖြတ် ခဲ့သည်။

ဇူလိုင် ၁ - နျူကလီးယားအစီအစဉ် များကြောင့် အီရန်နိုင်ငံမှ လောင်စာ များကို ၀ယ်ယူ
ခြင်းမပြုရေး ဥရောပ သမဂ္ဂ၏ပိတ်ပင်မှု စတင်သက်ရောက် ခဲ့သည်။
ဇူလိုင် ၃ - ခုနစ်လကြာ တင်းမာခဲ့ပြီး နောက် ပါကစ္စတန်နိုင်ငံသည် အာဖဂန် နစ္စတန်ရှိ
နေတိုးတပ်များအတွက် ရိက္ခာပို့ရာလမ်းကြောင်းကို ပြန်လည်ဖွင့် ပေးရန် သဘောတူညီ
ခဲ့သည်။
ဇူလိုင် ရ - ဆယ်စုနှစ်ကြာအာဏာ ဆုပ်ကိုင်ခဲ့သော မွမ်မာကဒါဖီအား ဖြုတ်ချပြီးနောက်
လစ်ဗျားနိုင်ငံ၏ပထမ ဆုံးသော လွတ်လပ်သည့် ရွေးကောက် ပွဲများ စတင်ကျင်းပခဲ့သည်။
ဇူလိုင် ၂၀ - အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့တွင် လင်းနို့လူသား ဇာတ်ကားပြသ
သည့် ရုပ်ရှင်ရုံတစ်ရုံ၌ ရုပ်ရှင်လာကြည့်သူများကို လူငယ် တစ်ဦးကပစ်သတ်ခဲ့ရာ ၁၂ ဦး
သေ၍ ၅၉ ဦးဒဏ်ရာရရှိခဲ့သည်။
ဇူလိုင် ၂၇ - နွေရာသီအိုလံပစ် အားကစားပွဲတော်ကို လန်ဒန်မြို့တော်၌ စတင်ကျင်းပခဲ့
သည်။
ဩဂုတ် ၆ - နျူကလီးယားစွမ်းအင် သုံး အမေရိကန်စက်ရုပ် ကျူရီယို စီတီးသည် မားစ်
ဂြိုဟ်ပေါ်သို့ ဆင်းသက် ခဲ့ကာ စတင်လေ့လာခဲ့သည်။
ဩဂုတ် ၁၁ - အီရန်နိုင်ငံ အနောက် မြောက်ပိုင်းတွင် အင်အားပြင်းငလျင် ကြောင့် အနည်း
ဆုံးလူ ၁၈၀ သေဆုံး ခဲ့သည်။
ဩဂုတ် ၁၆ - အလက်ပိုမြို့တော်၌ တိုက်ခိုက်မှုများ သိသာထင်ရှားစွာ ဖြစ်ပေါ်လျက်ရှိသည့်
ဆီးရီးယား နိုင်ငံတွင် ယင်း၏ လေ့လာရေးအဖွဲ့ကို ရပ်တန့်သွားရန် ကုလသမဂ္ဂလုံခြံုရေး
ကောင်စီက အမိန့်ပေးခဲ့သည်။
ဩဂုတ် ၁၇ - တောင်အာဖရိကနိုင်ငံတွင် ပလက်တီနမ်သတ္တုတွင်း၌ ဆန္ဒပြနေ သော
သတ္တုတွင်းအလုပ်သမား ၃၄ ဦးကို ရဲများကပစ်သတ်ခဲ့သည်။
ဩဂုတ် ၁၇ - သမ္မတဗလာဒီမာ ပူတင်ကိုလှောင်ပြောင်ခဲ့သူ ပန့်ခ်ရော့ခ် အမျိုးသမီးအဆိုတော်
သုံးဦးကို မော်စကို တရားရုံးတစ်ရုံးက ထောင်ဒဏ်နှစ်နှစ်စီ ချမှတ်ခဲ့သည်။

