ဒေလီ အဓမ္မပြုကျင့်သူများက အမျိုးသမီးငယ်ကို၊၊ ကားဖြင့်ကြိတ်သတ်ရန် ကြိုးစားခဲ့ကြ

ဒေလီ အဓမ္မပြုကျင့်သူများက အမျိုးသမီးငယ်ကို၊၊ ကားဖြင့်ကြိတ်သတ်ရန် ကြိုးစားခဲ့ကြ

နယူးဒေလီ - ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက နယူးဒေလီမြို့ ဘတ်စ်ကားတစ်စီးပေါ်တွင်
ကျောင်းသူတစ်ဦးကို ကိုယ်ထိလက်ရောက် စော်ကားခဲ့ကာ အသက်ကိုပင် သေဆုံးသွား
စေခဲ့သော မတရားပြုကျင့်ခဲ့ကြသူများသည် ယင်းသို့ အဓမ္မပြုကျင့်ခဲ့ကြအပြီးတွင်ပင်
အမျိုးသမီးငယ်ကို ကားဖြင့်တက်ကြိတ်ရန် ကြိုးစားခဲ့ကြကြောင်း ရဲမှတ်တမ်းတစ်ခုကို ကိုးကား
၍ ဇန်နဝါရီလ ၂ ရက်နေ့ သတင်းများတွင် ဖော်ပြထားသည်။

အမျိုးသမီးကို ကြိမ်ဖန်များစွာ အဓမ္မ ပြုကျင့်ခဲ့အပြီး၌ ကားပေါ်မှရိုက်နှက် တွန်းချခြင်းခံခဲ့ရသော
ရည်းစားဖြစ်သူ အမျိုးသားက ၎င်း၏ နောက်မှကား ပေါ်မှတွန်းချခြင်းခံခဲ့ရသည့် အမျိုးသမီး
ကို တက်ကြိတ်ရန် ပြန်လှည့်လာသည့်ကား၏ဘေးလွတ်ရာသို့ လက်မတင်လေးအချိန်မှာပင်
ဆွဲယူကယ်ဆယ်ခဲ့ရကြောင်း ဇန်နဝါရီလ  (၃) ရက်နေ့ကတရားရုံးတော်တွင် တင်ပြမည့်
စာမျက်နှာ ၁,၀၀၀ စွဲဆိုချက်ရဲမှတ်တမ်းတွင်ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံတစ်ဝန်း၌ ကျယ်ပြန့် လာသည့် လိင်ရာဇဝတ်မှုများအပေါ် ဒေါသူပုန်ထကြွလာစေ
သော ဖြစ်ရပ်ဆိုးများကြံုတွေ့ခဲ့ရသူ ၂၃ နှစ်အရွယ် ဆေးကျောင်းသူလေးသည် ၎င်းကို အဓမ္မ
ပြုကျင့်ခဲ့သူ ခြောက်ဦးအနက်သုံးဦးကို ပြန်လည်ခုခံကာ သွားဖြင့်ကိုက်ခဲ့ကြောင်း ဒေသဆိုင်ရာ
သတင်းစာများနှင့် ရုပ်သံများတွင်ဖော်ပြခဲ့သည်။

သံသယဖြင့် ဖမ်းဆီးခံထားရသူများ၏ ကိုယ်ပေါ်မှအဆိုပါသွားကိုက်ရာများအပြင် သွေး၊ သုက်
သွေး၊ ဆံပင်များကဲ့ သို့သော မှုခင်းဆိုင်ရာဆေးစစ်ချက် များနှင့် အမျိုးသမီးရည်းစား၏ ထွက်ဆို
ချက်များသည် စွပ်စွဲခံရသူများကို ခုံရုံး တင်စစ်ဆေးရာတွင် အရေးပါသည့် သက်သေခံများဖြစ်
လာမည်ဟု ယူဆရ ကြောင်း ရဲများနှင့်သတင်းများကဆို ထားသည်။

သင်္ကာမကင်းခံရသူငါးဦးကို ဖမ်းမိ ထားပြီးဖြစ်ကာ ဇန်နဝါရီလ ၃ ရက် နေ့တွင် ရုံးတင်စစ်ဆေး
သွားမည်ဖြစ်ပြီး ဆဋ္ဌမမြောက် သင်္ကာမကင်းခံရသူသည် အသက် ၁၇ နှစ်အရွယ်ဖြစ်သဖြင့်
လူငယ်တရားရုံးတွင် သီးခြားစစ်ဆေးသွားမည်ဟု ယူဆရသည်။

