ဂျေရုဆလင် - ပါလက်စတိုင်းတို့က အစ္စရေးတို့၏ နှိပ်စက်မှုကြောင့်ဟုဆို သော အကျဉ်းသား
တစ်ဦးသေဆုံးခဲ့ရ ပြီးနောက် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ တွင် အနောက်ဘက်ကမ်းခြေ၌ ကန့်
ကွက်ဆန္ဒပြမှုများနှင့် မငြိမ်မသက်ဖြစ်မှု များကို နှိမ်နင်းရန် ပါလက်စတိုင်း ခေါင်းဆောင်များကို
အစ္စရေးတို့ကတောင်းဆိုလိုက်သည်။
တစ်ချိန်တည်းမှာပင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က အကျဉ်းသား အာရာ ဖတ်ဂျရာဒတ်သေဆုံး
ခဲ့မှုကို ကန့်ကွက်ရန် ပါလက်စတိုင်းအကျဉ်းသား ၄,၀၀၀ ကျော်သည် အစ္စရေးလုံခြံုရေးတပ်များ
နှင့် လမ်းမများပေါ်တွင် ထိပ်တိုက်တွေ့ဆုံ၍ ပဋိပက္ခဖြစ်နေသည့်ကြားမှပင် တစ်နေ့တာ အစာ
ငတ်ခံဆန္ဒပြခဲ့ကြသည်။
ပါလက်စတိုင်း အကျဉ်းသားရေးရာ ၀န်ကြီး အစ်ဆာကာရာကားက အစ္စ ရေး-ပါလက်စတိုင်းပူး
တွဲဆောင်ရွက် သည့် သေမှုသေခင်းအလောင်းစစ် ဆေးချက် ပဏာမတွေ့ရှိချက်များကို ကိုး
ကား၍ အစ္စရေးတို့သည် ဂျရာဒတ်ကိုသေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခဲ့ကြသည်ဟု စွပ်
စွဲပြောဆိုခဲ့သည်။
အစ္စရေးအကျဉ်းထောင် အာဏာပိုင် များကမူ ဂျရာဒတ်သည် နှလုံးဖောက် ၍သေဆုံးသွားခဲ့ပုံ
ရသည်ဟု ကနဦးက ပြောကြားခဲ့သည်။"ဂျရာဒတ်ရဲ့ နှလုံးဟာ ကျန်းကျန်း မာမာရှိနေတယ်လို့
စစ်ဆေးချက်မှာ အတိအလင်းဆိုနေမှတော့ ကျွန်တော်တို့သံသယရှိခဲ့တဲ့အတိုင်းပဲ သူဟာနှိပ်စက်
ခံရလို့သေခဲ့ရတာပါ" ဟု ကာရာကားက ပြောသည်။
တဲလ်အဗစ်မြို့အနီးရှိ အစ္စရေးအမျိုး သား မှုခင်းဆေးပညာဌာန၌ ပါလက်စတိုင်း ဆရာဝန်တစ်ဦး
ရှေ့မှောက်တွင် ဆောင်ရွက်သည့် အလောင်းဆေးစစ် ချက်အရ ဂျရာဒတ်၏ရင်ဘတ်တွင် ပွန်းပဲ့
ဒဏ်ရာများ၊ ကြွက်သားဒဏ်ရာများနှင့်အတူပင် နံရိုးများကျိုးနေကြောင်း တွေ့ရှိခဲ့သည်ဟု ၀န်ကြီး
ကာရာကားက ပြောသည်။
အနောက်ဘက်ကမ်းခြေ တောင်ပိုင်း ဟီဘရွန်မြို့အနီး ှငေမ ဒေသမှ အသက်၃၀ အရွယ် ဂျရာ
ဒတ်သည် ပါလက်စတိုင်းသမ္မတ မာမွတ်အက်ဘတ်စ်၏ ဖာတာလှုပ်ရှားရေး လက်နက်ကိုင်အ
ဖွဲ့ အယ်လ်အကာဆာ အာဇာနည်တပ်ဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်ဟု ပါလက်စတိုင်းတို့က
ဆိုသည်။
အစ္စရေးနှင့် ပါလက်စတိုင်းနှစ်နိုင်ငံ ဆက်ဆံရေးသည် လပေါင်းများစွာ အစာငတ်ခံဆန္ဒပြနေသည့်
အကျဉ်းသားလေးဦးနှင့်အတူ အုပ်စုဖွဲ့၍ စည်းလုံးစွာဆန္ဒပြပွဲများ ပေါ်ပေါက်ခဲ့ခြင်းကြောင့်တင်းမာ
နေခဲ့ပြီးလည်း ဖြစ်သည်။အစာငတ်ခံဆန္ဒပြသူ လေးဦးအနက် သုံးဦးကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့
က ဆေးရုံတင်ခဲ့ရသည်။
(အေအက်ဖ်ပီ)

















