၀ါရှင်တန်- အနားယူသွားသော နိုင်ငံ ခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ နေရာတွင်
အစားထိုးရန် အများလေးစား ခြင်းခံရသော ၀ါရင့် ဆီးနိတ်လွှတ်တော် အမတ် ဂျွန်ကယ်ရီ
ကို သမ္မတအိုဘားမား က ရွေးချယ်ခန့်အပ်လိုက်သည်။
၂၀၀၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ထိုစဉ်က သမ္မတ ဂျော့ဒဗ္ဗလျူဘွတ်ရှ် ကို ရှုံးခဲ့ရသော်
လည်း လွှတ်တော်တွင် အများလေးစားခံရသော ၀ါရင့် အထက် လွှတ်တော်အမတ်တစ်ဦးဖြစ်
သည်။
နိုင်ငံခြားရေးရာများတွင် အထူးပြု လှုပ်ရှားသူအမတ်ဖြစ်ပြီး ဆီးရီးယား သမ္မတ ဘာရှား
အယ်လ်-အာဆတ်နှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်း၊ ပါကစ္စတန်- အမေရိကန်ဆက်ဆံရေး
တင်းမာနေချိန် က ပြေလျော့အောင် ကြိုးစားခဲ့ခြင်း၊ ဂါဇာကမ်းမြောင်ဒေသသို့ သွားရောက်
ခဲ့ခြင်းတို့ကြောင့် ဒီမိုကရက်တို့ကသာ မက အတိုက်အခံ ရီပတ်ဘလီကန်တို့၏လေးစားမှု
ကိုပါ ရရှိထားသူဖြစ်သည်။
၂၀၀၈ ခုနှစ် သမ္မတ ဘာရက် အိုဘားမား သမ္မတဝင်ရွေးရန် စတင်ကြိုးစားစဉ်က
အိုဘားမားကို အစောဆုံးထောက်ခံသူ များတွင် ဂျွန်ကယ်ရီ ရှေ့တန်းမှ ပါ၀င် ခဲ့သည်။
သမ္မတအိုဘားမားက နိုင်ငံခြားရေး ၀န်ကြီးအဖြစ် ဂျွန်ကယ်ရီကို ရွေးချယ်ကြောင်းကြေညာ
စဉ် အိမ်ဖြူတော်၌ ၎င်း၏ဘေး၌ရပ်နေသော ဂျွန်ကယ်ရီကို "သူက နိုင်ငံခြားရေးဝန်ကြီး
အလုပ်ကို သိပ်များများ လေ့လာသင်ယူဖို့ လိုမယ့် လူမဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။
သို့နှင့်တိုင် ကုလသမဂ္ဂဆိုင်ရာ အမေရိ ကန်သံတမန် ဆူဇန်ရိုက်စ် ဤပြိုင်ပွဲမှ နုတ်ထွက်
သွားပြီးမှသာ ဂျွန်ကယ်ရီအဖို့ လမ်းရှင်းသွားခဲ့ခြင်း ဖြစ်သည်။
ဆူဇန် ရိုက်စ်မှာ လွန်ခဲ့သော စက်တင်ဘာလ ၁၁ ရက်နေ့က လစ်ဗျားနိုင်ငံ၊ ဘင်ဂါဇီ မြို့တွင်
အမေရိကန်သံအမတ် အသတ် ခံခဲ့ရသည့်ကိစ္စနောက်ပိုင်း ကုလသမဂ္ဂ တွင် ၎င်း၏ ကိုင်
တွယ်ဆောင်ရွက်ပုံများကို ဝေဖန်ခံခဲ့ရသည်။
ဂျွန်ကယ်ရီကို ၁၉၄၃ ခုနှစ်၊ ဒီဇင်ဘာ လ ၁၁ ရက်တွင် ကိုလိုရာဒိုပြည်နယ်၊ ဒင်ဗာမြို့၌
ချမ်းသာသောမိသားစုမှ မွေးဖွားခဲ့သည်။ သူ၏မိခင် ရို့စ်မေရီ သည် Forbes သင်္ဘောပို့
ဆောင်ရေး လုပ်ငန်းစုဝင်တစ်ဦးဖြစ်ရာ သူ၏ဘဝ စောစောပိုင်းကာလကို ပြင်သစ်နိုင်ငံရှိ
သူ၏ခြံကြီးတွင် နေထိုင်ခဲ့သည်။
ဂျွန်ကယ်ရီ၏ဖခင် ရစ်ချဒ်သည် အမေ ရိကန် Army Air Corps မှ လေယာဉ်မှူး တစ်ဦး
ဖြစ်ပြီး နောက်ပိုင်းတွင် အမေရိ ကန် နိုင်ငံခြားရေးဝန်ထမ်းတစ်ဦး အဖြစ် တာဝန်ထမ်း
ဆောင်ခဲ့သည်။
ကယ်ရီ၏ ငယ်စဉ်ဘဝကို ဆွစ်ဇာလန် နိုင်ငံရှိ ပုဂ္ဂလိကကျောင်းများတွင် နေထိုင်ကုန်ဆုံး
ခဲ့သည်။
သူ့ကို နိုင်ငံ တကာဝါဒသမားတစ်ဦးအဖြစ် ရီပတ် ဘလီကန်တို့၏ ဝေဖန်မှုခံရသူဖြစ်သည်။
ယေးတက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြားခဲ့ရာ နောက်ပိုင်းတွင် သူ၏ပြိုင်ဘက်
