အိုဘားမား သမ္မတ ဒုတိယသက်တမ်း ကာကွယ်ရေးဝန်ကြီးနှင့် စီအိုင်အေအကြီးအကဲ ရွေးချယ်

အိုဘားမား သမ္မတ ဒုတိယသက်တမ်း ကာကွယ်ရေးဝန်ကြီးနှင့် စီအိုင်အေအကြီးအကဲ ရွေးချယ်

၀ါရှင်တန် - အမေရိကန်သမ္မတ ဘာရက်အိုဘားမားသည် ရီပတ်ဘလီကန် အထက်လွှတ်တော်
အမတ်ဟောင်းချပ်ဟေဂယ်လ်အား ပင်တဂွန်ဌာနချုပ် ကိုဦးဆောင်မည့် ကာကွယ်ရေးဝန်ကြီး
အဖြစ် ဇန်နဝါရီလ ရ ရက်နေ့ကအမည်စာရင်းတင်သွင်းခဲ့ရာ အတိုက် အခံရီပတ်ဘလစ်ကင်
များက ဟေဂယ်လ်သည် အစ္စရေးနိုင်ငံအရေး၌ တင်းမာလွန်း၍ အီရန်နိုင်ငံအပေါ်၌မူ ပျော့ပျောင်း
လွန်းသူဖြစ်ကြောင်း ပြောဆို လျက် အတည်ပြုချက်ရယူရေး၌ ကန့်ကွက်လျက်ရှိသည်။

မကောင်းသတင်းဖြင့် ရာထူးမှနုတ် ထွက်သွားခဲ့ရသူ စီအိုင်အေအကြီးအကဲ ဒေးဗစ်ပက်ထရီး
ယတ်စ်၏နေရာတွင်အစားထိုးရန် ဂျွန်ဘရေနန်ကို အိုဘားမားရွေးချယ်ခဲ့ရာတွင်မူ အဆင်ပြေ
လျက်ရှိသည်။ သို့ရာတွင် ဘရေနန် သည် အကြမ်းဖက်ဝါဒ တန်ပြန်စစ်ဆင် ကာကွယ်ရေး
ဆိုင်ရာ စစ်ကြောရေး နည်းစနစ်များနှင့် ယီမင်နိုင်ငံတွင် အမေရိကန်မောင်းသူမဲ့ လေယာဉ်ဖြင့်
တိုက်ခိုက်ခဲ့မှုများအတွက် လက်ညှိုးထိုး ခံရဖွယ်ရှိနေသည်။

သမ္မတရာထူး ဒုတိယသက်တမ်း အတွက် သမ္မတ၏အမျိုးသားလုံခြံုရေး အဖွဲ့သည် အဆုံး၌
ထောက်ခံမှုများ ရရှိကာ အနိုင်ရမည်ဟု မျှော်လင့်ရသော်လည်း ရီပတ်ဘလီကန်ထိပ်တန်း
ပါတီဝင်များကမူ ယင်းတို့၏ ပါတီဝင်တစ်ဦးဖြစ်သည့်တိုင် ဟေဂယ်လ်၏ရာထူးအတွက်
ကန့်ကွက်သွားကြမည်ဟုဆိုသည်။

"ချပ်ဟေဂယ်လ်ဟာ ကျွန်တော်တို့ စစ်တပ်အတွက် ထိုက်တန်တဲ့ဦးဆောင် သူတစ်ဦးပါ။
သူဟာ အမေရိကန် မျိုးချစ် ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ပါတယ်" ဟု သမ္မတအိုဘားမားက
ဗီယက်နမ်စစ်ပွဲ အတွင်း ဒဏ်ရာများရရှိခဲ့ကာ စစ်သား တစ်ဦးအဖြစ် ဆုတံဆိပ်နှစ်ခုရရှိခဲ့သူ
စစ်သူရဲကောင်း ဟေဂယ်လ်ကို ချီးမွမ်း စကားဆိုခဲ့သည်။

