ငှက်ဖျားကဲ့သို့သော ရောဂါများ ကုသမှုနှင့်ပတ်သက်၍ ကသောင်းကနင်း ဖြစ်စေသည့် အာရှမှ
ဆေးအတုများ စုပြုံကျလာခြင်းကြောင့် နိုင်ငံတကာ ကျန်းမာရေးကျွမ်းကျင်သူများက အာဖရိက
တိုက်၏ တစ်စိတ်တစ်ဒေသ များတွင် တိုးလာသည့် ကျန်းမာရေး ဆိုင်ရာ အကျပ်အတည်းကို
သတိပေး နေသည်။
စိမ့်ဝင်လွယ်သော အာဖရိကနယ်စပ်ဒေသများနှင့်အတူ တရုတ်နိုင်ငံတွင် ပေါ့ပေါ့လျော့လျော့
ကြပ်မတ်မှုတို့ ပေါင်းစပ်ကာ အာဖရိကတိုက်နှင့် ၎င်း၏အရေးကြီးသည့် ကျန်းမာရေးပြဿနာ
များကို အာနိသင်မရှိသော ဆေးဝါးများထုတ်လုပ်နေသည့် အချို့ပေါ်ပင် ကုမ္ပဏီများအတွက်
ထင်ရာကြဲအောင် ပြောင်းပေးကြသည်။
အာဖရိက၏ လွတ်လွတ်လပ်လပ် သဘောရှိသည့် ကျန်းမာရေးစနစ်များ ကြောင့် တိကျသော
အချက်အလက် ရရန်ခက်ခဲသည်။ သို့သော် မကြာမီက လေ့လာရေးအချို့မှ ယူဂန်ဒါနှင့်
တန်ဇန်းနီးယား နိုင်ငံများတွင် ငှက်ဖျားဆေးသုံးပုံတစ်ပုံသည် အတု၊ သို့မဟုတ် စံချိန်စံညွှန်း
မမီကြောင်း သတိပေးသည်။
ဆေးအများစုသည် တရုတ်နိုင်ငံ၊ သို့မဟုတ် အိန္ဒိယနိုင်ငံမှ ပေါ်ပေါက် သည်ဟု ထင်ရသည်။
အသက်ဆုံးရှုံးမှုများအပြင် အရှေ့ အာဖရိကတွင် ဆေးခံနိုင်ရည်ရှိမှု တိုးပွားများပြားလာခြင်း
ကိစ္စသည် နောက်ထပ်စိုးရိမ်စရာများ ဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောသည်။
"အာဖရိကတိုက်သားတွေ ဘယ်လောက် သေခဲ့ပြီလဲဆိုတာ ဘယ်သူမှ ရေတွက်မထားကြဘူး။
ဒါပေမယ့် တရုတ်ရဲ့ အခန်းကဏ္ဍက အမှန် တကယ် ထိတ်လန့်ဖွယ်ကောင်းတယ်" ဟု နိုင်ငံခြား
ဆက်သွယ်ရေးဆိုင်ရာ အမေရိကန်ပြည်ထောင်စု ကောင်စီ တွင် ကမ္ဘာအနှံ့ ကျန်းမာရေး
အဆင့်မြင့်ပုဂ္ဂိုလ် လောရီဂါရက်က ပြောသည်။
"ဆေးတစ်ခုကို အတုပြုလုပ်လိုပါက ဒီဆေးတစ်ထုပ်ကို တရုတ်နိုင်ငံကို ယူသွားရင် သူတို့က
ထောင်ပေါင်း များစွာလုပ်ပေးနိုင်တယ်လို့ ကျွန်တော် တို့ကို ပြောပြကြတယ်"ဟု ယူဂန်ဒါ အမျိုး
သား ဆေးဝါးဆိုင်ရာ အာဏာပိုင်အဖွဲ့၏ ဆေးဝါးကြီးကြပ်ရေးခေါင်းဆောင် ဒေးဗစ်နာဟာပြာက
ပြောသည်။
မကြာမီနှစ်များက ဆေးတုနှင့် အဆင့် မရှိသော ဆေးများနှင့်ပတ်သက်၍ လေ့လာရေးများ
တိုး၍ပြုလုပ်လာကြ သည်။ သို့သော် အစိုးရ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများနှင့် ဆေး
ကုမ္ပဏီများက ခိုင်မာစွာ အမြစ်တွယ်နေသော စိတ်ဝင်စားမှုကြောင့် အာဖရိကတိုက် တွင်
လူသတ်ဆေးဝါးများ၏ အန္တရာယ်ကို အကျပ်အတည်းတစ်ခုဟု ခေါ်ဆို ရန် အင်တင်တင်
ဖြစ်နေသည်။
အသက်ကယ်သည့် အေ့ဒ်စ်ဆေးဝါး ကုသမှုမှ အရေးပေါ် သန္ဓေတားခြင်းအထိအတုခိုးခြင်း၊
အတုပြုလုပ်ခြင်းနှင့် ကုမ္ပဏီခွဲများဖြင့် အရည်အသွေးညံ့ဖျင်း သော ကားအမြောက်အမြား
ထုတ်လုပ်ခြင်းများ ပြုလုပ်ကြသည်။
အတုပြုလုပ်သူများသည် ၎င်းတို့၏ ဈေးကွက်များကို ကောင်းစွာသိကြပြီး ဆေးဝါးများကို
လျော်ညီစွာချိန်ရွယ်ကြ သည်။ ထိုကိစ္စကိုနှိမ်နင်းရန်ကြိုးပမ်းမှု များသည် အစပျိုးစပင် ရှိနေ
သေးသည်။
လူနာများအား ထိခိုက်နစ်နာစေမှုကိုအရေးမစိုက်သည့် ဆေးတုထုတ်သူများသည် အမြတ်များ
စွာရရှိရန် ဆက်လက်လုပ်နေကြသည်။ (ဂါးဒီးယန်း)
















