မဲခေါင်ဒေသ မျိုးစိတ်သစ်များနှင့် မျိုးစိတ်ဟောင်းများ အန္တရာယ်

မဲခေါင်ဒေသ မျိုးစိတ်သစ်များနှင့် မျိုးစိတ်ဟောင်းများ အန္တရာယ်

ဟနွိုင်း- ကမ္ဘာ့ တောရိုင်းတိရစ္ဆာန် ရန်ပုံငွေအဖွဲ့ (WWF) မှ ဒီဇင်ဘာလ ၁၈ ရက်ထုတ်ပြန်
သည့် အစီရင်ခံစာအရ မဟာမဲခေါင်ဒေသအတွင်းမှ အရုပ်ဆိုး လှသည့် လင်းနို့မှသည် ငှက်
ကဲ့သို့ သီချင်းဆိုတတ်သည့် ဖားများပါ၀င်သည့် မျိုးစိတ်သစ်ပေါင်း ၁၂၆ မျိုးကို ၂၀၁၁ ခုနှစ်
အတွင်း ထပ်မံတွေ့ရှိထားသည်။

သို့သော် မဲခေါင်မြစ်ပေါ်မှ ရေအား လျှပ်စစ်ဓာတ်အားပေး စီမံကိန်းများက ဒေသတွင်း ဇီဝ
မျိုးစုံမျိုးကွဲများ ရှင်ကျန် တည်တံ့ရေးကို အန္တရာယ်ပြုလျက်ရှိနေ သည်ဟု WWF က သတိ
ပေးထားသည်။

"အသစ်တွေ့တာတွေက ကောင်း သတင်းတွေပါပဲ။ ပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးနဲ့
ရေရှည်တည်တံ့ခိုင်မြဲရေးလုပ်ဆောင်ရာမှာ ပိုပြီး ခက်ခဲလာတာကတော့ သတင်းဆိုးတွေပါ"
ဟု WWFနှ င့် မဟာမဲခေါင်ဒေသ မျိုးစိတ်များ ထိန်းသိမ်းရေးလုပ်ငန်း မန်နေဂျာ နစ်ကောက်စ်
က အေအက်ဖ်ပီ ကိုပြောသည်။

ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဗီယက်နမ်၊ လာအိုနှင့် တရုတ်အနောက် တောင်ပြည်နယ် ယူနန်
တို့ အကျုံးဝင် သည့် မဟာမဲခေါင်ဒေသတွင် ၂၀၁၁ ခုနှစ်အတွင်းက မျိုးစိတ်သစ်ပေါင်း ၁၂၆
မျိုးကို ရှာဖွေတွေ့ရှိခဲ့သည်။

မဟာမဲခေါင်ဒေသအတွင်းမှ သစ် တောဧရိယာ ၃၀ ရာခိုင်နှုန်းမှာ နှစ် ၄၀ အတွင်းက ပြုန်းသွား
ခဲ့ပြီဟု ယခု အစီရင်ခံစာကဆိုသည်။


မျိုးစိတ်သစ် တေးဆိုဖား။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

မြန်မာနိုင်ငံတွင်တွေ့ရသည့် အမြီးတို စပါးကြီးမြွေမျိုးစိတ်ကဲ့သို့ အခြားမျိုးစိတ်များသည် အသား
နှင့်အရေခွံ ရယူလို၍ လည်းကောင်း၊ ထူးခြားအိမ်မွေးတိရစ္ဆာန် ရောင်းဝယ်ရေးလုပ်ငန်းကြောင့်
လည်းကောင်း မှောင်ခိုရောင်းဝယ်ခြင်း ခံနေကြရသည်။

"တောရိုင်းတိရစ္ဆာန်တွေကို တရား မဝင်ပစ်ခတ်သတ်ဖြတ်တဲ့ လုပ်ငန်းဟာ အရှေ့တောင်အာရှ
ဒေသ တစ်ဝန်းက မျိုးစိတ်တွေ ရှင်ကျန်ရေးမှာ အကြီးမား ဆုံးအန္တရာယ်တစ်ခု ဖြစ်နေပါတယ်"
ဟု ကောက်စ်ကဆိုသည်။

အပင်မျိုးစိတ် သစ်အများဆုံးပါ၀င်သည့် ယခုအစီရင် ခံစာပါ စာရင်းတွင် တွားသွားသတ္တဝါ
မျိုးစိတ် ၂၁ ခု၊ တေးဆိုဖားနှင့် 'ယင်နှင့် ယန်'သဏ္ဌာန် အဖြူအမည်း မျက်လုံးများ ပါသည့်
ဖားမျိုးစိတ်အပါအဝင် ရေ တစ်ပိုင်း ကုန်းတစ်ပိုင်း သတ္တဝါမျိုးစိတ် ငါးခုတို့ကို တွေ့ရသည်။

ယခုကဲ့သို့ သက်ရှိသဘာဝမျိုးစိတ် သစ်များစွာ ထပ်မံတွေ့ရှိခြင်းသည် သက်ဆိုင်ရာဒေသကြီး
အတွက် ၀မ်းမြောက်ဂုဏ်ယူရသော်လည်း ယင်းမျိုးစိတ်သစ်များ၏ အနာဂတ်ကို ခြိမ်းခြောက်
နေသော 'စိုးရိမ်ဖွယ်ဖွံ့ဖြိုး ရေးလုပ်ငန်းများ'လည်း ရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ညွှန်း
ထားသည်။

လာအိုနိုင်ငံ၏ မဲခေါင်မြစ်ပင်မရေစီး ကြောင်းပေါ်တွင် ဇယာဘူရီရေကာတာ တည်ဆောက်မည့်
ဆုံးဖြတ်ချက်ကြောင့် မဲခေါင်မြစ်အတွင်းရှိ များပြားသော ဇီဝမျိုးစုံ မျိုးကွဲများနှင့် ဒေသတွင်းရှိ
ပြည်သူ သန်း ၆၀ ကျော်တို့၏ ဘဝ အန္တရာယ်ကြံုတွေ့ရဖို့ သေချာနေပုံ ကိုလည်း မီးမောင်း
ထိုးပြထားသည်။


မျိုးစိတ်သစ် စပါးကြီးမြွေမျိုး။ (ဓာတ်ပုံ - အေအက်ဖ်ပီ)

မဲခေါင်မြစ်သည် ကမ္ဘာပေါ်တွင် အမ်မဇုန်မြစ်ပြီးလျှင် ရေနေသတ္တဝါ များပြားအစုံလင်ဆုံး
ထိန်းသိမ်းထား သည့် မြစ်ကြီးဖြစ်သည်ဟုလည်း ကောက်စ်က ပြောသည်။

မဲခေါင်မြစ်တွင် ငါးမျိုးစိတ်ပေါင်း ၈၅၀ ၀န်းကျင် နေထိုင်၍ ကမ္ဘာပေါ် တွင် ငါးဖမ်းလုပ်ငန်း
အများဆုံး လုပ်ကိုင် သောနေရာလည်းဖြစ်သည်ဟု အစီရင် ခံစာတွင် ဖော်ပြသည်။

လာအိုအစိုးရသည် သဘာဝဝန်းကျင် သမားများ ကန့်ကွက်နေလင့်ကစား ဒေါ်လာဘီလျံ
များစွာ ကုန်ကျမည့် ဇယာ ဘူရီရေကာတာကို စတင်တည်ဆောက် နေပြီဖြစ်ကြောင်း
ယခင်လက သတင်း ထုတ်ပြန်ကြေညာခဲ့သည်။

(အေအက်ဖ်ပီ)