၀ါရှင်တန် - အမေရိကန် အထက် လွှတ်တော်က ချပ်ဟေဂယ်အား ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်
အပ်ရန် အဆိုကို ဖေဖော်ဝါရီလ ၂၆ ရက်က ထောက်ခံလိုက်သောကြောင့် ယင်းကိစ္စ အပေါ်ကြာမြင့်
စွာ ဝေဖန်ကန့်ကွက်မှု များ ချုပ်ငြိမ်းသွားသည့်ပြင် သမ္မတ အိုဘားမားအတွက် မိမိ၏ ဒုတိယ သက်
တမ်း အစိုးရအဖွဲ့အတွင်း ၀န်ကြီးနေရာဖွဲ့စည်းမှုလုပ်ငန်းလည်း ပိုမို ပြည့်စုံသွားသည်။
၀န်ကြီးဟောင်း လီယွန်ပန်နက်တာ၏နေရာအတွက် ရီပတ်ဘလစ်ကင်အထက်လွှတ်တော်အမတ်
ဟောင်းနှင့် ဗီယက်နမ်စစ်ပြန်တစ်ဦးဖြစ်သူ ဟေဂယ်သည်အတည်ပြုချက်ရရန် ၁၀ ရက်တာမျှခက်
ခက်ခဲခဲ ဆွေးနွေးအပြီး အထက်လွှတ်တော် အမတ်များ၏ ၅၈-၄၁ မဲဖြင့် ထောက်ခံမှု ရရှိခဲ့ခြင်း
ဖြစ်သည်။
ချပ်ဟေဂယ် အနေဖြင့် ပါတီနှစ်ရပ် စလုံး၏ ထောက်ခံမှုရရှိခဲ့ခြင်းကို သမ္မတအိုဘားမားက ကြိုဆို
လိုက်ပြီးနောက် နိုင်ငံအတွက် လိုအပ်နေသည့် ယခုကာကွယ်ရေးဝန်ကြီးမှာ နိုင်ငံတပ်မတော်သား
များနှင့် ထိုက်တန်သူလည်းဖြစ် ကြောင်း ဂုဏ်ပြုစကားပြောကြားသည်။
"ကျွန်တော်တို့ အာဖဂန်စစ်ကို အဆုံးသတ်နေချိန်မှာ ချပ်ရဲ့ဆုံးဖြတ် ချက်နဲ့ အကြံဉာဏ်တွေကို
လည်းကျွန်တော် အလေးအနက်ထား ရယူနေပါ့မယ်။ ကျွန်တော်တို့တပ်တွေကို ဌာနေဆီ ပြန်
ခေါ်ယူပါ့မယ်။ခေတ် ကာလရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေစေရပါမယ်။ ကမ္ဘာ့
အထက်မြက်ဆုံးတိုက်ခိုက်ရေးအင်အားစုဖြစ်အောင်လည်း ကျွန်တော်တို့ စစ်တပ်ကို ဆက်လက်
တည်ထောင်သွားပါ့မယ်"ဟု အိုဘားမားက ကတိပေးသည်။
ဟေဂယ်ကလည်း အထက်လွှတ်တော်က မိမိအားထောက်ခံလိုက်ခင်းအတွက် ကျေးဇူးတင်ကြောင်း
နှင့် လွှတ်တော်တွင်း အပြင်းအထန်ဝေဖန် ပြစ်တင်မှုအားလုံးကို ဘေးဖယ်ထားလို ကြောင်းပြောကြား
သည်။"ကမ္ဘာ့ အင်အားအကောင်းဆုံး စစ်တပ်ရရှိအောင် ကျွန်တော် ဒီနိုင်ငံကြီးကို ဆက်လက် ကာ
ကွယ်သွားပါ့မယ်"ဟုလည်းဆိုသည်။
(အေအက်ဖ်ပီ)

















