အယ်လ်ဂျီးရီးယား ဓာတ်ငွေ့စက်ရုံ တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူ

အယ်လ်ဂျီးရီးယား ဓာတ်ငွေ့စက်ရုံ တိုက်ခိုက်မှုကို ကြိုးကိုင်ခဲ့သူ

အယ်လ်ဂျီးရီးယား နိုင်ငံသားတစ်ဦးဖြစ်သူ မွတ်ခ်တာ ဘယ်လ်မွတ်ခ်တာက အယ်လ်ဂျီးရီးယား
နိုင်ငံ အရှေ့ဘက်၌ရှိသော အမ်မီနက်စ် ဓာတ်ငွေ့စက်ရုံကို အကြမ်းဖက်သမားများက
၀င်ရောက် တိုက်ခိုက်ခဲ့မှုတွင် ၎င်းသည် ဦးဆောင်ခဲ့သူ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘယ်လ်မွတ်ခ်တာကို ၁၉၇၂ ခုနှစ်က မွေးဖွားခဲ့ပြီး အယ်လ်ဂျီးရီးယားနိုင်ငံ တောင်ပိုင်းရှိ
သဲကန္တာရ အစွန်အဖျား ဒေသတွင် ကြီးပြင်းခဲ့သူဖြစ်သည်။ ၁၉၉၁ ခုနှစ်တွင် အာဖဂန်
နစ္စတန်နိုင်ငံ သို့ရောက်ရှိခဲ့ပြီး ကွန်မြူနစ်အစိုးရကို တိုက်ခိုက်ခဲ့သည်။

ဂျီဟာ့ဒ်ခေါ် ဘာသာရေးစစ်ပွဲဆင်နွှဲသည့် ၀ါရင့်ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ ဘယ်လ်မွတ်ခ်တာမှာ ၎င်း
ဆယ်ကျော်သက် အရွယ်၌ အာဖဂန်နစ္စတန်နိုင်ငံတွင် တိုက်ခိုက်ရင်း မျက်စိတစ်ဖက်ဆုံးရှုံး
ခဲ့သူဖြစ်သည်။ Mr. Marlboro ဟူသော အမည်ဖြင့် စီးကရက်မှစ၍ ဒုက္ခသည်များအဆုံး
မှောင်ခိုလုပ်ကိုင်ကာ  နာမည်ကျော်ကြားနေသော ဘယ်လ် မွတ်ခ်တာကို ပြင်သစ်အကြမ်းဖက်
တိုက်ဖျက်ရေးအဖွဲ့များက အလိုရှိနေ သည်မှာ ကြာပြီဖြစ်သည်။

ယခုအခါ ၎င်းက  အယ်လ်ကေဒါနှင့် ဆက်စပ်နေသည့် အယ်လ်-မူလာသမင်းန်တပ်မဟာဟု
ခေါ်သည့် အဖွဲ့ တစ်ဖွဲ့ကို ဦးဆောင်လျက်ရှိသည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ၎င်းက
မဟာမိတ်များကို စည်းရုံးသိမ်းသွင်းခဲ့ပြီး အဖွဲ့ငယ်များကိုလည်း နိုင်ငံအနှံ့အပြားတွင် တည်
ထောင်ထားခဲ့သည်။

ဇန်နဝါရီလ ၁၆ ရက်နေ့ အရုဏ် တက်ချိန်တွင် အမ်မီနက်စ်စက်ရုံကို ဘယ်လ်မွတ်ခ်တာ၏
နောက်လိုက်များ တိုက်ခိုက်သိမ်းပိုက်ခြင်းမှာ ယင်းစက်ရုံသည် မကြာသေးမီနှစ်များအတွင်း
က ဘာသာရေးစစ်ပွဲလှုပ်ရှားမှု အမြောက် အမြားပေါ်ပေါက်ခဲ့သော ဒေသအတွင်းတည်ရှိပြီး
ယင်းမှ ကီလိုမီတာ ၅၀ (၃၁ မိုင်) အကွာ၌ရှိသော လစ်ဗျား နယ်စပ်တစ်လျှောက်တွင်
အစိုးရ၏ ဩဇာသက်ရောက်မှု မရှိတော့ခြင်း ကြောင့်လည်းဖြစ်သည်။

အယ်လ်ဂျီးရီးယား အကျဉ်းထောင် များတွင် ဖမ်းဆီးထားသော အယ်လ် ကေဒါအဖွဲ့သား
များကို ပြန်လွှတ်ပေး ရန် ဘယ်လ်မွတ်ခ်တာ အပေးအယူ လုပ်လာနိုင်ကြောင်း AQIM အကြမ်း
ဖက်အဖွဲ့ကို ကာလကြာရှည်စောင့်ကြည့် အကဲခတ်နေသည့် အင်ဒရူးလီ ဗိုဗစ်ကပြောကြား
ခဲ့သည်။ (စီအင်န်အင်န်)