မော်စကို - ပစိဖိတ်ဒေသသို့ ဆက်သွယ် ထားသော ဒေါ်လာ ၂၅ ဘီလျံတန် ရေနံ ပိုက်လိုင်း
အသစ်တစ်ခု၏ နောက်ဆုံး အဆင့်တပ်ဆင်မှုကို ရုရှားသမ္မတ ဗလာဒီမာပူတင်က ထုတ်ဖော်
ပြောကြားခဲ့ပြီး ယင်းမှာ တိုးတက်မှုမရှိဘဲ အေးနေ သည့် ဥရောပဈေးကွက်များကိုရုရှားနိုင်ငံ
က တဖြည်းဖြည်း ရှောင်ရှားလာသည်ကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။
အရှေ့ဆိုက်ဘေးရီးယားနှင့် ပစိဖိတ် သမုဒ္ဒရာ (ESPO) တို့ကို ဆက်သွယ် ထားသည့် ထိုရေနံ
ပိုက်လိုင်းဖြင့် ရုရှား နိုင်ငံက ယင်း၏ ရေနံရောင်းချမှုကို အမေရိကန်ပြည်ထောင်စုသို့ ချဲ့ထွင်
ရန်မျှော်လင့်ထားပြီး နိုင်ငံတကာရေနံ စိမ်းဈေးကွက်များတွင် ရုရှားနိုင်ငံက ဩဇာလွှမ်းမိုး
သက်ရောက်လာစေချင်သည့် ပူတင်၏ အိပ်မက်မှာလည်း ထိုရေနံပိုက်လိုင်းကြောင့် ပြည့်ဝလာ
မည်ဖြစ်သည်။
ရုရှားနိုင်ငံက ၎င်းတို့တင်ပို့သော ရေနံကို အမေရိကန် ရေနံစံသတ်မှတ် ချက်ဖြစ်သည့်
WTI (West Texas Intermediate) ကို ယှဉ်ပြိုင်ပြီး အာရှ - ပစိဖိတ်ဒေသတွင် စံသတ်
မှတ်ချက် တစ်ခုဖြစ်လာရန် မျှော်လင့်ထားသည်။
WTI ၏ ရေနံဈေးနှုန်းမှာ ပြည်တွင်း နိုင်ငံရေးအကြောင်းရင်းများပေါ် အခြေ ခံပြီး အလွန်
မြင့်လွန်းသည်ဟု အချို့ သောကုန်သည်များက ဆိုသည်။
တရုတ်နှင့်ဂျပန်နိုင်ငံတို့မှ ရေနံဝယ်ယူ အားကောင်းသော်လည်း ရုရှားနိုင်ငံက ၎င်း၏
မဖွံ့ဖြိုးသေးသော အရှေ့ ဆိုက်ဘေးရီးယား ရေနံမြေများမှ ရေနံကို လက်ရှိတွင် လုံလုံ
လောက် လောက်ပေးနိုင်မပေးနိုင်ကို ဆန်းစစ် လေ့လာသူများက စိုးရိမ်လျက်ရှိသည်။
ရုရှားသမ္မတပူတင်က ထိုစိုးရိမ်မှုများ ကို ဘေးဖယ်ထားပြီး ရုရှားနိုင်ငံအရှေ့ ဖျားရှိ
Khabarovsk မြို့၌ပြုလုပ်သော ဖဲကြိုးဖြတ်ဖွင့််လှစ်သည့် အခမ်းအနား သို့ တက်ရောက်
လာသည်ကို ရုပ်သံ အစီအစဉ်၌ ထုတ်လွှင့်ပြသခဲ့သည်။
ကီလိုမီတာ ၄,၂၀၀ (မိုင် ၂,၆၀၀) ရှိသော ဒုတိယအကြိမ် ရေနံပိုက်လိုင်း တိုးချဲ့မှုမှာ
ရုရှားနိုင်ငံ ဘေကယ်ရေအိုင်၏ အနောက်ဘက်ရေနံမြေများမှ တရုတ် အရှေ့မြောက်
အစွန်းအနီးရှိ ကော့ဇ်မီနို ပစိဖိတ်ဆိပ်ကမ်းမြို့အထိ ဖြစ်သည်။
နောက်ဆုံးအခေါက် ရေနံပိုက်လိုင်း ချဲ့ထွင်ပြီးလျှင် ရေနံစိမ်းအများစုကို အမေရိကန်
ပြည်ထောင်စုသို့ တင်ပို့မည် ဖြစ်ပြီး အမေရိကန်ဈေးကွက်က ၃၅ ရာခိုင်နှုန်း ၀ယ်ယူရရှိ
မည်ဖြစ်ကြောင်း Transneft ကုမ္ပဏီ၏ အကြီးအကဲ တစ်ဦးဖြစ်သူ နီကိုလိုင်တိုကာရက်ဖ်
က ဖွင့်ပွဲအခမ်းအနားတွင် ပြောကြား ခဲ့သည်။
ရေနံ ၃၀ ရာခိုင်နှုန်းခန့်ကို ဂျပန်နိုင်ငံ သို့လည်းကောင်း၊ ၂၈ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံ
သို့လည်းကောင်း တင်ပို့ မည်ဖြစ်ပြီး ကျန်ရေနံများကို စင်ကာပူ၊ မလေးရှားနှင့် တောင်
ကိုရီးယားနိုင်ငံ များသို့ တင်ပို့မည်ဟု တိုကာရက်ဖ်က ပြောကြားခဲ့သည်။
(အေအက်ဖ်ပီ)
















