ပေကျင်း- တရုတ်နိုင်ငံတွင် သတင်းစာလွတ်လပ်ခွင့်ကို အားပေးထောက်ခံ သည့်အနေဖြင့် စာပေ
စိစစ်ရေးကိစ္စနှင့် ပတ်သက်ပြီး အချင်းများနေကြသည့် သတင်းစာတစ်စောင်၏ ရုံးခန်းများ အပြင်
ဘက်တွင် ဇန်နဝါရီလ ရ ရက် နေ့က ရာပေါင်းများစွာသော သူများ ဆန္ဒပြခဲ့ကြသည်ဟုဆိုသည်။
အဆိုပါ စာပေစိစစ်ရေးကိစ္စသည် ပြည်သူများ ပါ၀င်ပြီးဒေါသတကြီး ပြောဆိုခဲသည့် ကိစ္စဖြစ်သည်။
'သတင်းစာလွတ်လပ်ခွင့်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဝါဒနှင့် ဒီမိုကရေစီစနစ်ကိုသာ အလိုရှိသည်'ဆို
သော နဖူးစည်းစာတန်းကို ကိုင်ဆောင်ထားသည့် ပြည်သူများသည် ကွမ်ကျိုးရှိ Southern
Weekly ရုံးအပြင်ဘက်တွင် ဆန္ဒပြခဲ့ကြသည်။
ရပိုင်ခွင့်များကို အကာအကွယ်ပေး နိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖွဲ့စည်းထားသော
တရုတ်နိုင်ငံဖြစ်ရေး မျှော်မှန်းချက် ဖြစ်ထွန်းပေါ်ပေါက်လာရေး တောင်းဆိုထားသော နာမည်ကြီး
နိုင်ငံရေးသတင်းစာတစ်စောင်မှ နှစ်သစ်ကူးဆောင်းပါးကို ဇန်နဝါရီ ၃ ရက် တွင် စာပေစိစစ်ရေးအဖွဲ့
က ပိတ်ပစ်ခဲ့ပြီးနောက် နိုင်ငံတောင်ပိုင်းမြို့တွင် ဆန္ဒပြမှု ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
တရုတ်နိုင်ငံရှိ မီဒီယာအဖွဲ့အစည်းများအားလုံးသည် တရုတ်အစိုးရ၏ ၀ါဒဖြန့်သည့်ဌာနများမှ
ညွှန်ကြားသည့်အတိုင်း လိုက်နာနေကြရသည်။
အချို့ သော စာနယ်ဇင်းများက ဝေဖန်ရေး ဆောင်းပါးများကို ပိုမိုအသားပေး ဖော်ပြကြသော်လည်း
လက်ရှိအာဏာရ ပါတီဖြစ်သည့် ကွန်မြူနစ်ပါတီမှ အဖျက်သဘောဆောင်သည်ဟု ရှုမြင်သော
သတင်းများကို ယင်းဌာနများက မကြာခဏ ထိန်းချုပ်ထားလေ့ရှိသည်။
ပိုစတာများကိုင်ဆောင်ကာ သတင်း စာလွတ်လပ်ခွင့်ဆုံးရှုံးသည့် သင်္ကေတအဖြစ် တရုတ်နိုင်ငံရှိ
အသုဘများတွင် အသုံးပြုသည့် ဂန္ဓမာပန်းများ ကြဲချခဲ့ကြ သော လူငယ်များ အဓိကပါ၀င်သည့်
ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ခွင့်ပြုခဲ့သည်။
အာဏာရပါတီနှင့် အဆက်အသွယ်ရှိသော အစိုးရပိုင် Global Times သတင်းစာ၏ တရုတ်ဘာသာ
စကား နှင့်ရေးသားထားသော အယ်ဒီတာ့အာဘော်တွင် ပေကျင်းသည် သတင်းကိစ္စနှင့်ပတ်သက်
လာလျှင် မည်သူ မည်ဝါက ပြောဆိုပါသည်ဆိုသော ကိုးကားချက်များကို ဖော်ပြရန် ဆုံးဖြတ်ထား
သည်ဟုဆိုသည်။
"စိစစ်ရေးဖြတ်တောက်မှုကို ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ လက်ရှိကာလတွင် ဖြစ်
ပေါ်နေသော တရုတ်နိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေးကိစ္စများသည် ပြည်သူများ မျှော်မှန်းထားသော မီဒီ
ယာလွတ်လပ်ခွင့်မျိုး မဖြစ်နိုင်သည်မှာ အားလုံးသိပြီးဖြစ်ကြောင်း" ကိုလည်း ဖော်ပြထားသည်။
တရုတ်နိုင်ငံ၏ မီဒီယာကဏ္ဍတွင် နိုင်ငံရေးအတွက် သီးသန့်နေရာတစ်ခု ဖြစ်လာဖို့ဆိုသည်မှာ
မဖြစ်နိုင်ကြောင်း၊ မီဒီယာများက အစိုးရကိုတိုက်ခိုက်ရန် အကြောင်းရှာခဲ့မည်ဆိုပါက ၎င်းမီဒီယာ
သည်သာ အရှုံးနှင့်ရင်ဆိုင်ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ဟောင်ကောင်အခြေစိုက် တရုတ် မီဒီယာလုပ်ငန်း၏ ချေပပြောဆိုမှုတစ်ခုတွင် သတင်းစာတွင်
အယ်ဒီတာများ ရေးသားခဲ့သော နှစ်သစ်ကူးအယ်ဒီတာ့ အာဘော်နေရာတွင် အစားထိုးထည့်သုံးရန်
စီနီယာအယ်ဒီတာများ၏ သတင်း ပေးပို့ချက်များကို သတင်းထောက်များသည် ငြင်းဆိုခဲ့သည်ဟု
ဆိုသည်။
၂၀၁၁-၁၂ ခုနှစ်တွင် နယ်စည်း မခြား သတင်းထောက်များအဖွဲ့က ပြုစုထုတ်ပြန်သည့် သတင်းစာ
လွတ်လပ်ခွင့်အရ နိုင်ငံများအား အဆင့်သတ်မှတ်ရာတွင် တရုတ် နိုင်ငံသည် နိုင်ငံပေါင်း ၁၇၉ နိုင်ငံ
တွင် အဆင့် (၁၇၄) ရှိသည်။
(အေအက်ဖ်ပီ)

















