တူရကီ ဂျက်လေယာဉ်များ ကာ့ဒ်သူပုန်များကို ဗုံးကြဲ
ဒီရာဘာကီရာ - ခွဲထွက်ရေးဝါဒီ သူပုန်များဖြစ်သည့် ကာ့ဒ်လုပ်သားများပါတီ (PKK) မှအဖွဲ့ဝင်များ
အခြေစိုက်ရာ အီရတ်နိုင်ငံမြောက်ပိုင်း ရှိ ပစ်မှတ်နေရာပေါင်း ၅၀ ကျော်ကို တူရကီဂျက် လေယာဉ်
များက တိုက်ခိုက်ခဲ့ကြောင်း စစ်တပ်သတင်းများက ဇန်နဝါရီလ ၁၆ ရက် နေ့ကဆိုသည်။
F-16 တိုက်ခိုက်ရေး လေယာဉ် ၁၆ စင်းက အရှေ့ တောင်ဘက်ရှိ ၎င်းတို့အခြေစိုက်ရာ ဒီရာဘာကီ
ရာမြို့မှ ဇန်နဝါရီလ ၁၅ ရက်နေ့က ထွက်ခွာသွားပြီး အီရတ်နိုင်ငံမြောက်ပိုင်း ကွမ်ဒေးလ် တောင်၌
ရှိသော သူပုန်များပုန်း ခိုနေသည့်ပစ်မှတ်နေရာများကို ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်တပ်
သတင်းအရင်းအမြစ်များက ဆိုသည်။
(အေအက်ဖ်ပီ)
















