မြောက်အာဖရိကအရေး 'ကန်'နှင့် မဟာမိတ်များကို စိန်ခေါ်

မြောက်အာဖရိကအရေး 'ကန်'နှင့် မဟာမိတ်များကို စိန်ခေါ်

၀ါရှင်တန်- အယ်လ်ဂျီးရီးယားတွင် ဓားစာခံဖမ်းဆီးမှု အကျပ်အတည်းအား သွေးထွက်သံယို
နည်းလမ်းအရ ဖြေရှင်း ခဲ့မှုက အာဖရိကနိုင်ငံမြောက်ဘက် ဒေသတစ်လွှားတွင် ဘေးမသီရန်မခ
ဘဲ ၀င်ရောက်ခိုလှုံလျက်ရှိကြသော အကြမ်းဖက်မှုအုပ်စုဝင် ကလာပ်စည်းတပ်ဖွဲ့ များအား
ရင်ဆိုင်ရေးနှင့်ပတ်သက်၍ အမေရိကန်နှင့် ၎င်း၏မဟာမိတ်နိုင်ငံ များ ရင်ဆိုင်ရမည့် ပိုမို
ကျယ်ပြန့်သော စိန်ခေါ်မှုများကို မြင်ကွင်းထက်သို့ ကွင်းကွင်းကွက်ကွက် ရောက်ရှိလာစေ
ခဲ့ပေသည်။

အမေရိကန်ပြည်ထောင်စုနှင့် ပြင်သစ်နိုင်ငံတို့သည် အစ္စလမ္မစ် စစ်သွေးကြွများအား မာလီနိုင်ငံ
မြောက်ပိုင်းဒေသမှ ဖယ်ရှားပစ်ရန် နိုင်ငံတကာ၏ ကြိုးပမ်းမှုကို အယ်လ်ဂျီးရီး ယားနိုင်ငံ၏
ကူညီထောက်ခံမှုရရှိရန် နားချပြောကြားခဲ့သည်မှာ လပေါင်း များစွာကြာမြင့်ခဲ့ပြီဖြစ်သည်။

သို့သော် မာလီအစိုးရက ပြင်သစ်နိုင်ငံအား စစ်ရေးအရ ၀င်ရောက်စွက်ဖက်မှုပြုရန် အကူအညီ
တောင်းခံမှု ဖြစ်ပေါ်စေခဲ့သော အဆိုပါ စစ်သွေး ကြွများ၏ တောင်ပိုင်းသို့ တိုးချဲ့ဝင် ရောက်လာ
မှုနှင့် မာလီမြောက်ပိုင်း ဆာဟာရာဒေသရှိ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေးစက်ရုံ
ကွန်ပလက်စ်များ တွင် ပြန်ပေးဆွဲမှုတို့သည် အမေရိကန် ပြည်ထောင်စုအား အငိုက်မိစေခဲ့ပြီး
အိမ်ဖြူတော်က အဆိုပါဒေသများတွင် အကြမ်းဖက်မှုများအား ရင်ဆိုင်တိုက် ခိုက်ရန် သန္နိဋ္ဌာန်
ချမှုအသစ်များကို ရုတ်ခြည်းဖြစ်ပေါ်စေခဲ့သည်။

အဆိုပါ စစ်သွေးကြွများအား ရင်ဆိုင် တိုက်ခိုက်ရာတွင် အနောက်တိုင်းနိုင်ငံ များသည် နိုင်ငံ
အများအပြားမှ စစ်သွေးကြွများပါ၀င်ပြီး ၀င်ရောက်ရန်လွယ်ကူ သည့် ၀င်ပေါက်လမ်းအများ
အပြား ရှိသော အာဖရိကနယ်နိမိတ်ဒေသအား လွယ်လင့်တကူဖြတ်ကူး လှုပ်ရှားလျက်
ရှိသော စစ်သွေးကြွများနှင့် ရင်ဆိုင် ကြရဖွယ်ရှိသည်။ ၎င်းပြင် အဆိုပါ အကြမ်းဖက်ကလာပ်
စည်း တပ်ဖွဲ့များ သည် ရွေးချယ်တိုက်ခိုက်ချင်စဖွယ် ကောင်းလှသည့် အောက်ပါပစ်မှတ်
အများအပြားမှ ရွေးချယ်တိုက်ခိုက်နိုင် ကြမည်ဖြစ်သည်။

