တာရာဘာ့စ်(ဖိလစ်ပိုင်)- ရုရှား ဗော့ဒ်ဂါအရက်နှင့်တူသည့် အုန်းရည် အရက်ချက်ရန် ဖိလစ်ပိုင်
အုန်းခြံများတွင် အရက်ချက်သူများသည် ကြီးမားသည့် ကြေးနီစည်များနှင့် မီးလင်းဖိုကြီးများကို
သားစဉ်မြေးဆက် အသုံးပြုခဲ့ကြသည်။
တစ်ချိန်က လယ်သမားများ သောက် သုံးသော အောက်တန်းစားအရက်အဖြစ် သတ်မှတ်ခံရသည့်
လန်ဘာနော့ ခေါ် ဖိလစ်ပိုင် တောအရက်သည် ပြင်းအားတွင် အခြားအရက်အားလုံး အရှုံးပေးရ
သည်။
အုန်းရည်မှထုတ်လုပ် သော ထိုအရက်ကို သီရိလင်္ကာနှင့် အင်ဒိုနီးရှားနိုင်ငံတွင်လည်း ချက်လုပ်
သုံးစွဲခဲ့ကြသည်။
"လူတွေက ဒီအရက်ကို ရုရှားဗော့ဒ်ဂါ၊ ဒါမှမဟုတ် အင်္ဂလန် ဂျင်တွေနဲ့ နှိုင်းယှဉ် ကြည့်ကြတယ်။
ဒါပေမယ့် လန်ဘာ နော့ရဲ့ ထူးခြားချက်ကတော့ အရက်နာ မကျတာပဲ" ဟု ၆၅ နှစ်အရွယ်ရှိ
အရက်ချက်သူ အစ်ဇဘဲလီတာကာပစ် ထရာနိုက ပြောသည်။
အုန်းသီးအထွက်များသည့် တာယာဘတ်စ်ရှိ မိသားစုပိုင် ကာပစ်ထရာနို အရက်ချက်စက်ရုံသည်
ထိပ်တန်း လန်ဘာနော့ ဖိလစ်ပိုင် အရက်ချက်သူ နှစ်ဦးတွင် တစ်ဦးပင်ဖြစ်သည်။
ယင်းကို နိုင်ငံ၏အကြီးမားဆုံး စူပါမားကက် ဆိုင်ခွဲများတွင် တင်၍ရောင်းချသည်။
"ဒီအရက်က တော်တော်ပြင်းတယ်။ ဂျပန်နဲ့ တောင်ကိုရီးယား ကမ္ဘာလှည့် ခရီးသည်တွေ ဒီအရက်
ကို အထူး နှစ်ခြိုက်ကြတယ်။ အမေရိကန်တွေ ကတော့ ဒါဟာ သိပ်ပြင်းလွန်းတယ်။ ဒါပေမယ့်
အဝင်ညက်ပြီး အမူးကျတော့ လည်း ယဉ်ယဉ်လေးရယ်ပြောတယ်" ဟု အထက်တန်းကျောင်းဆရာ
ဟောင်း က ပြောသည်။
ယင်းကို သောက်သုံးရန်မူ စိန်ခေါ်မှု တစ်ရပ်ပင်ဖြစ်သည်။ အလွန်တစ်ရာ စွန့်စားမှုလုပ်ငန်းရပ်ဖြစ်၍
အရက် ထုတ်လုပ်ရန်အတွက် အချဉ်ဖောက်ရန် အမြှုပ်တစီစီထနေသော အရည်ကို စုဆောင်းရန်
အုန်းပင်များတက်ရာ တွင် အန္တရာယ်အလွန်ကြီးမားသည်။
"လူတွေက အောက်ပြုတ်ကျပြီး သေမယ်၊ ဒါမှမဟုတ် ခြေလက်ကျိုးမယ်"ဟု ယူဂျီနီယိုအင်ဒါယာ
က ပြောသည်။ ၎င်းသည် ဆယ်ကျော်သက်အရွယ်က ပင် သစ်ပင်များကို တက်ခဲ့သူဖြစ်သည်။
"ဒါဟာ အင်မတန်ခက်ခဲတဲ့အလုပ် ပါပဲ။ ကျွန်တော်ဆုတောင်းရုံသာရှိပြီး ကျွန်တော့ကံကြမ္မာကို
ဘုရားသခင်မှာပဲ အပ်ပါတယ်"ဟု ၎င်းက တာယာဘတ်စ် ကို သွားရောက်လည်ပတ်သည့် မကြာမီ
က နံနက်စောစောအချိန်တွင် အေအက်ဖ် ပီသို့ပြောသည်။
ထိုအချိန်က တာယာဘတ်စ်သည် မနီလာမှ သုံးနာရီခန့် မောင်းရသော တိတ်ဆိတ်ငြိမ်သက်လျက်
မျက်စိ ပသာဒဖြစ်သော ကျေးလက်ဒေသ မြို့ကလေးတစ်မြို့ပင်ဖြစ်သည်။ အလုပ်သမားများသည်
