ဒမတ်စကတ်- ဆီးရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော အလက်ပို မြို့တွင် နှစ်လုံးတစ်ပြိုင်
နက်တည်း ပေါက်ကွဲသော ဗုံးဒဏ်ကြောင့် ဇန်နဝါရီ လ ၁၅ ရက်နေ့တွင် လူအနည်းဆုံး ၈၀ သေဆုံး
ပြီး ၂၀ ခန့် ဒဏ်ရာရရှိခဲ့ ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောကြားသည်။
အဆိုပါပေါက်ကွဲမှုနှင့် ပတ်သက်၍ စစ်မြေပြင်ဒေသဖြစ်သော အဆိုပါ မြောက်ပိုင်း အစိုးရတပ်များ
ထိန်းချုပ် ထားသည့်ဒေသတွင် သတင်းများ အမျိုးမျိုးအဖုံဖုံ ဖြစ်ပေါ်လျက်ရှိသည်။
အတိုက်အခံ တက်ကြွလှုပ်ရှားသူများက အစိုးရဘက်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ကြခြင်း
ကြောင့် ဖြစ်ကြောင်းပြောကြားပြီး စစ်ဘက် အရာရှိတစ်ဦးကမူ သူပုန်ဘက်မှ ပစ်ခတ်သော မြေပြင်
မှဝေဟင်သို့ ပစ်သည့် ဒုံးကျည်ပစ်မှတ်ကို မထိမှန်ဘဲ မြေပြင်သို့ ကျရောက်ပေါက်ကွဲရာမှာ အဆိုပါ
ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ခြင်းဖြစ် ကြောင်း ပြောကြားသည်။
"အလက်ပိုတက္ကသိုလ်မှာ ပထမနေ့ စာမေးပွဲဖြေဆိုနေကြတဲ့ ကျောင်းသား တွေကို ပစ်မှတ်ထားတဲ့
သူပုန်တွေရဲ့ တိုက်ခိုက်မှုမှာ အခုချိန်ထိတော့ လူ ၈၂ ဦးသေဆုံးပြီး ၁၆၀ ကျော် ဒဏ်ရာရခဲ့ ကြပါ
တယ်"ဟု ပြည်နယ်အုပ်ချုပ်ရေးမှူး ၀ါဟစ်အတ်ကတ်က အေအက်ဖ်ပီကို တယ်လီဖုန်းဖြင့် ပြော
ကြားသည်။
ဗြိတိန်အခြေစိုက် 'ဆီးရီးယား နက္ခတ် ကြည့်မှန်ပြောင်း'ခေါ် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်
မှုအဖွဲ့ကမူ ပေါက်ကွဲ မှုအတွင်း လူ ၈၂ ဦးသေဆုံး ပြီး အခြားလူ ၁၅၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်းနှင့်
အချို့ဒဏ်ရာရရှိသူများမှာ ပြင်းထန် ကြောင်း ပြောကြားလိုက်သည်။
နိုင်ငံပိုင် သတင်းဌာန SANA ကမူ ပေါက်ကွဲမှုသည် တက္ကသိုလ်စာမေးပွဲ ပထမနေ့တွင် ဖြစ်ပေါ်ခဲ့
ခြင်းဖြစ်ပြီး ဗုံးဒဏ်ကြောင့် သေဆုံးခဲ့ကြသူများတွင် ကျောင်းသားများနှင့် စစ်ဘေးမှ ရွှေ့ပြောင်းခိုလှုံ
နေကြသူများ ပါ၀င်ကြောင်း သတင်းပေးပို့ဖော်ပြခဲ့ပြီး ယင်းတိုက်ခိုက်မှုကြောင့် စာမေးပွဲများ
ရွှေ့ဆိုင်း လိုက်ကြောင်းသိရှိရသည်ဟု ဆက်လက် ဖော်ပြလိုက်သည်။
ပညာရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့အား ပြည်လုံးကျွတ် ၀မ်းနည်းကြေကွဲသော နေ့အဖြစ် သတ်မှတ်
ကြောင်းကြေညာ လိုက်ပြီး သမ္မတအာဆတ်ကလည်း ပျက်စီးယိုယွင်းသွားသော တက္ကသိုလ်
အဆောက်အအုံ အစိတ်အပိုင်းများအား ချက်ချင်းပြန်လည်တည်ဆောက်ရန် အမိန့်ထုတ်ပြန်လိုက်
သည်ဟု နိုင်ငံရုပ်သံမှ သတင်းထုတ်လွှင့်လိုက်သည်။
အဆိုပါ တက္ကသိုလ်ပရဝဏ်အတွင်း ၌ သူပုန်များ ပြီးခဲ့သည့်ဇူလိုင်လမှစ၍ ပတ်ဝန်းကျင် ရပ်ကွက်
ကျေးရွာများအား တိုက်ခိုက်သိမ်းပိုက်ပြီး နောက်တွင် နေအိမ်များအား စွန့်ခွာထွက်ပြေးလာကြသော
ပြည်သူပေါင်း ၃၀,၀၀၀ ခန့်သည် တက္ကသိုလ် ကျောင်းသားများနှင့် အတူ ခိုလှုံလျက်ရှိကြခြင်းဖြစ်
သည်။
ကျောင်းသားများ အင်တာနက်သို့ တင်ခဲ့သော ဗီဒီယိုရုပ်သံသတင်းများတွင် တက္ကသိုလ်၏
အဆောက်အအုံ တစ်ခုအတွင်း၌ အသက်ရှင်ကျန်ရစ်ခဲ့သူများ မျက်ရည်လည်ရွဲဖြင့် ခိုလှုံနေကြ
သည်ကို တွေ့ရှိရသည်။
ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပေါက်ကွဲမှုများသည် တက္ကသိုလ် ကျောင်း
ဆောင်များနှင့် ဗိသုကာမဟာဌာန အနီးတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ပြောကြား
လိုက်သည်။
ပြည်သူပိုင် ရုပ်သံဌာနကမူ "သူပုန်များ တက္ကသိုလ်ပရဝဏ်တွင်းသို့ ဒုံးလက်နက် နှစ်ခုဖြင့် ပစ်ခတ်ခဲ့
ခြင်းဖြစ်ကြောင်း" သတင်းထုတ်လွှင့် ပြောကြားသည်။
အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှု များသည် ကုလသမဂ္ဂလုံခြံုရေးကောင်စီတွင် ဆွစ်ဇာလန်နိုင်ငံက
ဦးဆောင်၍ အာဆတ်အစိုးရ၏ အဓိကကျသော နာမည်ကြီး ခေါင်းဆောင်များအား နိုင်ငံတကာ
ရာဇဝတ်ခုံရုံးတွင် ရုံးတင် စစ်ဆေးရန် ကြိုးပမ်းမှုအား ရုရှားနိုင်ငံက ရလဒ်ဆိုးများပေါ်ပေါက်လာနိုင်
ဖွယ် ရှိကြောင်းဖြင့် ပယ်ချခဲ့ပြီး နောက်တွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
(အေအက်ဖ်ပီ)

















