ခုနစ်နှစ်အရွယ်ကျောင်းသူ တစ်ဦး အဓမ္မပြုကျင့်ခံရပြန်

ခုနစ်နှစ်အရွယ်ကျောင်းသူ တစ်ဦး အဓမ္မပြုကျင့်ခံရပြန်

ဗာစကိုဒဂါးမား - ကျောင်းအိမ်သာ တစ်ခုတွင် အသက်ခုနစ်နှစ်အရွယ် ကျောင်းသူလေးတစ်ဦး
အဓမ္မပြုကျင့်ခံရပြီးနောက် အိန္ဒိယနိုင်ငံ၏ အပန်းဖြေကမ်းခြေပြည်နယ်တွင် ဇန်နဝါရီလ ၁၅ ရက်နေ့
က လူထောင် ပေါင်းများစွာ ဆန္ဒပြခဲ့ကြသည်။

ကလေးငယ်၏ သတင်းကိုကြားရ ပြီးနောက် ဇန်နဝါရီလ ၁၄ ရက်နေ့ ညမှစ၍ လူစုကြီးသည်
ဗာစကိုဒဂါးမားမြို့ရှိ ဗီဟာအထက်တန်းကျောင်း ပြင်ပ၌ စုဝေးရောက်ရှိလာကြသလိုပင် ရဲများက
လည်း ကျောင်းအုပ်ဆရာမကြီးအား ပေါ့ဆမှုဖြင့် ဖမ်းဆီးခဲ့ကြရကာ လူထုကိုဖျောင်းဖျခဲ့ရသည်။

ကျောင်းဝင်းဂိတ်တံခါးတွင် လုံခြံုရေး အစောင့်များ ချထားသည့်ကြားမှပင် ၀င်ရောက်လာသည့်
တရားခံသည် အသက် ၂၀ စွန်းစွန်း ရှိမည်ဟုယူဆ ထားကြပြီး လူအင်အားဖြင့် လိုက်လံရှာဖွေ
လျက်ရှိသည်။

ယင်းကလေးငယ်သည် မုန့်စားဆင်းချိန်တွင် ကျောင်းအုပ်ဆရာမကြီး၏ ရုံးခန်းနှင့်ကပ်လျက်ရှိသော
အိမ်သာ အတွင်းသို့ တရွတ်တိုက် ဆွဲခေါ်ခြင်း ခံရကာ မတရားပြုကျင့်ခံခဲ့ရခြင်းဖြစ် ကြောင်းသိရ
သည်။

(အေအက်ဖ်ပီ)