အီရန်နိုင်ငံသား ၄၈ ဦး၊ဆီးရီးယား သူပုန်များပြန်လွှတ်

အီရန်နိုင်ငံသား ၄၈ ဦး၊ဆီးရီးယား သူပုန်များပြန်လွှတ်

ဘေရွတ် - ဆီးရီးယားသူပုန်များသည် လများစွာ ၎င်းတို့ထိန်းသိမ်းထားသည့် အီရန်လူမျိုး ၄၈ ဦးကို
ဆီးရီးယား အစိုးရဖမ်းဆီးထားသည့် အကျဉ်း သား ၂,၁၃၀ ဦးနှင့် အလဲအလှယ်ပြု၍ ဇန်နဝါရီလ ၉
ရက်နေ့တွင် လွှတ်ပေးခဲ့ကြောင်း သူပုန်အဖွဲ့ ပြောရေးဆိုခွင့် ရှိသူ၊ တူရကီ လူမှုကူညီရေးအဖွဲ့နှင့်
အီရန်နိုင်ငံတော် ရုပ်သံများအရ သိရှိရသည်။

"ဒါဟာ ကျွန်တော်တို့အဖွဲ့ လပေါင်းများစွာဆောင်ရွက်ခဲ့တဲ့ သံတမန်ရေး ရလဒ်ပါ" ဟု တူရကီလူမှု
ကူညီရေးအဖွဲ့ တစ်ခုဖြစ်သည့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေး ဖောင်ဒေး
ရှင်း၏ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးလည်းဖြစ်သည့် ဆာကန်နာဂစ်က အေအက်ဖ်ပီကို ပြောသည်။

လွတ်လပ်သည့် ဆီးရီးယားတပ်မတော်ဟုအမည်ရသည့် သူပုန်အဖွဲ့ပြောခွင့်ရပုဂ္ဂိုလ် အာမက်အယ်
လ် ခါတစ်ကလည်း အီရန်၏ မဟာမိတ် ဆီးရီးယားသမ္မတ ဘတ်ရှာအယ်လ် အာဆတ်နှင့် သဘော
တူညီမှုရရန် တူရကီနှင့်ကာ တာကြားဝင်စေ့စပ်မှုမှ တစ်ဆင့် ဆောင်ရွက်ခဲ့ရကြောင်း ဘေရွတ်မြို့မှ
တယ်လီဖုန်းဖြင့် အေအက်ဖ်ပီသတင်းဌာနကို အတည်ပြု ပြောကြားခဲ့သည်။

အီရန်ရုပ်သံတွင်မူ အီရန်ဘုရားဖူး ၄၈ ဦး လွတ်မြောက်လာကြောင်းကိုသာ ဖော်ပြ၍ အကျဉ်းသား
ဖလှယ်မှုကို ဖော်ပြခဲ့ခြင်းမရှိချေ။

သို့ရာတွင် သူပုန်များကမူ ဖမ်းမိထားသူများနှင့် ယင်းတို့ထံမှ သိမ်းဆည်းရမိသည့် အီရန်စစ်ဘက်
ဆိုင်ရာ မှတ်ပုံတင်ကတ်များကို ဩဂုတ်လ ၅ ရက်နေ့က ဗီဒီယိုထုတ်လွှင့်ခဲ့သည်။

(အေအက်ဖ်ပီ)