ဂျကာတာ - ကလေးငယ်နှစ်ဦးကို တစ်ဦးလျှင် ဒေါ်လာ ၁,၀၀၀ ဖြင့် ရောင်းချရန် ကြော်ငြာထား
သည်ကို လေလံဆွဲရာနှင့်ဈေးဝယ်ရာတွင် လူသိများထင်ရှားသည့် ၀က်ဘ်ဆိုက်တစ်ခု ဖြစ်သော
Tokobagus.com တွင် ရှာဖွေ တွေ့ရှိပြီးနောက် ယင်းကိစ္စကို အင်ဒိုနီး ရှားရဲတပ်ဖွဲ့က စုံစမ်းစစ်
ဆေးနေကြောင်း ဇန်နဝါရီလ ရ ရက်နေ့က ပြောကြားခဲ့သည်။
"ဒီကြော်ငြာက ဘယ်လိုရောက်လာတာလဲ၊ နောက်ပြီး ဘယ်လောက်ကြာပြီလဲဆိုတာနဲ့ အရောင်း
အဝယ်ဖြစ်သွားပြီလား မဖြစ်သေးဘူးလားဆိုတာကို Tokobagus ကို ကျွန်တော်တို့ မေးမြန်းထား
ပါတယ်" ဟု ပြောရေးဆိုခွင့်ရှိသူ ဂျကာတာ ရဲအရာရှိတစ်ဦးဖြစ်သည့် Rikwanto က သတင်း
ထောက်များကို ပြောကြားခဲ့သည်။
ကလေးများ ကာကွယ်စောင့်ရှောက် ရေးအမျိုးသားကော်မရှင်က ထိုကြော် ငြာကိုတွေ့ရှိပြီးနောက်
ပြီးခဲ့သည့် ရက်သတ္တပတ်က ရဲဌာနသို့ အစီရင်ခံစာ တစ်စောင် တင်သွင်းခဲ့ကြောင်း ယင်း ကော်မရှင်
၏ဥက္ကဋ္ဌဖြစ်သူ အာရစ်မာဒေးကားဆီရိတ်က အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
"အဲဒီကြော်ငြာမှာ ကလေးငယ်တစ်ယောက်ရဲ့ဓာတ်ပုံတစ်ပုံနဲ့ ဖုန်းနံပါတ်တစ်ခုပါပါတယ်။ ကြော်ငြာ
ရှင်ကို ကျွန်တော်တို့ ဖုန်းဆက်ကြည့်တော့ သူကတစ်ယောက်ကို ရူပီး ၁၀ သန်း (ဒေါ်လာ ၁,၀၀၀)
နဲ့ ၁၈ လအရွယ် ယောက်ျားလေးတစ်ယောက်နဲ့ မိန်းက လေးတစ်ယောက်ကို ရောင်းဖို့ရှိတယ်လို့
ပြောပါတယ်။
"ကျွန်တော်တို့ ညှိနှိုင်းပြောဆိုနေတုန်း မွေးစားရင်း အကြောင်းလည်းပြောရော သူက ရုတ်တရက်
ဖုန်းချသွားပါတယ်။ ကျွန်တော်တို့သူ့ကိုထပ်ပြီး ဆက်သွယ်ဖို့လုပ်ပါသေးတယ်။ ဒါပေမယ့်မရပါဘူး"
ဟု ဆီရိတ်က ပြောကြားခဲ့သည်။
"ဒါဟာ ကလေးရောင်းချတဲ့အဖွဲ့ တွေရဲ့ လုပ်နည်းလုပ်ဟန်အသစ်တစ်ခု ဖြစ်လာဖွယ်ရှိပါတယ်။
ကျွန်တော်တို့က လူသားချင်းစာနာမှုမရှိတဲ့ ဒီလိုပြစ်မှုမျိုးကို အထူးအလေးထား ဟန့်တားရမှာ ဖြစ်ပါ
တယ်" ဟု ၎င်းကပြောကြားခဲ့သည်။
လူကုန်ကူးသူများမှာ ထောင်ဒဏ် ၁၅ နှစ်မှ နှစ် ၂၀ ထိကျခံရနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုကြော်ငြာမှာ လူ့အမှားသက်သက် ကြောင့်သာဖြစ်ပြီး တမင်ရည်ရွယ်ခြင်း မဟုတ်ကြောင်းနှင့်
ယင်းကြော်ငြာကို ဖယ်ရှားပြီးဖြစ်ကြောင်း Tokoba-gus က တွစ်တာစာမျက်နှာပေါ်တွင် တောင်းပန်
ထားသည်။
ပြည်တွင်းဥပဒေ၏ ဟာကွက်တစ်ခု ကိုအသုံးချပြီး အင်ဒိုနီးရှားနိုင်ငံတွင် ယင်းကဲ့သို့သော ၀က်ဘ်
ဆိုက်များ၌ ကားနှင့် လက်ဝတ်ရတနာများမှအစ ကျောက်ကပ်ကဲ့သို့ ကိုယ်တွင်းအင်္ဂါများအဆုံး
ရောင်းချလျက်ရှိသည်။
(အေအက်ဖ်ပီ)
















