ရာပေါင်းများစွာသော ခွေးများကို ထရပ်ကားများ၊ သင်္ဘောများနှင့် နယ်စပ်ကို ဖြတ်ကျာ်ခြင်း၊ မဲခေါင်
မြစ်ကို ဖြတ်ကူးလာခြင်းတို့မှာ မြင်နေကျ မြင်ကွင်းတစ်ခု ဖြစ်သည်။
၎င်းတို့သည် လာအိုနိုင်ငံကို ဖြတ်၍ ဗီယက်နမ်ရှိခွေးသားစားသောက်ဆိုင်များ၊ ခွေးသားရောင်းဈေး
များထံသို့ ထိုင်းနိုင်ငံမှ လာကြခြင်းဖြစ်သည်။
သို့သော် ထိုင်းနိုင်ငံရှိ အများပြည်သူ ကဏ္ဍနှင့် တိရစ္ဆာန်အခွင့်အရေး ထိန်းသိမ်း ရေးအဖွဲ့များက
မကြာမီတွင် အမျိုးသား ရေးအစီအစဉ်တစ်ခုအဖြစ် ချမှတ်ပေး နိုင်ရန် တွန်းအားပေးတော့မည်ဖြစ်ရာ
ခွေးများ၏အသက်ကို ကယ်ဆယ်နိုင်ရန် လင်းရောင်ခြည်သန်းလာပြီဖြစ်သည်။
ထိုင်းနိုင်ငံ တော်ဝင်ရေတပ်ပြဇာတ်ရုံတွင် နိုဝင်ဘာလ ၂၃ ရက်နေ့က ကျင်းပသော ထိုင်းနိုင်ငံမှ
ခွေးသားနှင့် အရေခွံကုန်သွယ်မှုကို အဆုံးသတ်ရေး နှီးနှောဖလှယ်ပွဲမှ ပါ၀င်တက်ရောက်သူများ
သည် ထိုင်းဝန်ကြီးချုပ်ထံ အမျိုးသား အစီအစဉ်တစ်ရပ်ချမှတ်ပေးရန် တောင်းဆိုရန် သဘောတူညီ
ခဲ့ကြသည်။
ထို့ပြင် ထိုင်းပြည်သူများကြား တာဝန်သိတတ်မှုနှင့် လူမှုရေးအသိစိတ် ပညာပေးမှုများ ပြုလုပ်သွား
ရန်လည်း တောင်းဆိုမည်ဟု သိရသည်။
ပါ၀င်ဆင်နွှဲသူများတွင် ထိုင်း တော်ဝင် ရေတပ်၊ ခွေးထိန်းသိမ်းရေးရဲများ၊ ယဉ်ကျေးမှုဝန်ကြီးဌာန
လူမှုရေးဖွံ့ဖြိုး တိုးတက်ရေးနှင့် လူသားများလုံခြံုမှု ရရှိရေးဝန်ကြီးဌာန၊ အများပြည်သူ ကျန်းမာရေး
၀န်ကြီးဌာန၊ မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးဌာနနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးဌာနများမှကိုယ်စား
လှယ်များပါ၀င်ကြောင်း သိရသည်။
တိရစ္ဆာန်များ ကောင်းကျိုးမြှင့်တင် ရေးအဖွဲ့ တော်ဝင်မင်းသမီး ဘာရက်ကီ တီရာဘာ၏ အခွင့်
အာဏာ ပေးအပ်ခံရသော ခွေးများအား ခင်မင်မြတ်နိုးသူ ကွန်ရက်အဖွဲ့၊ ထိုင်းနိုင်ငံ တိရစ္ဆာန်
ဆေးကုသရေးအသင်း၊ ထိုင်းအိမ်မွေး တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့၊ ထိုင်း တိရစ္ဆာန်များကို ညှဉ်းပန်း
မှုတားဆီးရေး အဖွဲ့၊ ကမ္ဘာ့တိရစ္ဆာန်ကာကွယ်စောင့် ရှောက်ရေးအဖွဲ့၊ အရေးပေါ်ကယ်ဆယ် ရေး
အဖွဲ့များမှ ကိုယ်စားလှယ်များလည်း ပါ၀င်သည်ဟု သိရသည်။
၂၀၁၁ ခုနှစ်၊ ဩဂုတ်လမှ ၂၀၁၂ ခုနှစ်၊ ဩဂုတ်လထိ ခွေး ၉,၀၀၀ ခန့်ကို ကယ်ဆယ်နိုင်ခဲ့သော်
လည်း ခွေးမှောင်ခို ဂိုဏ်းများက ထိုင်းနိုင်ငံမှ တစ်လလျှင် ခွေးအကောင် ၃၀,၀၀၀ ခန့် ခိုးထုတ်
နေမှုနှင့် နှိုင်းယှဉ်လျှင် အားနည်းနေဆဲ ဖြစ်သည်ဟု သိရသည်။
နှစ်စဉ် ကမ္ဘာပေါ်တွင် ခွေးကောင်ရေ ၁၆ သန်းခန့်ကို သားသတ်ကာ အစားအသောက်အဖြစ် တချို့
သောနိုင်ငံများတွင် စားသုံးကြသည်ဟု သိရသည်။
ဗီယက်နမ်နိုင်ငံတွင်မူ လစဉ်လကွယ် နေ့များ၌ ခွေးသားများကိုစားသုံးခြင်းသည် ကံကောင်းစေသည်
ဟူသော အယူ ဖြင့် စားသုံးကြသည်ဟုသိရသည်။
ထို့ပြင် ခွေးသားမှာ ဒေသဆိုင်ရာ စားဖွယ်မွန် တစ်ခုလည်း ဖြစ်သည်ဟု သိရသည်။
ကမ္ဘာပေါ်တွင် ခွေးသားစားသုံးမှု အများပြားဆုံး နိုင်ငံများမှာ တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်၊
အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ထိုင်းနိုင်ငံ အစဉ်လိုက်ဖြစ်သည်။
ထိုင်းနိုင်ငံတွင် ခွေးသားစားသုံးမှုကို အများစုက လက်မခံကြသော်လည်း ခွေးသား ကုန်သွယ်ရေး
ဈေးကွက် အကြီးမားဆုံး ဖြစ်သည်ဟု သိရသည်။
ခွေးသားသည် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများ မစားသင့်ဟုဆိုထားသော တိရစ္ဆာန်အသား ၁၀ မျိုး
တွင် တစ်ခု အပါအဝင်ဖြစ်သည်။
ခွေးသားကို အရသာရှိ၍ စားသုံးကြသူများရှိသကဲ့သို့ ဆောင်းရာသီတွင် ခန္ဓာကိုယ်ကို နွေးစေသည်
ဟု ယုံကြည်၍ စားသုံးသူများလည်းရှိကြသည်။
တချို့ကမူ ကံကောင်းစေသည်ဟု ယူဆ၍ စားသုံးကြသည်။
ခွေးသည် ခန္ဓာကိုယ်တစ်ခုလုံး အသုံးဝင်သည်ဟု စားသုံးသည့်နိုင်ငံများ က ဆိုကြသည်။ အသားကို
အစားအစာ၊ အဆီကို ဆီအဖြစ်၊ အရေပြားကို ဗုံများ သားရေကြက်ခြင်းနှင့် အရိုးကို မြေဩဇာအဖြစ်
သုံးကြသည်။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သည် ခွေးသားစားသုံးမှုကို ကြွားဝါမှုအများဆုံး ဖြစ်သည်။
ဗီယက်နမ်နိုင်ငံ၏ တခြားမြို့များထက်စာလျှင် ဟနွိုင်းတွင် ခွေးသား စားသောက်ဆိုင်များ၊ နိုင်ငံ၏
အကြီးမားဆုံး ခွေးသားရောင်းချရေးဈေးကွက်များရှိသည်။
ယင်းခွေးသားများကို ဗီယက်နမ် ခွေးမွေးမြူရေးလုပ်ငန်းများမှ လုံလောက်စွာ မထောက်ပံ့နိုင်၍
ထိုင်းနိုင်ငံမှ တင်သွင်းကြသည်ဟု သိရသည်။
၂၀၀၃ ခုနှစ်မှစ၍ ထိုင်းနိုင်ငံတွင် ရောဂါဘယထိန်းချုပ်ရေးနှင့် တိရစ္ဆာန် ဆေးကုသရေးဝန်ဆောင်မှု
ဆိုင်ရာ ဗျူရို က ခွေးကောင်ရေငါးကောင်ထက် ပိုမို ရောင်းချလျှင် လိုင်စင်ယူရမည်ဟု အမိန့်ထုတ်
ပြန်ခဲ့သည်။
ဤနည်းဖြင့် ခွေးသားရောင်းဝယ်မှုသည် တရားမဝင် မှောင်ခိုလုပ်ငန်း ဖြစ်လာခဲ့သည်။
ထိုသို့ ဥပဒေအချို့ရှိသော်လည်း အဂတိလိုက်စားမှု အများအပြားရှိသော ထိုင်းနိုင်ငံတွင် ခွေးမှောင်
ခိုမှုကို ထိရောက်စွာအရေးယူနိုင်ရန် ခဲယဉ်း နေပါသေးသည်။
ထိုင်းနိုင်ငံရှိ ခွေးသား မှောင်ခိုဂိုဏ်းများမှာ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံပူးတွဲနိုင်ငံသား ခံယူ
ထားသော ဗီယက်နမ်လူမျိုးများ အများအပြားဖြစ်ကြသည်။
ထို့ကြောင့် ခွေးသား မှောင်ခိုရောင်းချမှုကို တိုက်ဖျက်ပါက နိုင်ငံအမျိုးသားလုံခြံုရေးကိုပါ ထိခိုက်စေ
နိုင်မည့် အန္တရာယ်လည်းရှိနေပါသည်။ ထို့ပြင် ထိုင်းနိုင်ငံရှိ ခွေးသားမှောင်ခို သူများကလည်း ၎င်းတို့
အား အလုပ် အကိုင်သစ်များ ရှာဖွေပေးရန်၊ ဤ တားမြစ်ဥပဒေကြောင့် ၎င်းတို့အသက် မွေးရန်
အခက်အခဲရှိနေသည်ဟု ဆန္ဒပြသမှုများလည်းရှိခဲ့သည်။
လက်ရှိအချိန်တွင် ခွေးမှောင်ခိုအရေး ကိစ္စအတွက် သီးခြားထိရောက်သော ဥပဒေများမရှိသေးပေ။
ခွေးမှောင်ခို ကိစ္စနှင့် အဖမ်းခံရသူအများစုမှာ တိရစ္ဆာန်မှ ကူးစက်ရောဂါထိန်းချုပ်ရေး ဥပဒေ၊ ခွေးရူး
ရောဂါကာကွယ်ဆေးကို ခွေးများအား မတိုက်ကျွေးထားဟူသော ဥပဒေချိုးဖောက်မှုနှင့် တိရစ္ဆာန်
များအား ညှဉ်းပန်းမှုဥပဒေများကိုသာ ရင်ဆိုင်ရသည်က များသည်။
(ဘန်ကောက်ပို့စ်)

















