တင်းကျပ်သည့်လုံခြံုရေးဖြင့် ပိုလီယိုကာကွယ်ဆေးထိုး

တင်းကျပ်သည့်လုံခြံုရေးဖြင့် ပိုလီယိုကာကွယ်ဆေးထိုး

ပက်ရှာဝါ (ပါကစ္စတန်) - ကျန်းမာရေးလုပ်သားများအား တိုက်ခိုက်မှုများစွာ ပြုလုပ်ပြီးနောက်
အနောက်မြောက်ဘက်တွင် ပိုလီယိုကာကွယ် ဆေးထိုးခြင်းကို ပိပိရိရိပြန်လည်စတင်ရန် လက်နက်
ကိုင် စစ်ရဲနှင့် ရဲများ၏အကူအညီကို ရယူကာ ပါကစ္စတန်နိုင်ငံက စီစဉ်နေသည်ဟု အရာရှိများက
သောကြာနေ့ ကပြောသည်။

ဒီဇင်ဘာလက ပါကစ္စတန် အနောက်မြောက်ပိုင်းနှင့် ကရာချိတွင် ကျန်းမာရေးလုပ်သားများ အပေါ်
တိုက်ခိုက်မှုများစွာ ဖြစ်ပွားခဲ့သဖြင့် ကျန်းမာရေးလုပ်သား ကိုးဦး အသတ်ခံရပြီးနောက် ပိုလီယို
ကူးစက် ရောဂါနှင့်ပတ်သက်၍ ကလေးများကို ကာကွယ်ဆေးထိုးရန် နိုင်ငံတစ်ဝန်း စည်းရုံးလှုံ့ဆော်
သည့် လုပ်ငန်းကို ကုလသမဂ္ဂအေဂျင်စီများက ရပ်ဆိုင်းခဲ့သည်။

ပါကစ္စတန်သည် ကမ္ဘာပေါ်တွင် ပိုလီယိုရောဂါ ဖြစ်ပွားမှုအများဆုံး သုံးနိုင်ငံတွင် တစ်နိုင်ငံအပါအဝင်
နိုင်ငံ ဖြစ်သော်လည်း ရောဂါကို အပြတ်နှိမ်နင်းရန် ကြိုးပမ်းမှုများသည် တာလီဘန်တို့၏ အတိုက်
အခံပြုမှုကြောင့် အဟန့် အတားဖြစ်ခဲ့ရသည်။

တာလီဘန်များသည် ကာကွယ်ဆေးထိုးသည့် ကျန်းမာရေးအဖွဲ့များအပေါ် သံသယရှိသဖြင့် အချို့
ဒေသများမှ ပိတ်ပင်ခဲ့သည်။

ပိုလီယိုကာကွယ်ဆေးထိုးရာတွင် ပါ၀င်ခဲ့ပြီး ချို့တဲ့သူများကို ကူညီသောအဖွဲ့အတွက် အလုပ်လုပ်
နေသော အမျိုးသမီးခြောက်ဦးနှင့် အမျိုးသားတစ်ဦးသည် ဆွာ့သ် အနောက်မြောက်ခရိုင်တွင်
သတ်ဖြတ်ခံခဲ့ရသည်။

တခြားနိုင်ငံတစ်ဝန်း စည်းရုံးလှုံဆော်မှုကို ဖိအားပေးမည့်အစား အာဏာပိုင်များသည် ပြည့်စုံလုံ
လောက်သည့် လုံခြံုရေးအစီအစဉ်များရှိရာနေရာတွင် ကလေးများကို ကာကွယ်ဆေးထိုးရန်
ဆုံးဖြတ်ခဲ့သည်ဟု အထက်တန်းအစိုးရ အရာရှိတစ်ဦးက ပြောသည်။

ခိုင်ဘာတောင်ကြားဒေသ အနောက်မြောက်ဘက်တွင် ပိုလီယို အမြစ်ပြတ် ချေမှုန်းရေးအကြီးအကဲ
ဒေါက်တာ ဂျန်ဘတ်စ်အာဖရီဒီက "လုံခြံုရေး စိတ်ချဖို့ စည်းရုံးလှုံ့ဆော်မှုတွေဟာ အဆင့်ဆင့်သော
ကဏ္ဍတွေနဲ့ သီးသန့် နေရာမတူတဲ့ ခရိုင်တွေမှာ လုပ်ဆောင်ဖို့ပါပဲ"ဟုပြောသည်။

"ကျွန်တော်တို့ဟာ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ စည်းရုံးလှုံ့ဆော်မှုကို စတင်လုပ်ဆောင်မှာပါ။ ဒါပေ
မယ့် လုံခြံုရေး အာမခံချက်တော့ မပေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့က စီမံကိန်းကို ပြန်သုံးသပ်
ပြီး မြင့်မားတဲ့စွန့်စားမှု ခရိုင်တွေကစတင်ပြီး အဆင့်ဆင့်သော ကဏ္ဍတွေက ဒါကိုပြုလုပ်ဖို့
ကျွန်တော် တို့ရဲ့ မူဝါဒကို ပြုပြင်မွမ်းမံရမယ်"ဟု အာဖရီဒီက ပြောသည်။

(အေအက်ဖ်ပီ)