ပါရီ - ဥရောပ၌ ပြသနာတက်လျက်ရှိ သော မြင်းသားကိုအမဲသားဟု လိမ်လည်ရောင်းချနေသည့်
ကုမ္ပဏီများ စာရင်းတွင် ဆွစ်ဇာလန်နိုင်ငံအခြေစိုက် ကမ္ဘာ့အကြီးဆုံး အစားအစာထုတ်လုပ်သည့်
Nestale ကုမ္ပဏီနှင့် ကမ္ဘာ့ထိပ်တန်း အမဲသားထုတ်လုပ်သူ JBS of Brazil တို့ ပါ၀င်လျက်ရှိ
ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့ သတင်းများတွင် ဖော်ပြထားသည်။
ဥရောပအနှံ့ရှိ စူပါမားကက်ခွဲများတွင် မြင်းသားပါ၀င်သည်ဟုထင်ရ သော အမဲသားထုတ်ကုန်
သန်းပေါင်းများစွာကို ဆိုင်ပေါ်မှ ဖယ်ရှားပစ်ရသည်ဆိုသော မကောင်းသတင်းတွင် ယခု ထိပ်တန်း
ကုမ္ပဏီကြီးနှစ်ခု ပါ၀င်လာခဲ့ ခြင်းဖြစ်သည်။
၎င်းတို့ ထုတ်ကုန်များတွင် မြင်း၏ ဒီအင်န်အေအချို့ကို စမ်းသပ် တွေ့ရှိရ ခြင်းကြောင့် Nestle
ကုမ္ပဏီက အီတလီနှင့် စပိန်နိုင်ငံရှိ စူပါမားကတ်ဆိုင်များမှ ရုပ်သိမ်းခဲ့ကြောင်း Nestle ကပြော
သည်။
ဂျာမန်ကုမ္ပဏီ H.J.Schypke မှ အသားနှင့်လုပ်သော ထုတ်ကုန်များ၌ မြင်းသား ဒီအင်န်အေကို
တွေ့ရှိကြောင်း Nestle က တနင်္လာနေ့နောက်ပိုင်းတွင် ထုတ်ပြန်ချက်တစ်ခု၌ဆိုသည်။
ဗြိတိန်နှင့် အိုင်ယာလန်တို့တွင် နိုင်ငံမျိုးစုံ၌အခြေစိုက်သည့် ကုမ္ပဏီကြီးက ရောင်းချသော နည်း
စနစ်ကျကျ ထုတ်လုပ်သည့် အမဲသားထုတ်ကုန်များ အပေါ်စမ်းသပ်ချက်အားလုံးက မြင်းသားမပါရှိ
ကြောင်း အင်္ဂါနေ့က ထုတ်ပြန်ကြေညာချက်တွင် Nestle က ဖော်ပြခဲ့သည်။
"တရားဝင်လက်မှတ်ရ ဖြန့်ချိသူ တွေဆီကနေ ခုတ်ထစ်ပြီးသား ကုန်ကြမ်း တွေကို ကျွန်တော်တို့
၀ယ်ခဲ့တာပါ။ နောင်ဆိုရင် အသားစိမ်းတွေကို မျိုးဗီဇ စစ်ဆေးပြီးမှ ၀ယ်တော့မယ်" ဟု
H.J.Schypke က ပြောသည်။
"တစ်ဖက်သတ် အပြစ်တင်ဖို့ စောလွန်းပါတယ်။ အသင့်စားနိုင်တဲ့ အစားအစာတွေကို စမ်းသပ်
စစ်ဆေးတာ၊ သားသတ်ရုံနဲ့ အစားအစာ ထုတ်လုပ်တဲ့ဌာနတွေကို စစ်ဆေးတာ တွေပြုလုပ်ပြီးမှ
အဓိကတရားခံနဲ့ တွဲဖက် တရားခံတွေကို ဖော်ထုတ်နိုင်မှာပါ" ဟု အာဏာပိုင်များကပြောသည်။
တန်ချိန် ရ၅၀ ရှိ မြင်းသားများကို အမဲသားဟု ပုံမှားရိုက်၍ အစားအစာ အထိတ်တလန့်ဖြစ်စေသည့်
ပြင်သစ် ကုမ္ပဏီ Spanghero သည် နုပ်နုပ်စဉ်းထားသော အသား၊ အသားချောင်းများနှင့် အသင့်
စားနိုင်သော အစားအစာများကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ပြန်လည်သိမ်းယူခဲ့သည်။
ဥရောပနိုင်ငံအနှံ့အပြား ရောင်းချခဲ့ သော ၄ ဒသမ ၅ သန်းရှိ အမဲသား ထုတ်ကုန်များထဲသို့
Spanghero ၏ မြင်းသားများ ရောက်ရှိသွားခဲ့ရာ Spanghero သည် အေးခဲနေသော အသားများ
ကို သိုလှောင်ထားခွင့်မရ တော့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ Spanghero ဌာနချုပ်ကို အာဏာပိုင်များက စီးနင်းဝင်ရောက်ခဲ့ကြောင်း
စုံစမ်းစစ်ဆေးခြင်းနှင့် နီးစပ်သော သတင်းရပ်ဝန်းတစ်ခုက အေအက်ဖ်ပီ သတင်းဌာနကို ပြောသည်။
ဗြိတိန်၊ အိုင်ယာလန်၊ ပြင်သစ်၊ ဩစတြီးယား၊ နော်ဝေ၊ နယ်သာလန်၊ ဂျာမနီ၊ အီတလီ၊ စပိန်၊
ပေါ်တူဂီ၊ ဘယ်လ်ဂျမ်နှင့် ဆလိုဗေးနီးယားနိုင်ငံ တို့တွင်တွေ့ရသော ထုတ်ကုန်များမှ အမဲသား
ဟင်းပွဲများတွင် မြင်းသားပါရှိမှု ယခုအခါ အတည်ပြုခဲ့ပြီးဖြစ်သည်ဟု သိရသည်။
(အေအက်ဖ်ပီ)

















