၂၀၁၂ ခုနှစ် ကမ္ဘာတစ်ဝန်း သတင်းထောက် ၁၄၁ ဦးသေ

၂၀၁၂ ခုနှစ် ကမ္ဘာတစ်ဝန်း သတင်းထောက် ၁၄၁ ဦးသေ

ဂျနီဗာ - ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် နိုင်ငံပေါင်း ၂၉ နိုင်ငံမှ သတင်းထောက် စုစုပေါင်း ၁၄၁ ဦးသေ
ဆုံးပြီး သတင်း ထောက်များ သေဆုံးမှုအမြင့်ဆုံး နှစ်တစ် နှစ်ဖြစ်ခဲ့ကာ ဆီးရီးယားနိုင်ငံသည်
သတင်းထောက်များအတွက် အန္တရာယ် အများဆုံးနေရာတစ်ခုဖြစ်ကြောင်း မီဒီယာစောင့်ကြည့်ရေး
အဖွဲ့တစ်ဖွဲ့က ဇန်နဝါရီ ၃ ရက်နေ့တွင် ပြောသည်။

ယင်းသို့သေဆုံးမှုသည် ၂၀၁၁ ခုနှစ် နှင့်ယှဉ်လျှင် ၃၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်း သတင်း
ထောက်များအား ကာကွယ်ပေးနေသည့် ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် Press Emblem Campaign
(PEC) အဖွဲ့ကဆိုသည်။

ဆီးရီးယားတွင် သေဆုံးခဲ့သော သတင်းထောက် ၃၇ ဦးတွင် ၁၃ ဦးမှာ နိုင်ငံခြားသတင်းဌာနများ
အတွက် တာဝန်ထမ်းဆောင်နေကြသူများ ဖြစ်သည််။

ထိန်းသိမ်းခံရသူနှင့် ပျောက်ဆုံးနေသူ သတင်းထောက် လေးဦးရှိပြီး ၎င်းတို့မှာ ယူကရိန်းလူမျိုး
အန်ဟာကို ချနီဗာ ၊ ဂျော်ဒန်နှင့် ပါလက်စတိုင်းလူမျိုး ဘာရှာဖက်မီ ၊ အမေရိကန်သတင်း ထောက်
အော်စတင်တိုက်စ်နှင့် အေအက်ဖ်ပီသတင်းထောက် ဂျိမ်းစ် ဖိုလေးတို့ဖြစ်သည်။

အန္တရာယ်အရှိဆုံး နေရာများတွင် လက်တင်အမေရိကမှ နိုင်ငံသုံးနိုင်ငံ လည်းပါ၀င်ပြီး မက္ကဆီကို
နိုင်ငံတွင် သေဆုံးသူ ၁၁ ဦး၊ ဘရာဇီးလ် နိုင်ငံတွင် ၁၁ ဦးနှင့် ဟွန်ဒူးရပ်စ်တွင် ခြောက်ဦး သေဆုံးခဲ့
သည်။

သေဆုံးသူ ခြောက်ဦးရှိခဲ့သည့် ဖိလစ်ပိုင်သည် အန္တရာယ်အရှိဆုံးနံပါတ် (၇) နေရာတွင်ရှိနေကာ
၎င်း၏နောက် တွင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့ ရှိပြီး ယင်းနိုင်ငံတို့တွင် လေးဦးစီသေဆုံးခဲ့
သည်ဟု PEC အဖွဲ့ကဆိုသည်။

သတင်းထောက်များအား အကာအကွယ်ပေးနေသည့် နယူးယော့ခ် အခြေစိုက်အဖွဲ့တစ်ဖွဲ့၏အဆို
အရ ပြီးခဲ့သည့် လ ၂၀၁၂ ခုနှစ်အတွင်း သတင်းထောက် ပေါင်း ၆၇ ဦး သေဆုံးခဲ့ပြီး ဆီးရီးယား
ပဋိပက္ခများ၊ ဆိုမာလီယာနိုင်ငံတွင်း ပစ်ခတ်မှုများ၊ ပါကစ္စတန်မှ အကြမ်းဖက်မှုများနှင့် ဘရာဇီးလ်
တွင် သတင်းထောက်များအား သတ်ဖြတ်ခဲ့မှုများကြောင့် ယခင်နှစ်နှင့်ယှဉ်လျှင် သတင်းထောက်
များ သေဆုံးမှုမှာ ၄၂ ရာခိုင်နှုန်းမြင့် တက်ခဲ့သည်ဟုဆိုသည်။

(အေအက်ဖ်ပီ)