အသီးများ သို့ မပြောင်းလဲမီ အုန်းပန်းပွင့်များ၏ အကိုင်းအခက်များကို ချိုင်ရန် အကာ အကွယ်ပေး
သည့် လူသိုင်းကြိုးမပါဘဲ သစ်ပင်များပေါ် တက်ကြသည်။
အရည်ကို ၀ါးကျည်တောက်ထည့်စရာ အတွင်းသို့ တစက်စက်ကျစေသည်။ မြေပြင်မှ ကိုးမီတာ
(ပေ ၃၀) အမြင့်တွင် သစ်ပင်များကို ၀ါးလုံးတံတား များဖြင့် ဆက်သွယ်ခြင်းဖြင့် တစ်ပင် နှင့်တစ်ပင်
ကူးနိုင်ကြသည်။
အုန်းပင် တက်သူများသည် ၎င်းတို့၏ခါးတွင် ဓားများချိတ်၍ ၎င်းတို့၏ပခုံးများတွင်လည်း အိတ်များ
ကို တင်းကျပ်စွာ သိုင်းထားသည်။
"အုန်းပင်တက်သူတွေဟာ မွန်းလွဲပိုင်း မှာ သစ်ကိုင်းတွေကို ချိုင်ကြရပြီး အရည်တွေကိုစုဆောင်းပြီး
လင်းကြက် မတွန်မီ ပြန်လာရတယ်"ဟု အသက် ၅၃ နှစ်အရွယ်ရှိ အင်ဒါယာက ပြောသည်။
ရုရှားဗော့ဒ်ဂါနှင့် အလားတူသော အုန်းအရက်ကို ၁၉ ရာစု စောစောပိုင်း ကပင် တာယာဘာဒေသ၌
ချက်လုပ် အသုံးပြုခဲ့ကြကြောင်း ကာပီစထရာနိုက ပြောပြသည်။ စပိန်စစ်သား စတင်ခဲ့သော
'တာယာ ဘာ' အရက်ချက်လုပ်ငန်းကို ယခုအခါ ပြိုင်ဘက် မာလာရီ အရက်ချက်လုပ်ငန်း က
ဆက်လက်လုပ်ကိုင်လျက်ရှိရာ ပိုင်ရှင်များမှာ စပိန်စစ်သား၏ သားစဉ် မြေးဆက်တို့မှ ဆင်းသက်
လာသူများ ဖြစ်ပြီး မူလကနဦး အရက်ချက်နည်း ကိုပင် ဆက်လက်အသုံးပြုနေသဖြင့် အယ်လ်ကို
ဟောပါ၀င်မှု ၄၅ ရာခိုင်နှုန်း ရှိသည်။
မာလာရီ အရက်လုပ်ငန်းက ထိုအုန်းအရက်ကို ပြည်ပတင်ပို့ ရောင်းချနိုင်ရန် ဦးဆောင်ကြိုးပမ်းလျက်
ရှိသည်ဟု ကာပီစထရာနိုက ပြောသည်။
၂၀၀၁ ခုနှစ်က အစိုးရသည် ဤ လမ်ဘာနော့ အုန်းအရက်ကို ပြည်ပ တင်ပို့နိုင်ရန်စီစဉ်၍ မာလာရီ၊
ကာပီစထရာနိုနှင့် အခြား လမ်ဘာနော့ လုပ်ငန်းရှင်ငယ် ၁၄ ဦးတို့ကို ချဉ်းကပ် လုပ်ဆောင်ခဲ့သည်။
အစိုးရက ထုပ်ပိုးမှုနှင့် ခေတ်မီ ပုလင်းသွင်းလုပ်ငန်းတို့ဖြင့် ထောက်ပံ့ ကူညီခဲ့ပြီး နိုင်ငံခြားမှဝယ်ယူ
မည့် သူများအတွက် အမြည်းအစမ်းခရီး လာရောက်နိုင်ရန် စီစဉ်ပေးခဲ့သည်။
ယခုအခါ လမ်ဘာနော့အရက်သည် ဩစတြေးလျ၊ ဂျပန်နှင့် မကာအို ဈေးကွက်များကို တဖြည်း
ဖြည်း ထိုးဖောက်နိုင် ခဲ့ပြီဟု ကုန်သွယ်ရေးဌာနက ပြောသော်လည်း တရားဝင် ကိန်းဂဏန်းအချက်
အလက်များတော့မရခဲ့ပေ။
ဖိလစ်ပိုင် အုန်းအရက်ချက်လုပ်ငန်းသည် သီရိလင်္ကာမှ ယှဉ်ပြိုင်မှုနှင့် ရင်ဆိုင်နေရသည်။
သီရိလင်္ကာနိုင်ငံမှ အကောင်းစား ထိပ်တန်းအုန်းအရက် များကို ဂျပန်၊ တောင်ကိုရီးယားနှင့် မော်လ်
ဒိုက်နိုင်ငံများသို့ ဦးစားပေး တင်ပို့လျက်ရှိသည်။
(အေအက်ဖ်ပီ)

