ဖြစ်လာမည့် ဘွတ်ရှ် လိုပင် လျှို့ဝှက်သော Skull and Bones Society အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့
သည်။
၁၉၆၆ ခုနှစ်တွင် ယေးလ်တက္ကသိုလ်မှ ဥပဒေပညာဖြင့် ဘွဲ့ရရှိခဲ့ပြီးနောက် အမေရိကန်ရေတပ်
တွင် တာဝန်ထမ်း ဆောင်ခဲ့ရာ ဗီယက်နမ်စစ်ပွဲတွင် ပါ၀င် တိုက်ခိုက်ရန် မိမိဆန္ဒအလျောက်
အဆိုပြု သွားရောက်တိုက်ခိုက်ခဲ့သူ ဖြစ်သည်။
ဗီယက်နမ်စစ်တွင် ဒုဗိုလ်အဖြစ် အန္တရာယ်ကြီးလှသော မဲခေါင်မြစ် အတွင်း စက်သေနတ်တင်
ရေယာဉ် ငယ်တစ်စင်းဖြင့် တပ်စိတ်တစ်စိတ်ကို ဦးဆောင်တိုက်ခိုက်စဉ် ဗီယက်ကောင်း
တို့လက်ချက်ဖြင့် ဒဏ်ရာရရှိပြီး Purple Hearts ဆုသုံးဆုနှင့် ရဲစွမ်းသတ္တိအတွက် Bronze
Star နှင့် Silver Star တစ်ခုစီ ချီးမြှင့်ခံခဲ့ရသည်။
သို့သော် ဗီယက်နမ်မှပြန်လာပြီး နောက်ပိုင်းတွင် ဗီယက်နမ်စစ်ကို စိတ်ကုန်သွားပြီး ၁၉၇၁
ခုနှစ်တွင် ကွန်ဂရက်လွှတ်တော်ရှေ့၌ အစစ်ဆေး ခံစဉ်တွင် သူ၏ ကျော်ကြားထင်ရှား
လှသော မေးခွန်းတစ်ခုမှာ "မှားယွင်း နေတဲ့ စစ်ကြီးတစ်ခုမှာ လူတစ်ယောက် ကို နောက်ဆုံး
အထိ အသေခံတိုက် သွားဖို့ ခင်ဗျားဘယ်လိုပြောမှာလဲ" ဟူ၏။
ဤမှတ်ချက်စကားကြောင့် ကယ်ရီ သည် ၁၉၇၀ ပြည့်လွန်နှစ်များတွင် စစ်ဆန့်ကျင်ရေး
သူရဲကောင်း တစ်ယောက် ဖြစ်လာခဲ့ပြီး ၂၀၀၄ ခုနှစ် ရွေးကောက်ပွဲတွင် အီရတ်စစ်ဆန့်
ကျင် ရေးသမားဖြစ်ခဲ့သည်။
သို့သော် စစ်ပြန် ရဲဘော်ဟောင်းအချို့ကို ဒေါသထွက် စေခဲ့ပြီး နိုင်ငံကာကွယ်ရေးတွင်
ပျော့ညံ့ သူအဖြစ် စွပ်စွဲခံခဲ့ရသည်။
ဘွတ်ရှ်နှင့် ယှဉ်ပြိုင်အရွေးခံသော ၂၀၀၄ သမ္မတရွေးကောက်ပွဲအတွင်းက ဗီယက်နမ်တွင်
ဂျွန်ကယ်ရီရရှိခဲ့သော သူရဲကောင်းဆုတံဆိပ်များမှာ မထိုက်တန်ဟု ပုတ်ခတ်စွတ်စွဲသည့်
ဗီယက်နမ် စစ်ပြန်အချို့ရှိခဲ့သော်လည်း ကယ်ရီက ငြင်းဆိုခဲ့သည်။
၁၉၈၅ တွင် အမေရိကန် အထက် လွှတ်တော် ဆီးနိတ်အမတ်အဖြစ် ရွေးကောက်ခံရသည်။
၂၀၀၄ ခုနှစ် တွင် သမ္မတ ဂျော့ဒဗ္ဗလျူဘွတ်ရှ်နှင့် ယှဉ်ပြိုင် အရွေးခံရာတွင် ရှုံးနိမ့်ခဲ့သည်။
သူ့ကို မက်ဆာချူးဆက်မှ ချမ်းသာသော မိသားစုဝင်တစ်ဦးအဖြစ် သာမန်လူ တန်းစား
အမေရိကန်လူထုနှင့် အလှမ်း ဝေးသူအဖြစ် အချို့ကစွပ်စွဲကြသည်။
ဂျွန်ကယ်ရီသည် ဩဇာရှိသော ဆီးနိတ်အမတ်တစ်ဦးဖြစ်ပြီး ဩဇာ ကြီးမားသော ဆီးနိတ်
လွှတ်တော် နိုင်ငံ ခြားဆက်ဆံရေးကော်မတီ၏ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ငွေကြေး၊
ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်း ငယ်လေးများ ကော်မတီ၏ ထိပ်တန်း နေရာများကို
ရယူထားဆဲဖြစ်သည်။
၁၉၇၀ ပြည့်နှစ်တွင် ဂျူလီယာသွန်း နှင့် လက်ထပ်ခဲ့ရာ သမီးနှစ်ယောက် ရရှိခဲ့ပြီး ၁၉၈၈
ခုနှစ်တွင် ကွာရှင်း ခဲ့ကြသည်။
၁၉၉၅ ခုနှစ်တွင် ဆော့စ် (စားမြိန်ရည်) ငရုတ်ဆီထုတ်လုပ်သော ကုမ္ပဏီသူဌေးမိသားစုမှ
တီရီဆာဟိန့်ဇ် နှင့် လက်ထပ်ခဲ့သည်။
(အေအက်ဖ်ပီ)

















