စထရော့ခန်း အမျိုးသမီးကို လျော်ကြေးပေးခဲ့ရ

စထရော့ခန်း အမျိုးသမီးကို လျော်ကြေးပေးခဲ့ရ

သိက္ခာကျဆင်းသွားခဲ့သော အိုင်အမ် အက်ဖ်အကြီးအကဲဟောင်း ဒိုမီနစ် စထရော့ခန်းသည်
နယူးယော့ခ်ဟိုတယ် အမျိုးသမီးအကူအား ကျေအေးခ ဒေါ်လာ ၁ ဒသမ ၅ သန်း (ယူရို ၁
ဒသမ ၁ သန်း) ပေးလိုက်ရသည်။

အမျိုးသမီးကကျူးလွန်မှုဖြင့် စွပ်စွဲခြင်းဖြစ်သည်ဟု ပြင်သစ်သတင်းစာက ရေးသားသည်။ သူမ
၏ သူ့အပေါ် တရားစွဲဆိုမှု ကျေအေးရန် လျှို့ဝှက်သဘောတူညီမှု ရယူပြီးနောက် နာဖစ်ဆာတူး
ဒီယာလို သည် ယင်းငွေကြေးကို လက်ခံရရှိခဲ့ သည်ဟု စထရော့ခန်းနှင့် နီးစပ်သော ပြောရေး
ဆိုခွင့်များကို ကိုးကား၍ ပြင်သစ် သတင်းဂျာနယ်တွင် ဖော်ပြခဲ့သည်။

သတင်းစာက ဒီယာလိုသည် သူ၏ ရှေ့နေအဖွဲ့ကို ငွေကြေးပေးပြီးနောက် ကျေအေးငွေ၏
၇၀ ရာခိုင်နှုန်းခန့်ကိုယူ၍ ထွက်သွားပြီဟုဆိုသည်။ ကျေအေးခဒေါ်လာငါးသန်းစထရော့ခန်း
ကပေးရန် အဆိုပြုချက် သတင်းနှင့် စာချုပ်ကို လွန်ခဲ့သည့်လက တရားသူကြီးတစ်ဦးက
ကြေညာခဲ့သည်။ (အေအက်ဖ်ပီ)