အဆိုပါဒေသကြီး တစ်ခုလုံးသည် အနောက်တိုင်းနိုင်ငံ များ၏ အကျိုးအမြတ်နှင့် အတိအလင်း
ဆက်စပ်မှုရှိပြီး အချို့မှာကာကွယ်စောင့်ရှောက်မှု မဆိုစလောက်သာရှိသော နိုင်ငံတကာ
စွန့်စားရှာဖွေရေးကုမ္ပဏီ ကြီးများ၏ ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် ယူရေနီယံ ထုတ်လုပ်တူး
ဖော်ရေး လုပ်ငန်းများနှင့် ပြည့်နှက်လျက်ရှိပေသည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့ဘက်မှ မြောက်အာဖရိကသို့ တိုက်ခိုက်ရေး
တပ်များ ပို့လွှတ်ခြင်း မပြုရန် သန္နိဋ္ဌာန်ချထားပြီး ပြင်သစ် နိုင်ငံကလည်း မာလီနိုင်ငံသို့ စမိလျှင်
ဆုံးနိုင်ခဲသော စစ်တပ်ပို့လွှတ် ကာကွယ်မှုများမပြုလုပ်ရန် မျှော်လင့်ထားပေရာ အနောက်တိုင်း
နိုင်ငံများသည် ဒေသတွင်းအစိုးရတပ်ဖွဲ့များအပေါ်တွင်သာ ကြီးမားစွာ အားကိုးအားထားမှုပြု
ရန်မှ တစ်ပါး တခြားနည်းလမ်းများ ရွေးချယ်ရန်မရှိသော အခြေအနေနှင့် ရင်ဆိုင် ရလျက်ရှိ
သည့်ပြင် အဆိုပါနိုင်ငံ အစိုးရများသည် ပြင်ပနိုင်ငံများကပေးသော အကြံဉာဏ်များကို
လက်ခံကျင့်သုံးလေ့ ရှိသော နိုင်ငံများမဟုတ်ပေ။

ယခင် ပင်တဂွန်၏ အကြမ်းဖက်မှုကို တန်ပြန် ဆန့်ကျင်တိုက်ခိုက်ရေး အရာရှိဟောင်း ရူဒေါ့ဖ်
အာတဲလားက မော်ရိုကို၊ တူနီးရှားနှင့် အယ်လ်ဂျီးရီး ယားဒေသများပါ၀င်သည့် အစ္စလာမ်
ဘာသာဝင်များ၏ Maghreb ခေါ် အာဖရိကအနောက်မြောက် ဒေသကြီး မှ အယ်လ်ကေဒါ
ကွန်ရက်သည် ၎င်းတို့ဒေသ၏ နယ်နိမိတ်များကို ဖြတ်ကျော် ၍ တစ်စတစ်စဖြင့် အယ်လ်
ကေဒါ ဂိုဏ်းခွဲများ တည်ထောင်ခဲ့ကြကြောင်း မှတ်တမ်းတင် ပြောကြားခဲ့ဖူးလေသည်။

၎င်းက အဆိုပါ အယ်လ်ကေဒါတို့၏ ကွန်ရက်ကိုဖြိုခွင်းရန် အမေရိကန် ပြည်ထောင်စုနှင့် ၎င်း
၏မဟာမိတ် အာဖရိကနှင့် ဥရောပနိုင်ငံကြီးများ ဘက်မှ အသေအချာ စနစ်တကျ တွေးခေါ်
ချမှတ်ထားသည့် ဒေသဆိုင်ရာ မဟာဗျူဟာတစ်ရပ် လိုအပ်မည်ဖြစ် ကြောင်းလည်း
ပြောကြားခဲ့သည်။

ယင်း မဟာဗျူဟာအတွင်း၌ ပါ၀င် သည့် နိုင်ငံများ၏ အခြေအနေအရပ် ရပ်အရ အဆိုပါ မဟာ
ဗျူဟာအား  အကောင်အထည်ဖော်ရန် လွယ်ကူဖွယ်မရှိပေ။ အယ်လ်ဂျီးရီးယားတွင် အဖွဲ့
အစည်း အားကိုးဖြင့် အနိုင်ကျင့် လုပ်ဆောင်တတ်သော်ငြားလည်း အရည်အချင်းပြည့်ဝသော
စစ်တပ်ရှိပေသည်။ သို့သော် ၎င်းနိုင်ငံသည် အမေရိကန် ပြည်ထောင်စုနှင့်သော် လည်းကောင်း
ကျယ်ပြန့်စွာ ပူးပေါင်းလုပ်ဆောင်ရန် စိတ်အားထက်သန်ခြင်း မရှိပေ။ လစ်ဗျားနိုင်ငံ၏ အစိုးရ
အဖွဲ့သစ်သည် ပူးတွဲလုပ်ဆောင်လိုပုံ ရသော်ငြားလည်း ၎င်းတို့တွင် အရည်အချင်း မရှိ
သလောက်နည်းပါးသည်။

မာလီနိုင်ငံတွင်မူ စစ်ရေးအရ ကျွမ်းကျင်မှု မရှိသလောက်ဖြစ်သည့်ပြင် ရေရှည်ခံမည့် အဖြေ
တစ်ရပ်ရရှိရန်အတွက် စစ်ဘက်တွင် ၎င်းတို့၏ ပြည်တွင်း နိုင်ငံရေးအခြေအနေကို မျက်ခြည်
မပြတ် ထည့်သွင်းစဉ်းစားရန် လိုအပ်မည် ဖြစ်ပေသည်။  (အေအက်ဖ်ပီ)