ဗြိတိန်အလံကို ဘဲလ်ဖတ်စ်မြို့တော်ခန်းမတွင် ပထမဆုံးအကြိမ် လွှင့်ထူ

ဗြိတိန်အလံကို ဘဲလ်ဖတ်စ်မြို့တော်ခန်းမတွင် ပထမဆုံးအကြိမ် လွှင့်ထူ

ဘဲလ်ဖတ်စ် (ဗြိတိန်) - ဗြိတိန်အလံ မလွှင့်တင်ရအမိန့်ထုတ် လိုက်သည့်အတွက် ပြီးခဲ့သည့်တစ်လ
အလိုက မြောက်အိုင်ယာလန်တွင် အဓိကရုဏ်း ဖြစ်ပွားခဲ့ရာ ထိုအချိန်ကစပြီး ပထမဆုံးအကြိမ်
အဖြစ် ဇန်နဝါရီ ၉ ရက်နေ့က ဘဲလ်ဖက်စ် မြို့တော်ခန်းမတွင် ဗြိတိန်အလံကို လွှင့်ထူခဲ့သည်။

ဗိတိန်၏ ပြည်နယ်တစ်ခုဖြစ်သော အိုင်ယာလန်တွင် အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ
ခြောက်ည မြောက်တွင် ဆန္ဒပြသူများက ဘဲလ်ဖတ်စ် မြို့မှ ရဲသားများကို ဓာတ်ဆီပုလင်း ဗုံးများ၊
မီးရှုးမီးပန်းများ၊ ပုလင်းများ၊ ကျောက်ခဲများဖြင့် ပစ်ပေါက်ခဲ့ကြသည်။

မြို့တော်ခန်းမတွင် တစ်နှစ်တာ ကာလလုံး ဗြိတိန်အလံလွှင့်ထူ ခြင်းမပြုရဟု ဘဲလ်ဖတ်စ်မြို့တော်
ကောင်စီက ကြေညာချက် ထုတ်ပြန်ခဲ့သောကြောင့် ဗြိတိန်အစိုးရအားလိုလားသည့် ဆန္ဒပြသူများ
သည် ဒီဇင်ဘာ ၃ရက်နေ့ ကတည်းက ညတိုင်းနီးပါး လမ်းမများ ပေါ်ထွက်ပြီး ဆန္ဒပြခဲ့ကြခြင်းဖြစ်
သည်။

ဗြိတိန်ဘုရင်မမွေးနေ့များ အပါအဝင် တစ်နှစ်လုံးတွင် အများဆုံး ၁၈ ရက် အလံ လွှင့်ထူမည်ဖြစ်ပြီး
မင်းသားဝီလျှံ၏ ကြင်ယာတော် ကက်သရင်း၏ ၃၁ နှစ်မြောက် မွေးနေ့ဖြစ်သည့် ဇန်နဝါရီလ ၉ ရက်
နေ့ တွင် ပထမဆုံးအကြိမ်အဖြစ် အလံလွှင့်ထူခဲ့သည်။

(အေအက်ဖ်ပီ)