ကိုင်ရို - အီဂျစ်သမ္မတ မိုဟာမက်မော်စီသည် ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အက်ဘတ်စ်၊
ဟားမာ့စ် ပေါ်လစ်ဗျူရိုခေါင်းဆောင် ခါလက်မီရှယ်လ်တို့အား ကိုင်ရိုမြို့၌ ဇန်နဝါ ရီ ၉ ရက်နေ့တွင်
တွေ့ဆုံမည်ဟု သမ္မတမော်စီရုံးက သတင်းထုတ်ပြန်ထားသည်။
သမ္မတမော်စီနှင့် သုံးပွင့်ဆိုင်မတွေ့ဆုံမီ အက်ဘတ်စ်နှင့်၊မီရှယ်လ်တို့သည် အီဂျစ်နိုင်ငံ၏ ထောက်
လှမ်းရေး အရာရှိချုပ်နှင့် ဦးဆုံးတွေ့ဆုံရမည်ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ယာဆာအလီ
က အေအက်ဖ်ပီသို့ ပြောသည်။
အက်ဘတ်စ်သည် ဆွေးနွေးမှုများပြုလုပ်ရန် မော်စီ၏ဖိတ်ခေါ်ချက်ဖြင့် အီဂျစ်သို့ သွားရောက်ခဲ့ခြင်း
ဖြစ်သည်ဟု အက်ဘတ်စ်ခေါင်းဆောင်သော ဖာတာပါတီတို့ကြား စေ့စပ်ညှိနှိုင်းရေး ခေါင်းဆောင်
အဇမ်အယ်လ်အာမက် က ပြောကြားသည်။
မီရှယ်လ်နှင့် ၎င်း၏အဖွဲ့သည် ရက်အတန်ကြာ အလည်အပတ်ခရီးအတွက် ဇန်နဝါရီ ၈ ရက်နေ့တွင်
ဒိုဟာမှ ကိုင်ရိုသို့ ရောက်ရှိခဲ့သည်။
ဟားမာ့စ်နှင့် ဖာတာပါတီတို့သည် ၂၀၀၇ ခုနှစ်၊ ဇွန်လတွင် ဂါဇာကမ်းမြောင်ဒေသကို အစ္စလမ္မစ်များ
က သိမ်းပိုက်ခဲ့သည့် အချိန်ကတည်းက ရန်စောင်နေခဲ့ကြသည်မှာ ပြီးခဲ့သည့်နှစ်အထိ ပြီးဆုံးခြင်း
မရှိခဲ့ပေ။
(အေအက်ဖ်ပီ)
















