အီဂျစ်နိုင်ငံတွင် မီးပုံးပျံပျက်ကျ၊ ခရီးသွား ၁၉ ဦး သေဆုံး

အီဂျစ်နိုင်ငံတွင် မီးပုံးပျံပျက်ကျ၊ ခရီးသွား ၁၉ ဦး သေဆုံး

လပ်ဆာ (အီဂျစ်) -  အီဂျစ် ရှေးဟောင်းမြို့တော် လပ်ဆာတွင်  ဖေဖော်ဝါရီလ၂၆ ရက်
အရုဏ်တက်ချိန်၌ မီးပုံပျံပေါက်ကွဲပြီး မြေပြင်သို့ပြုတ်ကျခဲ့သောကြောင့် အာရှနှင့် ဥရောပ
လူမျိုးများအပါအဝင် ခရီးသွား ဧည့်သည် ၁၉ ဦးသေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်များက
ဆိုသည်။

အဆိုပါမီးပုံးပျံတွင် လူ ၂၁ ဦး ပါ၀င်ပြီး  မီးပုံးပျံအား မီးစွဲလောင်ချိန်တွင် မီတာ ၃၀၀ (ပေ
၁,၀၀၀) အမြင့်တွင် ပျံသန်းခဲ့ ကြောင်း လုံခြံုရေးအရာရှိတစ်ဦးကပြောကြားသည်။မီးပုံးပျံမီး
လောင်ကျွမ်း ပျက်ကျခဲ့သည့် နေရာအား ရဲတပ်ဖွဲ့နှင့် ဒေသခံများတွေ့ ရှိခဲ့ရာ ၎င်းမီးပုံးပျံပျက်
ကျခဲ့ရာ ကြံခင်းနေရာတစ်ဝိုက်ကို လုံခြံုရေးတပ်ဖွဲ့များက  ပိတ်ဆို့ကာရန်ထားခဲ့သည်။ပေါက်
ကွဲခဲ့စဉ်က မီးပုံးပျံသည် အီဂျစ်င်ငံ၏နာမည်ကျော် ရှေးဟောင်းနယ်မြေဖြစ်ရာ Hatshepsut
ဘုရားကျောင်းနှင့် ဘုရင်များထီးနန်းစိုက်ခဲ့ရာအထင်ကရ နေရာများတည်ရှိသော လပ်ဆာမြို့
အနောက်ဘက် ကမ်းခြေတစ်လျှောက် ပျံသန်းလျက်ရှိနေခဲ့သည်။ သေဆုံးသူခရီးသွား ၁၉
ယောက်တွင် ဟောင်ကောင်၊ ဂျပန်၊ ဗြိတိန်၊ ပြင်သစ် နှင့် ဟန်ဂေရီလူမျိုးများ ပါ၀င်သည်ဟု
အီဂျစ်လုံခြံုရေး အရာရှိတစ်ဦးကဆိုပြီး ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်သစ်လူမျိုး
နှစ်ဦး ပါ၀င်ကြောင်းအတည်ပြုပြောကြားခဲ့သည်။

"ဒီဖြစ်ရပ်မှာ ကျွန်တော်တို့ ပြင်သစ်လူမျိုးနှစ်ဦးပါတယ်လို့ သိရတယ်။သေဆုံးသူရဲ့ မိသားစု
တွေဆီကိုကျွန်တော်တို့ အကြောင်းကြားထားပါတယ်"ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ
ပြောရေးဆိုခွင့်ရှိသူဖိလစ်ပီလာလီရော့က ပြောကြားခဲ့သည်။ဗြိတိန် ခရီးသွားကုမ္ပဏီတစ်ခုက
မီးပုံးပျံပျက်ကျမှုတွင် ၎င်းတို့ကုမ္ပဏီမှ ခရီးသွားနှစ်ဦး သေဆုံးသည်ဟုဆိုပြီး ဗြိတိန်နိုင်ငံခြား
ရေးဌာနကမူ သေဆုံးသူအရေအတွက်ကို အတည်ပြု ပြောဆို နိုင်ခြင်းမရှိသေးပေ။ဟောင်
ကောင်မှ ခရီးသွား ၁၅ ဦးတွင် ကိုးဦး သေဆုံးခဲ့သည်ဟု ဟောင်ကောင် ကုမ္ပဏီတစ်ခုက
ဆိုသည်။

Sky Cruise အမည်ရှိ မီးပုံးပျံ ပြုလုပ်သည့်ကုမ္ပဏီမှ ၀န်ထမ်းတစ်ဦးက မီးပုံးပျံမောင်းသူနှင့်
ခရီးသွားတစ်ဦးမှာ မီးပုံးပျံ မြေပေါ်သို့မကျခင် ခုန်ချခဲ့သည့် အတွက် အသက်ဘေးမှ လွတ်
မြောက် ခဲ့သော်လည်းနှစ်ဦးစလုံးကို ဆေးရုံသို့ တင်ပို့ခဲ့ရသည်ဟုဆိုသည်။ မီးပုံးပျံတည်
ဆောက်သူ ကျွမ်းကျင်ပညာရှင် ပြင်သစ်လူမျိုး ဖိလစ်ပ်ဘူရွန် ပီလာထရီဒီရိုဇီရာက မီးပုံးပျံ
အား မီးခြစ်၊ သို့မဟုတ် စီးကရက်တစ်ခုခုဖြင့် မီးပွားစဉ်ပြီး  အပေါက်ဖြစ်သွားခြင်းကြောင့်သာ
ယခုကဲ့သို့ ပေါက်ကွဲခြင်းဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

အခြားဖြစ်နိုင်သည့် အကြောင်းရင်းမှာ မီးပုံးပျံအား ချုပ်လုပ်ရာတွင် အားနည်းချက်များရှိခြင်း
ကြောင့်ဖြစ်နိုင်ပြီး မီးပုံပျံမောင်းသူ၏ ည့ံဖျင်းမှုတို့ကြောင့်ဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။ အီ
ဂျစ်နိုင်ငံတွင် ပျံသန်းသည့် မီးပုံးပျံများသည်  ခရီးသည် ၂၅ ဦး တင်ဆောင်နိုင်ပြီး ယေဘုယျ
အားဖြင့် မီတာ ၄၀ (ပေ၁၃၀) အမြင့်ခန့်ထိပျံသန်းကြသည်ဟု  ၎င်းကဆိုသည်။

(အေအက်ဖ်ပီ)