နှစ် ၄,၀၀၀ ကျော်က အိန္ဒိယသားအချို့ ဩစတြေးလျတွင်နေထိုင်ခဲ့

နှစ် ၄,၀၀၀ ကျော်က အိန္ဒိယသားအချို့ ဩစတြေးလျတွင်နေထိုင်ခဲ့

ဆစ်ဒ်နီ- လွန်ခဲ့သောနှစ်ပေါင်း ၄,၀၀၀ လောက်က အိန္ဒိယတိုက်ငယ်မှ လူများသည် တောခွေးများ
ကို ၎င်းတို့နှင့်အတူ သယ်ဆောင်ကာ ဩစတြေးလျတိုက်သို့ ပြောင်းရွှေ့သွားပြီး ဒေသခံ
'အဘိုရီဂျီနီ' တိုင်းရင်းသားတို့နှင့် ရောနှောနေထိုင်ခဲ့ ကြကြောင်း လေ့လာမှုတစ်ခုကဆိုသည်။

ဩစတြေးလျတိုက်သည် ဥရောပတိုက်သားတွေ ရောက်လာကြသော ၁၇၀၀ ပြည့်လွန်နှစ် ကုန်ဆုံး
ချိန် တိုင်အောင်အခြားလူများနှင့် သီးခြား ကင်းကွာလျက်ရှိနေခဲ့သည်။

ဂျာမနီနိုင်ငံ လိုက်ပ်ဇစ်မြို့ရှိ ဆင့်ကဲ ဖြစ်စဉ် မနုဿဗေဒဆိုင်ရာ ြထေ ဏူညေခူု တက္ကသိုလ်မှ
သုတေသနပညာရှင်များက လွန်ခဲ့သော နှစ် ၄,၀၀၀ ခန့်က ဩစတြေး လျနှင့် အိန္ဒိယလူမျိုးများ
ကြား မျိုးရိုးဗီဇ ကူးသန်းသွားလာမှု အထောက်အထား များစွာရှိကြောင်း ဖော်ပြခဲ့သည်။

၎င်းတို့က ဩစတြေးလျ အဘိုရီဂျီနီ များ၊ နယူးဂီနီလူမျိုးများ၊ အရှေ့တောင် အာရှသားများနှင့်
အိန္ဒိယသားများ၏ Genome များ ကွဲပြားသွားမှုကို လေ့လာခဲ့ကြသည်။

ဩစတြေးလျတွင် ဥရောပတိုက်သားတို့ ခြေမချမီ အတိတ်ကာလအတီတေ ကပင် အိန္ဒိယတိုက်
ငယ်မှ လူသားတို့ သည် ဩစတြေးလျသို့ ရွှေ့ပြောင်းသွား ရောက်ကာ ဩစတြေးလျတိုင်းရင်းသား
အဘိုရီဂျီနီတို့နှင့် ရောနှောနေထိုင် ခဲ့ကြသည်ဟု ယင်း လေ့လာချက်က ဆိုသည်။

ရှေးဟောင်းသုတေသနမှတ်တမ်း ၌ အပင်များကို ကိုင်တွယ်လုပ်ဆောင်ပုံ နှင့် ကျောက်လက်နက်
နည်းပညာများ ရုတ်တရက် ပြောင်းလဲမှုနှင့် ကျောက်ဖြစ် ရုပ်ကြွင်းတွင် တောခွေးအရိုးရုပ်ကြွင်းများ
စတင်တွေ့ရှိရခြင်းဖြစ်သည်။

ဩစတြးလျ၊ နယူးဂီနီနှင့် ဖိလစ်ပိုင် မာမန်ဝါလူမျိုးစုတို့သည် မူလလူမျိုး တစ်စုတည်းမှ ဆင်းသက်
လာကြသူများ ဖြစ်ပြီး လွန်ခဲ့သောနှစ်ပေါင်း ၄၀,၀၀၀ ကျော်ကစ၍ အာဖရိကမှ တောင်ဘက်လမ်း
ကြောင်းအတိုင်း ပြောင်းရွှေ့လာခဲ့ ကြသူများဖြစ်ပြီး နှစ် ၃၆,၀၀၀ လောက် တွင်အုပ်စုကွဲသွားခဲ့ကြ
သည်။

(အေအက်ဖ်ပီ)