အမျိုးသမီးများကို ဆိုင်ကယ်နောက်မှ ခွစီးခွင့်ပိတ်ပင်
အင်ဒိုနီးရှားနိုင်ငံ၏ အစ္စလာမ်မစ်ဥ ပဒေအမာခံဒေသဖြစ်ရာ အာချေးပြည်နယ်ရှိ လဟော့စ်ဆီ
ယူမာဝီမြို့တွင် အမျိုးသားများ မောင်းနှင်သည့် မော်တော်ဆိုင်ကယ်များနောက်၌ အမျိုးသမီးများ
ခွစီးလိုက်ပါခွင့်ကို တားမြစ်သွားမည်ဖြစ်ကြောင်း အဆိုပါမြို့တော်ဝန်က ဇန်နဝါရီလ ၂ ရက်
နေ့တွင်ပြောသည်။
"အမျိုးသမီးတွေအတွက် ကားရား ခွထိုင်တာဟာ မသင့်တော်ပါဘူး။ အစ္စလာမ်ဥပဒေကို ဒီမှာ
လိုက်နာရပါမယ်။ ဆိုင်ကယ်ပေါ်မှာ ကားရားခွထိုင်တဲ့ အမျိုးသမီးဟာ ရှေ့ကဆိုင်ကယ်မောင်း
နေတဲ့ အမျိုးသားကို မတော်တရော်ဖြစ်စေပါတယ်။ ဘေးတိုက်ထိုင်ပြီး ခြေထောက်အောက်ချ
စီးဖို့ကိုပဲ ကျွန်တော်တို့ခွင့်ပြုပါမယ်"ဟု မြို့တော်ဝန်ဆူအာဒီယာဟယာက အေအက်ဖ်ပီကိုေ
ပြောသည်။ (အေအက်ဖ်ပီ)
















