အလာစကာငလျင်

အလာစကာငလျင်

၀ါရှင်တန်- ပြင်းအား ရစ်ချ်တာစကေး ရ ဒသမ ရ ရှိ အင်အားပြင်း မြေငလျင်တစ်ခုသည်
အမေရိကန်ပြည်ထောင်စု၊ အလာစကာပြည်နယ် ပင်လယ်ကမ်းခြေမလှမ်းမကမ်းရှိ ပစိဖိတ်သမုဒ္ဒရာ
၏ တစ်နေရာတွင် ဇန်နဝါရီလ ၅ ရက်နေ့ က လှုပ်သွားကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေး
(ယူအက်စ်ဂျီ အက်စ်)က ပြောသည်။

ဂရင်းနစ်စံတော်ချိန် ၀၈၅၈ အချိန်တွင် ဖြစ်ပွားသည့် မြေငလျင်၏ ဗဟိုချက်သည် အလာစကာပြည်
နယ် ခရိတ်မြို့ အနောက်ဘက် ၆၃ မိုင်အကွာ အနက် ကိုးကီလိုမီတာတွင် တည်ရှိကြောင်း
ယူအက်စ်ဂျီအက်စ်၏ အဆိုအရ သိရသည်။

သေကျေ၊ ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ လောလောဆယ် သတင်းများမရရှိသေးပေ။

ထိုအချိန်တွင် ဆူနာမီရေလှိုင်း အန္တရာယ် အနှံ့အပြား ခြိမ်းခြောက်မှုမရှိ သော်လည်း ဗဟိုချက်အနီး
ရှိ အလာစကာကမ်းခြေကို သက်ရောက်သည့် ဒေသတွင်း သတိပေးချက်ကို ထုတ်ပြန်ခဲ့ကြောင်း
Pacific Tsunami Warning Center က ပြောသည်။

(အေအက်ဖ်ပီ)