ရုရှားနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်က ဒေါ်လာတစ်ဘီလျံ ဖိုးရှိ လက်နက်များဝယ်ယူရန် စာချုပ်ချုပ်ဆိုနိုင်ခဲ့

ရုရှားနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်က ဒေါ်လာတစ်ဘီလျံ ဖိုးရှိ လက်နက်များဝယ်ယူရန် စာချုပ်ချုပ်ဆိုနိုင်ခဲ့

ရုရှားသမ္မတ- ဗလာဒီမာပူတင်သည် ဒေါ်လာတစ်ဘီလျံတန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများ စာချုပ်
ချုပ်ဆို လက်မှတ်ထိုးရန်ပါ၀င်သည့် ဆွေးနွေးပွဲအတွက် ဇန်နဝါရီလ ၁၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ်
၀န်ကြီးချုပ်နှင့် တွေ့ဆုံခဲ့သည်။

ယင်းလက်နက်ဝယ်ယူမှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ လွတ်လပ်ရေးရခဲ့သည့် ၁၉၇၁ ခုနှစ်မှစ၍ အကြီး
မားဆုံးပင်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်သည် မကြာမီက ယင်း၏ ကာကွယ်ရေးစွမ်းရည်များ တိုးချဲ့ခဲ့သည်။

ယင်းသည် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် နယ်စပ်အနီးတွင် လေတပ်အခြေစိုက်သစ်တစ်ခုကို တည်
ဆောက်၍ ယင်း၏ရေတပ်အတွက် ဖရီးဂိတ်စစ်သင်္ဘောများကို ၀ယ်ယူ အားဖြည့်ခဲ့သည်။

"ရုရှား လက်နက်ပစ္စည်းတွေနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာတွေ ၀ယ်ယူရာမှာ အသုံးပြုဖို့ ရုရှားနိုင်ငံ
က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒေါ်လာ တစ်ဘီလျံဖိုး အကြွေးရောင်းချမှာပါ" ဟု ရုရှား ခေါင်းဆောင်က
ပြောသည်။

စစ်လက်နက်ပစ္စည်း ၀ယ်ယူရေး သဘောတူညီချက်သည် လက်နက်တပ်ဆင်ထားသော မော်တော်
ယာဉ်များ၊ ခြေလျင်တပ်သုံး လက်နက်များ၊ လေကြောင်းကာကွယ်ရေး စနစ်များနှင့် အမ်အိုင်-၁၇
သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များအတွက် အမှာစာများ ပါ၀င်သည်ဟု ရုရှားအစိုးရ၏
လက်နက်တင်ပို့သည့် အေဂျင်စီနှင့်နီးစပ်သော ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဗဲဒိုမိုစတီ စီးပွားရေး
နေ့စဉ်သတင်းစာကို ပြောသည်။

ဘင်္ဂလားဒေ့ရှ်သည် တင့်ကားများကို တရုတ်နိုင်ငံမှ စောစောပိုင်းကပင်ရရှိ ထားပြီးဖြစ်သဖြင့် ယခု
စာချုပ်တွင် တင့်ကားအမှာစာများ မပါ၀င်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

၎င်းတို့ ၏ ဒေါ်လာသန်း ၅၀၀ ကုန်ကျစရိတ် ကြောင့် ဘင်္ဂလားဒေ့ရှ်သည် အဆင့် မြင့်သော မစ် ၂၉
ဂျက်တိုက်လေယာဉ် ရှစ်စင်း ၀ယ်ယူရန် ယင်း၏ ကနဦး ရည်မှန်းချက်များကို ပယ်ဖျက်ခဲ့သည်။

သီးခြားသဘောတူညီချက် တစ်ခုအရ 'ရူပါး'ဟုခေါ်သောနေရာတွင် ဘင်္ဂလား ဒေ့ရှ်၏ ပထမဆုံး
နျူကလီးယားစွမ်းအင် စက်ရုံတည်ဆောက်ရန် ရုရှားက ဒေါ်လာသန်း ၅၀၀ ငွေကြေးကို လွှဲပြောင်း
ပေးခဲ့သည်။

စီမံကိန်း၏ ပထမဦးဆုံးကဏ္ဍ ပြီးဆုံးပြီးနောက် ရုရှားက ဆောက်လုပ်ရန်အတွက် ငွေကြေးဆက်
လက်ပံ့ပိုးရန် သဘောတူညီချက်နှင့်အညီ စီမံချက်အရ ရုရှား နျူကလီးယားဓာတ်ပေါင်းဖို နှစ်ခု
သည် ဒေါ်လာ လေးဘီလျံ ကုန်ကျမည်ဟု မျှော်မှန်းခဲ့သည်။

ဘင်္ဂလားဒေ့ရှ်စစ်တပ်အတွက် ဤသို့ အမြောက်အမြားသုံးစွဲခြင်းသည် ကမ်းလွန် သဘာဝဓာတ်ငွေ့
သိုက်များ မကြာမီက တွေ့ရှိပြီးနောက်ပိုင်းပြုလုပ် ခြင်းဖြစ်သည်။

(အေအက်ဖ်ပီ)