ဒမတ်စကတ် - ဆီးရီးယားတွင် လူပေါင်းများစွာ လမ်းမပေါ်ထွက်၍ အစိုးရအဖွဲ့နုတ်ထွက်ပေးရန်
ဆန္ဒပြခဲ့ကြပြီးနောက် နာရီပေါင်းအတန်ကြာ သောအခါ နှစ်သစ်ကူးနေ့တွင် ဆီးရီးယား မြို့အနီး
၌ လေကြောင်းမှ တိုက်ခိုက်မှုများကြောင့် လူအများ အိပ်ရာမှ လန့်ဖျပ်နိုးထခဲ့ကြပြီး အလက်ပို
မြို့ လေယာဉ်ကွင်းအား သူပုန်များတိုက်ခိုက်မှုကြောင့် ပိတ်ထားခဲ့ရသည်။
အဆိုပါအကြမ်းဖက်မှုများသည် တက်ကြွလှုပ်ရှားသူများ လူအများအပြားကို သတ်ဖြတ်ပြီး
အပိုင်းပိုင်းခုတ် ဖြတ်ထားမှုများကို တွေ့ရှိရကြောင်း သတင်းပေးပို့ခဲ့ပြီး နောက်တစ်နေ့တွင်
ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ယင်းသည် ၂၁ လကြာပြီဖြစ်သော ရင်ဆိုင်တိုက်ခိုက်မှု များ၏ ရွံ့ရှာဖွယ်
သဘောသဘာဝကို လှစ်ပြလိုက်သည့် အရိပ်အယောင် ဖြစ်သည်။
စစ်လေယာဉ်များသည် ဒမတ်စကတ်မြို့၏ ဆင်ခြေဖုံးရပ်ကွက်များ အား ယခုထက်ပို၍ ဝေးသော
ဒေသများသို့ တွန်းထုတ်ရန် ကြိုးပမ်းမှုအသစ်များအဖြစ် ဗုံးများကြဲချခဲ့ကြပြီး စစ်တပ်များက
လည်း ဒမတ်စကတ်လေယာဉ်ကွင်းသွားရာလမ်းတစ်လျှောက်ရှိ သူပုန်တို့ အခိုင်အမာတပ်ချ
ထားသည့် ကတုတ်ကျင်းများအား တိုက်ခိုက်ခဲ့ကြသည်။
ဆီးရီးယား၏ လူ့အခွင့်အရေးစောင့် ကြည့်မှုအဖွဲ့က လေကြောင်းတိုက်ခိုက် မှုများကို
လေယာဉ်ကွင်းသွားရာလမ်း တစ်လျှောက်ရှိ အခိုင်အမာခံ ကတုပ်ကျင်းများအား ပြင်းထန်စွာ
တိုက်ခိုက်မှုများကြားမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီးတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူပေါင်း ၄၃
ယောက် သေဆုံးခဲ့သည့်ကြားမှ ဒမတ်စကတ်ဒေသတွင် ၁၃ ယောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း
ပြောကြားသည်။
ဒမတ်စကတ်မြို့ပြင်ပရှိ သူပုန်တို့၏ နောက်တန်း အခြေခံစစ်စခန်းများ တည်ရှိသော ဒေသတွင်
တိုက်ပွဲများ သီတင်းပတ်ပေါင်းများစွာ ဆက်လက် ဖြစ်ပွားနေခဲ့ခြင်း ဖြစ်သည်။ ဆန်းစစ်လေ့လာ
သူများကမူ အစိုးရ စစ်တပ်များသည် ၀န်ကြီးချုပ်ဝေယဲလ် အယ်ဟာလာကီက အစိုးရဘက်မှ
လက်ခံဆွေးနွေးရန် အသင့်ရှိနေသည်ဟုဆိုသော တွေ့ဆုံဆွေးနွေးပွဲအတွက် လိုအပ်မည့် အခြေ
အနေကို ဖန်တီးရန် ရည်ရွယ်၍ ဒမတ်စကတ်မြို့နှင့် ပတ် ၀န်းကျင်ဒေသအား လုံးဝ ထိန်းချုပ်စိုးမိုး
နိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း ပြောကြားလျက်ရှိသည်။
သူပုန်တို့က ကြီးမားသော နယ်မြေ ဒေသအစိတ်အပိုင်းများအား သိမ်းဆည်းထားသည့်
ဆီးရီးယားမြောက်ပိုင်းတွင်မူ သူပုန်များတိုက်ခိုက်မှုပြီးနောက် တွင် အာဏာပိုင်များက အလက်ပို
လေဆိပ်ကို ပိတ်သိမ်းကြောင်း ကြေညာခဲ့သည်။
အတိုက်အခံစစ်သွေးကြွများ ဘက်မှ အရပ်ဘက်လေယာဉ်များအား ပစ်မှတ်ထားတိုက်ခိုက်ရန်
တစ်လျှောက်လုံးဆက်လက်ကြိုးပမ်းမှုများရှိခဲ့ရာ လူသားချင်းစာနာမှုပြုသင့်သော ဘေးအန္တရာယ်
ကျရောက်မှုများဖြစ်ပေါ်နိုင်သည့် အနေအထားများရှိကြောင်း လေယာဉ်ကွင်းအရာရှိတစ်ဦးက
အေ အက်ဖ်ပီကို ပြောကြားသည်။
၎င်းက စစ်တပ်ဘက်မှ ယင်းလေ ယာဉ်ကွင်းတစ်ဝိုက်ဒေသအား ပြန်လည် သိမ်းပိုက်နိုင်ရန်
ကြိုးပမ်းနေဆဲကာလ အတွင်း လေယာဉ်ကွင်းအား ယာယီပိတ်ထားနိုင်ဖွယ်ရှိကြောင်း
ပြောကြားသည်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က အဆိုပါယာယီပိတ်ထားမှုသည် သူပုန်တို့ အမြောက်ဖြင့်
ပစ်ခတ်တိုက်ခိုက်မှု ကြောင့် ဖြစ်နိုင်ခြေရှိသော စနေနေ့ကအရပ်ဘက် လေယာဉ်တစ်စင်း
ပြေးလမ်း မှ ပျံတက်စဉ် ထိမှန်ခဲ့ပြီးနောက် ဖြစ်ပေါ်ခဲ့ကြောင်း သတင်းပေးပို့ခဲ့သည်။
(အေအက်ဖ်ပီ)

