"အမျိုးသမီးနဲ့ သူ့ရည်းစားကို အဝတ်တွေချွတ်ပြီး ကားပေါ်ကနေ ပစ်ချသွားကြတယ်။ ကားက
ပြန်ကွေ့လာပြီး တက်ကြိတ်ဖို့လာတာကို မြင်တော့ အမျိုးသားက အမျိုးသမီးကို အချိန်မီ
ဆွဲဖယ်လိုက်ရတယ်" ဟု အိန္ဒိယအိတ်စ်ပရက်စ်သတင်းစာတွင် ဖော်ပြထားသည်။

ကိုယ်ပိုင်ကားမောင်းသူသည် သူ၏  သူငယ်ချင်းများနှင့် ကားအပျော်စီးလျက် အမျိုးသမီးငယ်
ကို အဓမ္မပြုကျင့်မှု၌ ပါ၀င်ပတ်သက်ခဲ့ကြောင်း ရဲ၏စွဲချက်တွင် ပါ၀င်ဖွယ်ရှိသည်ဟု အိန္ဒိယ
သတင်းစာတစ်စောင်တွင် ဖော်ပြထားသည်။ ကားမောင်းသူသည် ကားကိုဆေးကြောကာ
တိုက်ခိုက်စော်ကားခံရသူများ၏ အဝတ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက်လည်း သက်သေခံ
ပစ္စည်း ဖျောက်ဖျက်မှုအတွက် စွဲချက်တင်ထားသည်။ အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးသည်
အူလမ်းကြောင်း ဖယ်ထုတ်ပစ်ရသည်အထိ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီး ၁၃ ရက်ကြာ
အသက်လုခဲ့ရပြီးနောက် စင်ကာပူဆေးရုံတစ်ရုံ၌ လွန်ခဲ့သည့်သီတင်းပတ်အတွင်း ကွယ်လွန်
ခဲ့ရသည်။

ယင်းဖြစ်ရပ်အပေါ် ဒေါသတကြီး လူထုအုံကြွမှုနှင့် ရင်ဆိုင်ခဲ့ရသည့်အစိုးရသည် မတရားပြုကျင့်
တိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးရန် အဖွဲ့ဝင် ၁၃ ဦးပါ သော ကော်မတီတစ်ခုကို ဇန်နဝါရီလ ၁ ရက်
နေ့တွင် ဖွဲ့စည်းပေးခဲ့သည်။ ယင်းအဖွဲ့သည် လိင်မှုရေးရာ ရာဇဝတ် မှုနှင့်စပ်လျဉ်း၍ ဓာတုဆေး
ဖြင့် သင်းကွပ်ခြင်းအပါအဝင် ပိုမိုပြစ်ဒဏ်ကျ သင့်စေရေးအတွက် ပြစ်မှုဆိုင်ရာဥပဒေများကို
ပြုပြင်သွားရန် အကြံပြုသွားမည်ဖြစ်သည်။ အဓမ္မပြုကျင့်ခံရသူ၏ မိသားစုကမူ အပြစ်ရှိသူများ
အား ကြိုးပေးကွပ်မျက် မှသာလျှင် ကျေနပ်နိုင်မည်ဖြစ်ကြောင်း ဒီဇင်ဘာလ ၃၁ ရက်နေ့က
ပြောဆိုထားကြသည်။

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး နေဗီပီလေးကမူ ယခုအဖြစ်အပျက်ကြောင့်
အိန္ဒိယနိုင်ငံအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်စေ မည်ဖြစ်သော်လည်း သေဒဏ်အပြစ်
ပေးခြင်းမှာမူ မှန်ကန်သည့်အဖြေတစ်ခုမဟုတ်ဟုဆိုခဲ့သည်။ "လိုအပ်တာက အမျိုးသမီးရေးရာ
ကိစ္စတွေမှာ လူထုအလေးထားမှု၊ ပိုမို ထိရောက်ပြီး စာနာပေးမယ့်ဥပဒေအရ အရေးယူ
ဆောင်ရွက်မှုတွေရှိဖို့ပါ" ဟု ၎င်းကပြောသည်။ (အေအက်ဖ်ပီ)