ရုရှားတရားရုံးချုပ် တရားသူကြီးပစ်သတ်ခံရ

ရုရှားတရားရုံးချုပ် တရားသူကြီးပစ်သတ်ခံရ

မမော်စကို -ရုရှားနိုင်ငံ ဒါဂျက်စတန် ဒေသမှ တရားရုံးချုပ်တရားသူကြီး တစ်ဦးကို ဇန်နဝါရီလ ၁၅
ရက်နေ့ က သေနတ်သမားတစ်ဦးက ပစ်သတ်ခဲ့ကြောင်း ရုရှားနိုင်ငံ၏စုံစမ်းစစ်ဆေးရေးကော်မတီ
က ပြောကြားခဲ့သည်။

မာဂိုမက် မာဂိုမက်ဒေါ့ဗ်ဟုခေါ်သည့် ဒါဂျက်စတန် တရားရုံးချုပ် တရားသူကြီးကို မည်သူမည်ဝါ
မှန်း မသိရသော သေနတ်သမားတစ်ဦးက ငါးချက်ထက်မနည်း ပစ်သတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြစ်မှု
ကြီးများကို စုံစမ်းစစ်ဆေးသော အစွမ်းထက်စုံစမ်းရေးဌာန၏ ၀က်ဘ်ဆိုက်ရှိ ကြေညာချက် တစ်ခု
တွင် ဖော်ပြထားခြင်းဖြစ်သည်။

တရားသူကြီးမှာ ရရှိသည့် သေနတ် ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း ထိုကြေညာချက်က
ဆိုသည်။

တိုက်ခိုက်မှုမှာ ဒါဂျက်စတန်ပြည် နယ်၏မြို့တော် မာခါ့ချ်ကာလာတွင် ဖြစ်ပွားခဲ့ပြီး တရားသူကြီး
အသတ် ခံရခြင်းမှာ ၎င်း၏ အလုပ်အကိုင်နှင့် ပတ်သက်နေသည်ဟု စုံစမ်းစစ်ဆေး သူများက
ယူဆထားကြသည်။

မာဂိုမက်ဒေါ့ဗ်မှာ ဒါဂျက်စတန် တရားရုံးချုပ်၏ အမြဲတမ်း ပါတီကော်မတီဝင် တရားသူကြီးကိုးဦး
ထဲမှ တစ်ဦးဖြစ်ပြီး ၎င်းက လက်နက်ကိုင် သောင်းကျန်းမှုများနှင့်၊ပတ်သက်သော အမှုများကို
စစ်ဆေးနေသူဖြစ်ကြောင်း ရုရှားသတင်းဌာနများက ဖော်ပြခဲ့သည်။

ဒီဇင်ဘာလ၌ အစား အသောက်ရောင်းချသည့် စတိုးဆိုင် တစ်ဆိုင်ကို၊ဖောက်ခွဲခဲ့သည့်လက်နက်
ကိုင်အုပ်စု တစ်ခုတွင်ပါ၀င်သည့် သောင်းကျန်းသူသုံးဦးကို မာဂိုမက် ဒေါ့ဗ်က ပြစ်မှုထင်ရှား စီရင်
ခဲ့သေးသည်။

ယင်းဖောက်ခွဲမှုတွင် လူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

မာဂိုမက်ဒေါ့ဗ်က တရားခံသုံးဦးကို ထောင်ဒဏ် ဆယ်နှစ်၊ ကိုးနှစ်နှင့် ရှစ်နှစ်အသီးသီး ချမှတ်ခဲ့
ကြောင်း Interfax သတင်းဌာနက ဖော်ပြခဲ့သည်။

၂၀၁၀ ခုနှစ်၊ ဇူလိုင်လ ကလည်း ဒါဂျက်စတန်တွင် ခရိုင်တရားသူကြီး တစ်ဦး ၎င်း၏ကားအတွင်း
ပစ်သတ်ခံခဲ့ရသည်။

(အေအက်ဖ်ပီ)