'ကန်'ဆယ်ကျော်သက် လူငါးဦးပစ်သတ်

'ကန်'ဆယ်ကျော်သက် လူငါးဦးပစ်သတ်

၀ါရှင်တန်- အမေရိကန် အနောက် တောင်ပိုင်းပြည်နယ် နယူးမက္ကဆီကို တွင် ကလေးသုံးဦး
အပါအဝင် လူငါးဦးအား ထိုးစစ်သုံးမောင်းပြန်ရိုင်ဖယ်ဖြင့် ပစ်သတ်မှုဖြင့် ဆယ်ကျော်သက်အရွယ်
လူငယ်တစ်ဦးအား ဇန်နဝါရီလ ၂၀ ရက်က ဖမ်းဆီးထားသည်။

ဇန်နဝါရီလ ၁၉ ရက် ညပိုင်းက အယ်လ်ဘူကတ် စခန်းတစ်ခုသို့ မိမိတို့ ရောက်ရှိစဉ် သေနတ်
ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအပါအဝင် မူလတန်း၊
အလယ်တန်းကျောင်းသားအရွယ် မိန်းကလေးနှစ်ဦး၊ ယောကျ်ားကလေး တစ်ဦးတို့ကို တွေ့ခဲ့
ရကြောင်း ရဲတပ်ဖွဲ့ ၀င်တို့ကဆိုသည်။

ဘနာလီလိုခရိုင် ရဲမှူးရုံးမှ ပြောခွင့်ရ ပုဂ္ဂိုလ် အာရွန်ဝီလျံဆန်၏ အေအက်ဖ် ပီသို့ပြောပြချက်
အရ ရုပ်အလောင်း များကိုတွေ့ရှိသည့်နေရာတွင် တွေ့ရ သည့် လက်နက်အမျိုးမျိုးထဲ၌
ပစ်သတ်ရာတွင် အသုံးပြုခဲ့ဟန်တူသော ထိုးစစ်သုံး မောင်းပြန်ရိုင်ဖယ်သေနတ် တစ်လက်
ကို တွေ့ခဲ့သည်။လူသတ်မှုနှစ်မှု၊ ကလေးများသေသည်အထိ နှိပ်စက်ညှဉ်းပန်းမှု သုံးမှု
ဖြင့် အသက် ၁၇ နှစ်နှင့် ၁၉ နှစ် အရွယ် လူငယ်တစ်ဦးအား မိမိတို့ ဖမ်းဆီးထားသည်ဟု
လည်းဆိုသည်။

ရဲက ထိန်းသိမ်းထားသူနှင့် သေဆုံး သူများ၏ အသက်နှင့် ပုံပန်းသဏ္ဌာန်ကိုသက်ဆိုင်ရာက
ထုတ်ဖော်ကြေညာခြင်း မပြုပေ။ ယခုသတ်ဖြတ်မှုမှာ ယခင်နှစ် ဒီဇင်ဘာလက ကွန်နက်တီး
ကပ်ပြည်နယ် နယူးတောင်းမြို့ ကျောင်းတစ် ကျောင်းအတွင်း ပစ်ခတ်မှုနှင့်ပတ်သက်၍
အမေရိကန်သမ္မတ အိုဘားမား၏ သေနတ်အကြမ်းဖက်မှု ထိန်းချုပ်ရေး ဆိုင်ရာ ကန့်သတ်
ချက်များကြေညာပြီး နောက် ရက်ပိုင်းအကြာတွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။

ဆောင်ရွက်မည့် ကန့်သတ်ချက်များ တွင် ထိုးစစ်သုံးမောင်းပြန်ရိုင်ဖယ် အသုံး ပြုမှု ပိတ်ပင်
ရန်နှင့် သေနတ်ဝယ်ယူသူ များလက်သို့ သေနတ်များရောက်ရှိ သွားစေနိုင်သည့် စည်းကမ်း
ဥပဒေများ ကို ပယ်ဖျက်ရန်တို့ပါ၀င်သည်။

ကွန်နက်တီကပ်ကျောင်း အရေးအခင်းကြောင့် သေနတ်ထိန်းချုပ်ရေး ဦးဆောင်လှုပ်ရှားမှုများ
ကျယ်ပြန့်ခဲ့သော်လည်း လွှတ်တော်တွင် အတိုက်အခံပါတီမှ တင်ပြလာသည့် လက်နက်
ကိုင်ဆောင်ခွင့် ကန့်သတ်ချက်သစ်များကို စဉ်းစားရဖွယ်ရှိနေသည်။ (အေအက်ဖ်ပီ)