ဆိုးလ် - ကိုရီးယားကျွန်းဆွယ်တွင် နျူကလီးယားထုတ်လုပ်မှု လျှော့ချရေး ဆွေးနွေးမှုများ
ပြန်လည်စတင်ခြင်းမရှိ သည့်အချိန်တွင် မြောက်ကိုရီးယားနိုင်ငံ အပေါ် ကုလသမဂ္ဂက
အရေးယူမှု ထပ်မံ လုပ်ဆောင်လိုက်သည်ကို မြောက်ကိုရီး ယားက လက်မခံဘဲ ဇန်နဝါရီလ
၂၃ ရက်နေ့တွင် ပြစ်တင်ပြောဆိုလိုက်ပြီး နျူကလီးယား စမ်းသပ်မှုကို ဆက်လက်
လုပ်ဆောင်မည်ဆိုသော စောင်းပါးရိပ်ခြည် စကားများထွက်ပေါ်လာသည်။
"ကုလသမဂ္ဂ လုံခြံုရေးကောင်စီက မျှတမှုမရှိဘဲ တစ်ဖက်သတ် ဆုံးဖြတ်ထားတဲ့ ဆုံးဖြတ်
ချက်ကို ကျွန်တော်တို့ဘက်က လုံးဝပြတ်ပြတ်သားသား ပယ်ချပါတယ်။ ဒီလိုဆုံးဖြတ်တာဟာ
ကျွန်တော်တို့နိုင်ငံရဲ့ လုပ်ပိုင်ခွင့်ကို သက်သက် နှောင့်ယှက်တာပါပဲ" ဟုမြောက်ကိုရီးယား
နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုရီးယားဗဟိုသတင်း ထုတ်ပြန်ရေးဌာန
(Korean Central News Agency) တွင် တရားဝင်ဖော်ပြထားသည်။
မြောက်ကိုရီးယား၏ ၂၀၀၆ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်များတွင် ပြုလုပ်ခဲ့သော နျူကလီးယား
စမ်းသပ်မှုများပြီးနောက် ထုတ်ပြန်ထားသော စည်းကမ်းများကို ချိုးဖောက်ပြီး ပဲ့ထိန်းဒုံးစမ်းသပ်
မှုအဖြစ် ဟန်ဆောင်ခြင်းသာဖြစ်သည်ဟု ကုလ သမဂ္ဂက ရှုတ်ချပြောဆိုခဲ့သည်။
အခြားနိုင်ငံများအား ဂြိုဟ်တုများ စမ်းသပ်လွှတ်တင်ခွင့်ပြုထားပြီး မြောက် ကိုရီးယားကိုမှ
အပြစ်ပေးခြင်းသည် ဥပဒေအတိုင်း လုပ်ဆောင်သည်ဆိုပါက လိုသူကိုတစ်မျိုး၊ မလိုသူကို
တစ်မျိုးဖြင့် စံနှုန်းနှစ်မျိုး သတ်မှတ်ထားခြင်းလားဟု ၀န်ကြီးဌာနဘက်မှ ထုတ်ပြန်ချက်
တစ်ရပ်တွင်ဆိုထားသည်။ (အေအက်ဖ်ပီ)
