ဩဂုတ် ၂၄ - အစုလိုက်အပြံုလိုက် လူသတ်သမား နော်ဝေအမျိုးသား အန်းဒါးစ်ဘေရင်း
ဘရီဘစ်ကို ရူးသွပ် နေကြောင်းတွေ့ရှိခဲ့ရပြီး ၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်းက လူ ရ၇ ဦးကို
သတ်ဖြတ်ခဲ့မှုအတွက် ထောင်ဒဏ် ၂၁ နှစ် အပြစ်ပေးခဲ့သည်။
ဩဂုတ် ၂၅ - ၁၉၆၉ ခုနှစ်က 'လ' ကမ္ဘာပေါ်သို့ ပထမဦးဆုံးခြေချနိုင်ခဲ့ သည့် လူသား
တစ်ဦးဖြစ်သူ အမေရိကန် အာကာသယာဉ်မှူး နေးလ် အမ်းစ် ထရောင်းသည် အသက်
၈၂ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။
စက်တင်ဘာ ၁၁ - အစ္စလာမ်များကို သရော်သည့် အမေရိကန်ရုပ်ရှင်ကား တစ်ကား
ကြောင့် မွတ်စလင်နိုင်ငံများတွင် ဒေါသူပုန်ထခဲ့ကြကာ လစ်ဗျားနိုင်ငံရှိ အမေရိကန်
သံအမတ်ကြီး အသတ်ခံခဲ့ ရသည်။
အောက်တိုဘာ ၉ - ဆယ်ကျော်သက် ကလေးငယ်များ၏ အခွင့်အရေး တောင်းဆိုသူ
ပါကစ္စတန်ကျောင်းသူ မာလာလာ ယူဆွတ်ဇိုင် တာလီဘန်တို့၏ ပစ်ခတ် ခြင်းခံခဲ့ရသည်။
အောက်တိုဘာ ၁၈ - ကိုလံဘီယာ အစိုးရနှင့် အက်ဖ်အေအာရ်စီသူပုန်တို့ နော်ဝေနိုင်ငံ
တွင် ငြိမ်းချမ်းရေးစတင် ဆွေးနွေးခဲ့သည်။
နိုဝင်ဘာ ၄ - လူသတ်မှုတစ်ခုနှင့် ပတ်သက်မှုကြောင့် တရုတ်နိုင်ငံရေး ခေါင်းဆောင်
ပေါ်ရှီးလိုင်သည် ကွန်မြူနစ် ပါတီမှ တရားဝင်ထုတ်ပယ်ခံရသည်။
နိုဝင်ဘာ ၆ - အိုဘားမားသည် ရီပတ်ဘလစ်ကန် သမ္မတလောင်း မစ်ရွမ်နေကို အနိုင်
ရကာဒုတိယ သမ္မတသက်တမ်းအတွက် ရွေးကောက် ပွဲတွင် အနိုင်ရရှိခဲ့သည်။
နိုဝင်ဘာ ၁၅ - တရုတ်ကွန်မြူနစ် ပါတီသည် သမ္မတ ဟူကျင်ထောင် နေရာ၌ ဆက်ခံသူ
အဖြစ် ရှီးကျင့်ဖျင်ကို ရွေးချယ်တင်မြှောက်ခဲ့သည်။
နိုဝင်ဘာ ၂၉ - ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ပါလက်စတိုင်း၏ သံတမန်ရေး
အခြေအနေကို တိုးမြှင့် ထောက်ခံ ခဲ့သည်။

ဒီဇင်ဘာ ၁ - မက္ကဆီကိုနိုင်ငံတွင် အန်းရစ်ပန်နာနီတိုးသည် ကျမ်းသစ္စာ ကျိန်ဆိုကာ
သမ္မတဖြစ်လာခဲ့သည်။
ဒီဇင်ဘာ ၄ - အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းတစ်ခုကြောင့် ဖိလစ်ပိုင် နိုင်ငံတွင် လူ
၁,၀၆၇ ဦးသေဆုံးပြီး ၈၀၀ ပျောက်ဆုံးခဲ့သည်။
ဒီဇင်ဘာ ၅ - သမ္မတသစ် မော်စီက မိမိကိုယ်မိမိ အာဏာအပြည့်အဝပေး ခဲ့ပြီးနောက်
အီဂျစ်နိုင်ငံတွင်လူထု ဆန္ဒပြမှုများ ပိုမိုဖြစ်ပေါ်လာခဲ့သည်။
ဒီဇင်ဘာ ၁၂ - ကမ္ဘာ့ပြစ်တင်ရှုတ်ချမှုများကို ပိုမိုဆွပေးလျက် မြောက်ကိုရီးယား နိုင်ငံသည်
တာဝေးပစ်ဒုံးကျည် တစ်ခုကို အောင်မြင်စွာလွှတ်တင်နိုင်ခဲ့သည်။
ဒီဇင်ဘာ ၁၄ - လက်နက်များစွာ ပါသည့် လူငယ်သေနတ်သမားတစ်ဦးသည်
အမေရိကန်နိုင်ငံ၊ ကွန်နက်တီ ကတ်ပြည်နယ်ရှိ မူလတန်းကျောင်း တစ်ကျောင်းရှိ လေးငါးနှစ်
အရွယ် ကလေးငယ် အယောက် ၂၀ ကျော်အပါ အဝင် လူများစွာကို ပစ်သတ်ခဲ့သည်။
ဒီဇင်ဘာ ၁၆ - ဂျပန်အတိုက်အခံ ကွန်ဆားဗေးတစ်လစ်ဘရယ်ဒီမိုကရက် တစ်ပါတီသည်
ရွေးကောက်ပွဲတွင် အနိုင်ရရှိကာ ရှင်ဇိုအာဘေးသည် ၀န်ကြီးချုပ်ရာထူးကို ဒုတိယအကြိမ်
ပြန်လည် ရယူမည်ဖြစ်သည်။
(အေအက်ဖ်ပီ)

















