နယူးယော့ခ်- ထောက်ခံသူများ၏ အဆို အရ နယူးယော့ခ်ပြည်နယ်သည် ဇန်နဝါရီလ ၁၅ ရက်က
အတင်းကျပ်ဆုံး သေနတ်ပိုင်ဆိုင်မှုဥပဒေကို အတည် ပြုလိုက်ရာ ယခင်လက ကွန်နက်တီကက်
ပြည်နယ်ရှိ အခြေခံမူလတန်းကျောင်း၌ ကလေးငယ်များ ပစ်သတ်ခံရမှုအပြီး ကန့်သတ်ချက်အသစ်
များ ပြဋ္ဌာန်းလိုက်သည့် ပထမဆုံး အမေရိကန်ပြည်နယ်ဖြစ်သည်။
ပြည်နယ်လွှတ်တော်မှ အောက်လွှတ်တော်အမတ်များသည် မဲအရေအတွက် ၁၀၄-၄၃ မဲဖြင့် ပြဋ္ဌာန်း
ချက်ကို ထောက်ခံခဲ့ရာ ဇန်နဝါရီလ ၁၄ ရက်နေ့ နှောင်းပိုင်းတွင် အထက်လွှတ်တော်က ၄၃-၁၈ မဲ
ဖြင့် အတည်ပြုခဲ့သည်။
ဒီမိုကရက်ပါတီဝင် ပြည်နယ်အုပ်ချုပ်ရေးမှူး အင်ဒရူးကူမိုသည် ဤဥပဒေကို လွှတ်တော်က အတည်
ပြုလိုက်ခြင်းကို ကြိုဆိုခဲ့သည်။
ဤပြည်နယ်မှ ပြည်သူတို့သည် သေနတ်အကြမ်းဖက်မှုကိစ္စနှင့် ပတ်သက်ပြီးအကူ အညီပေးရန်
တောင်းဆိုလျက်ရှိရာ ဤ ဥပဒေသည် လိုအပ်ချက်ကို ဖြည့်ဆည်း ပေးလိုက်ခြင်းပင်ဖြစ်ကြောင်း
မဲမပေး မီအချိန်အတွင်း ပြောဆိုခဲ့သည်။
စစ်တပ်သုံး ရိုင်ဖယ်ပုံစံများကို လုံးဝ ပိတ်ပင်တားဆီးထားသည့် အရေးယူမှု အတိုင်းအတာများသည်
ကွန်နက်တီကက် ပြည်နယ်ရှိ နယူးတောင်းမြို့မှ ဆန်ဒီဟွတ် အခြေခံမူလတန်းကျောင်းသူ ကျောင်း
သား ၂၀ နှင့် ကျောင်းအမှုထမ်း ခြောက်ဦး ဒီဇင်ဘာလ ၁၄ ရက်က အသတ်ခံရခြင်းနှင့် တိုက်ရိုက်
ဆက်နွှယ် လျက်ရှိသည်။
(အေအက်ဖ်ပီ)

















