အီရန်နိုင်ငံတွင် ပျောက်ဆုံးခဲ့သော ခင်ပွန်း၏ ဓာတ်ပုံများကို အမေရိကန် ဇနီးသည်က ဖော်ထုတ်ပြသ

အီရန်နိုင်ငံတွင် ပျောက်ဆုံးခဲ့သော ခင်ပွန်း၏ ဓာတ်ပုံများကို အမေရိကန် ဇနီးသည်က ဖော်ထုတ်ပြသ

၀ါရှင်တန် - လွန်ခဲ့သည့်ခြောက်နှစ် နီးပါးက အီရန်နိုင်ငံတွင်ပျောက်ဆုံးသွားခဲ့သော အက်ဖ်ဘီအိုင်
အေးဂျင့် ဟောင်း ရောဘတ်လက်ဗင်ဆန်၏ ဓာတ်ပုံများကို ဇနီးဖြစ်သူကလူသိ ရှင်ကြားထုတ်ပြ
လိုက်ကာ အိုမင်းသွားပြီဖြစ်သော ယင်းဓာတ်ပုံများသည် ပျောက်ဆုံးသွားသည့် ခင်ပွန်းဖြစ်သူ နှင့်
စပ်လျဉ်း၍ ၎င်းနောက်ဆုံးရရှိသည့် သတင်းပင်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ဓာတ်ပုံများအနက်တစ်ပုံတွင် လက်ဗင်ဆန်သည် ကျူးဘားနိုင်ငံရှိအမေရိ ကန်ပိုင်ဂွာတာနာမို
အကျဉ်းစခန်းရှိ အကျဉ်းသားများ ၀တ်ဆင်လေ့ရှိသော ၀တ်စုံများကဲ့သို့ လိမ္မော်ရောင်ဝတ်စုံကို
၀တ်ဆင်ထားကာ မုတ်ဆိတ်ဖြူများနှင့် ဖိုသီဖတ်သီဆံပင်ရှည်များနှင့် မြင်တွေ့ရသည်။

လက်ထိတ်များခတ်ထားခံရ သည့် ၎င်း၏လက်များတွင်မူ 'ငါ့ကို ဘာလို့ မကယ်နိုင်ကြတာလဲ' ဟူ
သော စာတမ်းပါသည့် ဆိုင်းဘုတ်တစ်ခုကို ကိုင်ဆောင်ထားသည်။

ဓာတ်ပုံများကို ကနဦး၌ လွတ်လပ်သည့် ဥရောပအသံလွှင့်ဌာနသို့ ပေးခဲ့ခြင်းဖြစ်သော်လည်း
ရေဒီယိုဌာနက ယင်းဓာတ်ပုံများကို လက်ဗင်ဆန်၏ ဇနီးဖြစ်သူ ခရစ္စတင်းထံသို့ ၂၀၁၁ ခုနှစ် ဧပြီလ
တွင် လွှဲပြောင်းပေးအပ်ခဲ့ကာ ထိုအချိန်က လူသိမခံကြရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

"ဓာတ်ပုံသက်သက်ပဲရတာပါ။ ဘာရည်ရွယ်ချက်နဲ့ ပို့တယ်ဆိုတာမျိုး ဘာမှပါမလာဘူး။ ဒါကြောင့်
ဒါတွေ ကိုဖုံးဖိထားစရာ အကြောင်းမရှိတော့ ပါဘူး။ ဒါတွေက ဒီကိစ္စကိုဖြေရှင်းဖို့ရာ ဘာမှ
အထောက်အကူဖြစ်မလာတာပဲဟာ" ဟု ဇနီးဖြစ်သူကပြောသည်။

"ဒါဟာ ကျွန်မခင်ပွန်းအကြောင်းကို တခြားတစ်ယောက်ယောက်ဆီက ကြားရတာ နောက်ဆုံးပါပဲ"
ဟု ၎င်းက ဆိုခဲ့သည်။

လက်ဗင်ဆန်သည် ၂၀၀၇ ခုနှစ် မတ်လအတွင်းက အီရန်နိုင်ငံကစ်ရှ် ကျွန်းပေါ်သို့ အလည်အပတ်
သွား ရောက်ခဲ့စဉ် ပျောက်ဆုံးသွားခဲ့ခြင်း ဖြစ်ပြီး ယင်းသို့လူမသိသူမသိပျောက်ဆုံး ခဲ့ရခြင်းကြောင့်
အမေရိကန်နှင့် အီရန် နိုင်ငံတို့၏ ရှိရင်းစွဲဆက်ဆံရေး မပြေလည်မှုများ ပိုမိုတင်းမာခဲ့ရသည်။

ယမန်နှစ်မတ်လက အက်ဖ်ဘီအိုင်သည် လက်ဗင်ဆန်အားဘေးမသီရန် မခဘဲ အိမ်ပြန်လာရေး
အတွက် သတင်းအချက်အလက်ပေးနိုင်သူအား ဆုငွေ ဒေါ်လာတစ်သန်း ကမ်းလှမ်းခဲ့သည်။

လွန်ခဲ့သည့်ဆယ်စုနှစ်ကပင် အက်ဖ်ဘီအိုင်မှ အနားယူခဲ့သူ ခင်ပွန်းဖြစ်သူသည် ဒေသတွင်း
စီးကရက်အတုပြုလုပ်မှုကို စုံစမ်းရန်အတွက် အီရန်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း ဇနီး
ခရစ္စတင်းက ပြောသည်။

(အေအက်ဖ်ပီ)