ဆီးရီးယားလေကြောင်း တိုက်ခိုက်မှု မိသားစုဝင်ကလေး လေးဦးသေဆုံး

ဆီးရီးယားလေကြောင်း တိုက်ခိုက်မှု မိသားစုဝင်ကလေး လေးဦးသေဆုံး

ဘေရွတ် - ဆီးရီးယားနိုင်ငံအလယ် ပိုင်းရှိ ဟုမ်းစ်မြို့အနီးတွင် ဇန်နဝါရီလ ၉ ရက်နေ့က နံနက်
အရုဏ်မတက်ခင် ဖြစ်ပွားသော လေကြောင်းတိုက်ခိုက်မှု တစ်ခု၌ မိသားစုတစ်ခုမှ ကလေး လေးဦး
အပါအဝင် အရပ်သားဆယ်ဦး သေဆုံးသွားကြောင်း စောင့်ကြည့် လေ့လာသည့်အဖွဲ့တစ်ဖွဲ့က
ပြောကြားခဲ့သည်။

ဂျာဘတ်ဟာမက်ရွာကို လေကြောင်း မှတိုက်ခိုက်ခဲ့ရာတွင် သေဆုံးခဲ့သော ကလေးလေးဦး၏
အသက်မှာ ရှစ်လ၊ ၁၂ နှစ်၊ ၁၄ နှစ် နှင့် ၁၆ နှစ်တို့ဖြစ်ကြကြောင်း ဆီးရီးယားလူ့အခွင့်အရေး
စောင့်ကြည့်လေ့လာသူများက ပြောကြားခဲ့သည်။

မြောက်ပိုင်းပြည်နယ်ဖြစ်သော အလက်ပို၌ အတိုက်အခံတပ်ဖွဲ့များက ရက်သတ္တပတ်ပေါင်းများစွာ
၀ိုင်းထား သော မီနာ့ဟ်၊ ကွီရီနှင့် နေယက်ဘ် လေတပ်စခန်းများအနီး၌ ပြင်းထန် သော တိုက်ပွဲများ
ဖြစ်ပွားခဲ့ကြောင်း ဗြိတိန်အခြေစိုက် အဆိုပါ စောင့်ကြည့် လေ့လာရေးအဖွဲ့က ပြောကြားခဲ့သည်။

တက်ကြွလှုပ်ရှားသူများ ကွန်ရက်၊ ပြည်သူ့ဆေးရုံနှင့် စစ်ဆေးရုံများရှိ ဆရာဝန်များထံမှ သတင်း
အချက် အလက်များ စုဆောင်းရရှိသော စောင့်ကြည့်လေ့လာရေးအဖွဲ့က ဇန်နဝါရီ လ ၈ ရက်နေ့က
နိုင်ငံတစ်ဝန်းတိုက်ခိုက်မှုများကြောင့် လူ ၅၈ ဦးထက်မနည်း သေဆုံးကြောင်း ပြောကြားခဲ့သည်။

(အေအက်ဖ်ပီ)