နိုင်ရိုဘီ - ကင်ညာအရှေ့တောင်ပိုင် Tana River ဒေသအတွင်း နောက်ဆုံး ဖြစ်ပွားသည့် ရုတ်တ
ရက် အကြမ်းဖက်မှု တွင်လူအချို့ ဒဏ်ရာရပြီး သေဆုံးသူ ရှစ်ဦးထက်မနည်း ရှိခဲ့ကြောင်း ကင်ညာ
ကြက်ခြေနီအဖွဲ့က ဇန်နဝါရီ ၉ ရက်နေ့ တွင်ပြောကြားသည်။
ပြီးခဲ့သည့်နှစ် ပဋိပက္ခတွင် ၎င်းဒေသ၌ လူများ အစုလိုက်အပြံုလိုက်သေဆုံးခဲ့သည်။
ဒေသတွင်းအကြမ်းဖက်မှုများသည် ပထမဆုံးအကြိမ်အဖြစ် ဩဂုတ်လတွင် ပေါ်ပေါက်ခဲ့ပြီး ပိုကိုမို
ရွာမှ လယ်သမားများအဖွဲ့သည် ၎င်းတို့၏ အိမ်နီးချင်း အိုမာရွာမှ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများ
အား ယှဉ်ပြိုင်လုပ်ကိုင်ရာမှ အချင်းချင်း အပြန်အလှန်တိုက်ခိုက်မှုများ ဆက် တိုက်ဖြစ်ပွားခဲ့သည်။
သေဆုံးသူရှစ်ဦးတွင် နှစ်ဦးမှာ အရုဏ်မတက်မီ တစ်နာရီခန့်အလို၌ အိုမာရွာကို စတင်ဝင်ရောက်
တိုက်ခိုက်သူများဟု ယူဆရကြောင်း Tana River မြစ်ဝကျွန်းပေါ်ဒေသရှိ ကင်ညာကြက်ခြေနီ
တပ်ဖွဲ့မှ အရာရှိ ကလက်ဘ် ကီလွန်ဒီက ဇန်နဝါရီလ ၉ ရက်နေ့တွင် ပြောကြားသည်။
"ခေါင်းမှာ ပြတ်ရှဒဏ်ရာရထားတဲ့ သုံးယောက်မှာ ဒဏ်ရာကပြင်းတော့ စိုးရိမ်ရတဲ့အခြေအနေဖြစ်
နေတယ်။ တိုက်ပွဲအခြေ အနေတွေကလည်း ပြန်ပြီးတိုက်ခိုက်ဖို့ အစီအစဉ်တွေရှိတယ်ဆိုတဲ့
သတင်းတွေထွက်ပြီး မတည်မငြိမ် ဖြစ်နေတုန်းပဲ" ဟု ၎င်းအရာရှိ ကပြောသည်။
နာမည်မဖော်လိုသူ အကြီးတန်း ရဲအရာရှိတစ်ဦး၏ အတည်ပြုပြောကြားချက်အရ သေဆုံးသူ ရှစ်ဦး
ထက်မနည်း ရှိပြီး ကိုးဦးဒဏ်ရာရကာ အိမ်များ မီးရှို့ခံခဲ့ရသည်ဟု သိရသည်။
(အေအက်ဖ်ပီ)
















