မနီလာ - အစ္စလာမ်စစ်သွေးကြွများ သည် အယ်လ်ဂျီးရီးယားစစ်တပ်များ၏ ရဟတ်ယာဉ်ပေါ်မှ
ပစ်ခတ်မှုများကို ကာကွယ်ရန် ဓားစာခံများအား လူသား တံတိုင်းအဖြစ် အသုံးပြုခဲ့သည်ဟု
လေးရက်ကြာ ကယ်ဆယ်ရေးစစ်ဆင်ရေး တွင် လွတ်မြောက်လာခဲ့သော ဖိလစ်ပိုင်နိုင်ငံသား
အလုပ်သမားတစ်ဦးက ပြောပြသည်။
ကလေးလေးယောက်၏ ဖခင်ဖြစ်သော ဂျိုးဇက်ဘယ်မာစီဒါသည် ဇန်နဝါရီလ ၁၇ ရက်နေ့တွင်
အဆုံးသတ်သွားခဲ့သော ဆာဟာရကန္တာရမှ အာမီနက်စ် သဘာဝဓာတ်ငွေ့စက်ရုံတွင်
အယ်လ်ဂျီးရီးယား ကယ်ဆယ်ရေးစစ်တပ်များနှင့် ယင်းစက်ရုံအား ၀င်ရောက်စီးနင်းကာ စက်ရုံ
အလုပ်သမားများအား ဓားစာခံအဖြစ်ဖမ်းဆီး ခေါ်ဆောင်သွားသော အယ်လ်ကေဒါနှင့် ဆက်
စပ်နေသည့် အစ္စလာမ် စစ်သွေးကြွများနှင့် ထိပ်တိုက်ရင်ဆိုင် တွေ့ဆုံမှုတွင် လွတ်မြောက်လာ
ခဲ့သော ဖိလစ်ပိုင်နိုင်ငံသား အလုပ်သမားတစ်ဦး ဖြစ်သည်။
သူနှင့်အတူ ဖမ်းဆီးခံရသော ဂျပန် ဓားစာခံတစ်ဦးကိုမူ ပေါက်ကွဲပစ္စည်းများနှင့် ချိတ်ဆွဲထား
ပြီး သူနှင့် တခြားသူများကိုမူ ၀ိုင်ယာကြိုးများနှင့် ချည်နှောင်ထားကာ အယ်လ်ဂျီးရီးယား
ကယ်ဆယ်ရေးတပ်များက ရဟတ်ယာဉ်ဖြင့် ၎င်းတို့ကိုပစ် ခတ်သောအခါတိုင်း ၎င်းတို့မှာ
လူသားတံတိုင်းအဖြစ် အသုံးပြုခံရသည်ဟု ဘယ်မာစီဒါက ကယ်ဆယ်ရေးစစ်ဆင် ရေးမှ
လွတ်မြောက်လာအပြီး ဖိလစ်ပိုင်နိုင်ငံကို ပြန်ရောက်ရောက်ချင်း သတင်းထောက်များကို
ပြောကြားခဲ့သည်။
ထရပ်ကားတစ်ခုအတွင်း ဘယ်မာစီဒါ အပါအဝင် ဓားစာခံကိုးဦးကို သယ်ဆောင်လာပြီး
ကားတွင် ချိတ်ဆွဲထားသော ပေါက်ကွဲပစ္စည်းများက ပေါက်ကွဲသွားသောအခါ ဘယ်မာ
စီဒါမှာ အပို တာယာနှစ်ခုကြား၌ ညပ်မိနေ၍ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ ၎င်း ထရပ်
ကားတွင် စီ - ၄ ဖောက်ခွဲရေး ပစ္စည်းများကို စစ်သွေးကြွများက ချိတ် ဆွဲကာ ဓားစာခံ
အဖြစ် ခေါ်လာခြင်း ဖြစ်သည်။
၎င်းတို့ ပါ၀င်သော ထရပ်ကားကို စစ်သွေးကြွနှစ်ဦးက မောင်းနှင်လာကာ ဓာတ်ငွေ့
စက်ရုံ၏ ဗဟိုဌာနသို့ ခေါ်ဆောင်အလာ လမ်းတွင် အယ်လ်ဂျီးရီးယား လုံခြံုရေးတပ်များနှင့်
ထိပ်တိုက်တွေ့ဆုံမှုတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ ထရပ်ကားကို မောင်းနှင်လာသော စစ်သွေး
ကြွနှစ်ဦးနှင့် ကျန်ဓားစာခံ ရှစ်ဦးစလုံး သေဆုံးသွားကာ ၎င်းတစ်ဦးတည်း လွတ်မြောက်လာခဲ့
ခြင်းဖြစ်သည်။
ဘယ်မာစီဒါမှာမူ ပွန်းပဲ့ဒဏ်ရာများ နှင့် တခြားပြန်ပေးသမားများက သူ့ကို ပစ်ခတ်၍ ဦးခေါင်း
ရှပ်ထိကာ အကြား အာရုံထိခိုက်ခဲ့ရသည်ဟု သူကဆိုသည်။ ထို့နောက် သူက အစိုးရတပ်
များရှိ သောနေရာကို မီတာ ၃၀၀ ခန့် တွားသွားကာ ထိုအရောက်တွင် မေ့မြောသွားခဲ့ခြင်း
ဖြစ်သည်။
အယ်လ်ကေဒါနှင့် ဆက်စပ်နေသော ှငါညအေသမငနျ ငည ြူသသိ ဟူသော အဖွဲ့ကယင်း
ဓာတ်ငွေ့စက်ရုံကို တိုက်ခိုက်ရခြင်းမှာ အိမ်နီးချင်းမာလီနိုင်ငံမှ အစ္စလာမ် စစ်သွေးကြွများကို
ပြင်သစ်စစ်တပ်က ကူညီတိုက်ထုတ်ပေးခြင်းကို လက်တု့ံပြန်ခြင်းဖြစ်သည်ဟု ဆိုသည်။
ဘယ်မာစီဒါတို့ ထရပ်ကားပေါက်ကွဲ မှုမှာ လေးရက်ကြာ ကယ်ဆယ်စစ်ဆင်ရေး၏ ဒုတိယ
မြောက်နေ့တွင် ဖြစ်သည်ဟု ၎င်းက ဆိုသည်။ ဖိလစ်ပိုင်အစိုးရ၏ အဆိုအရ ဖိလစ်ပိုင်
လူမျိုးခြောက်ဦး သေဆုံးခဲ့ပြီး လေးဦးပျောက်ဆုံးနေသည်ဟုသိရသည်။
ဘယ်မာစီဒါနှင့် တခြားသော ဖိလစ်ပိုင်ဓားစာခံများကို ပြန်ပေးသမားများက ပြောဆိုရာတွင်
၎င်းတို့သည် ပြင်သစ် နှင့် အမေရိကန်နိုင်ငံသားများကိုသာ အဓိကလက်တုံ့ပြန်ရန် ရည်ရွယ်
သည်ဟုဆိုသည်။ ၎င်းစက်ရုံကို ဗြိတိသျှရေနံ ကုမ္ပဏီ ဏြ က လုပ်ဆောင်နေခြင်း ဖြစ်သည်။
(အေအက်ဖ်ပီ)

