"ချပ်ကို ဗုံးဆန်တွေထိတုန်းက သူ့အစ်ကိုက ကယ်ခဲ့တယ်။ နောက် သူ့အစ်ကို မိုင်းထိတော့
လည်း ချပ်ကပဲ အသက်စွန့်ပြီးကယ်ခဲ့ရတယ်။ ဒီကနေ့ တော့ ချပ်ဟာ ဒီဒဏ်ရာတွေကြေပါပြီ"
ဟု အိုဘားမားက ပြောသည်။

သို့ရာတွင် ရီပတ်ဘလီကန်အချို့ ကမူ ယခင်သမ္မတဟောင်း ဂျော့ဒဗ္ဗလျူ ဘွတ်ရှ်အပေါ် အီရတ်
စစ်ပွဲကိုင်တွယ်မှု နှင့်စပ်လျဉ်း၍ ချပ်၏ ပွင့်ပွင့်လင်းလင်း ဝေဖန်မှုများအတွက် ခွင့်မလွှတ်နိုင်ဘဲ
ရှိကာ ဒီမိုကရက်တစ်သမ္မတနှင့် ၎င်း၏ ရင်းနှီး မှုကြောင့် သစ္စာဖောက်တစ်ဦး အဖြစ် ရီပတ်ဘလီ
ကင်များက သမုတ်ထားကြသည်။

အသက် ၆၆ နှစ်အရွယ်ဟေဂယ်လ် သည် အလွန်အကြူးပင် သီးခြားဆန်သည့်ဉာဉ်နှင့်
ဟောဟောဒိုင်းဒိုင်း ပြောတတ်သူအဖြစ်လူသိများကာ အမေရိက၏ ဂျူးမျက်နှာသာပေးခြင်းကို
ဝေဖန် ထားခြင်းနှင့် အီရန်အပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုအချို့ကို ကန့်ကွက်ခဲ့ ခြင်းများ
ကြောင့် ကာကွယ်ရေးဝန်ကြီး ရာထူးအတွက် ကျယ်ပြန့်စွာကန့်ကွက် ခံရမှုနှင့် ရင်ဆိုင်
ရဖွယ်ရှိသည်။

ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် လင်းဆေးဂရေဟမ်ကဟေဂယ်လ်သည်
အမေရိကန် သမိုင်းတွင် အစ္စရေးနိုင်ငံအတွက် ရန်ဘက်ဖြစ်မည့် ကာကွယ်ရေးဝန်ကြီးတစ်ဦး
ဖြစ်လာလိမ့်မည်ဟု ဆိုခဲ့ကာ အခြား ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် ဂျွန်ကိုနင်
ကလည်း ၎င်းအနေဖြင့် ကန့်ကွက်သွားမည်ဖြစ်ပြီး ဟေဂယ်လ်သည်သာ ကာကွယ်ရေးဝန်ကြီး
ဖြစ်ပါက အစ္စရေးနိုင်ငံနှင့် အရှေ့အလယ်ပိုင်းရှိ အခြားမိတ်ဆွေနိုင်ငံများအတွက် အမေရိက
၏ သတင်းဆိုးကြီးဖြစ်သွားမည်ဖြစ် ကြောင်း ပြောဆိုခဲ့သည်။

အသက် ၅၇ နှစ်အရွယ် ဂျွန်ဘရေ နန်၏ စီအိုင်အေအကြီးအကဲ ရာထူး အတွက်မူ အနှောင့်
အယှက်မရှိ အောင်မြင်သွားနိုင်သော်လည်း ဘွတ်ရှ် အစိုးရလက်ထက်က စစ်ကြောရေး နည်း
စနစ်များနှင့် အမေရိကန် မောင်းသူမဲ့လေယာဉ် တိုက်ခိုက်မှုများအတွက်မူ မေးခွန်းများဖြင့်
ရင်ဆိုင်ရဖွယ်ရှိသည်။

စီအိုင်အေတွင် အမှုထမ်းသက် ၂၅ နှစ်ရှိခဲ့သူ အရှေ့အလယ်ပိုင်းရေးရာ၌ ကျွမ်းကျင်၍ အာရပ်
စကားပြောတတ် သည့် ဘရေနန်သည် အကြီးအကဲဟောင်းပက်ထရီး ယတ်စ်နေရာတွင် ရာထူး
ဆက်ခံမည် ဖြစ်သည်။ (အေအက်ဖ်ပီ)